Channel Myanmar

Paige Evans

Something You Said Last Night (2022) 5.6
Something You Said Last Night (2022) Something You Said Last Night (2022)~ IMDb - 5.6/10, RT - 93%, Meta - 78% ~ဒီကားလေးကတော့ အီတလီမိသားစုဒရာမာကားလေးပါ။ ဆုငါးဆုရထားပြီး ဆန်ခါတင်ဆုကိုးဆု၀င်ထားပါသေးတယ်။ဇာတ်လမ်းကတော့ နွေရာသီအားလပ်ရက် ခရီးထွက်လာတဲ့ မိသားစုတစ်စုအကြောင်းပါ။ ပေါ့ပေါ့ပါးပါးနဲ့ သဘောကောင်းတဲ့ဖခင်ဖြစ်သူရယ်၊ ပွစိပွစိလုပ်တတ်တဲ့ အမေဖြစ်သူရယ်၊ အလုပ်အကိုင်မရှိ‌သေးတဲ့ Transgender အစ်မဖြစ်သူရယ်၊ လမ်းများတတ်တဲ့အငယ်မလေးရယ် အပျော်ခရီးထွက်လာကြပေမဲ့ ပြဿနာမရှိတဲ့မိသားစုဆိုတာ မရှိဘူးဆိုတဲ့စကားနဲ့အညီ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် မိသားစုဒရာမာ‌‌ကားလေးပါပဲ။ဇာတ်ကြောင်းက ပြောပလောက်စရာမရှိပေမဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးချစ်ခင်မှု ရန်စောင်မှု ချောက်ချမှု ၊ မိခင်ဖြစ်သူရဲ့ကရုဏာဒေါသတွေ ပါးစပ်ပူမှုတွေက အရမ်းကိုသဘာ၀ကျပြီး ကိုယ့်မိသားစုကို ပြန်ထိုင်ကြည့်နေသလို ခံစားချက်မျိုးရနိုင်စေတဲ့ကားလေးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 770MB Quality - 1080p, 720p IMDb Rating ...
movie

Something You Said Last Night (2022)

2022
Sorry About the Demon (2023) 4.9
Sorry About the Demon (2023) Sorry About the Demon (2023) =======================သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို ကြည့်နေရင်း တစ်ချိန်တည်းမှာပဲ ပြုံးတုံ့တုံ့အခိုက်အတန့်လေးတွေပါ ခံစားစေရမဲ့ ဇာတ်လမ်းမျိုး လိုက်ရှာ နေတယ်ဆိုရင်တော့ ဒီကားလေးက အသင့်တော်ဆုံးလို့ပဲ ပြောပါရစေ။ နောက်ပြီး အခုမှ လောလောလတ်လတ် ထွက်ရှိထားတာဆိုတော့ ကားအ သစ်မှ ကြည့်ချင်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် အကြိုက်တွေ့စေမှာပါ။ ဆိုးဝါးလှတဲ့ သွားတိုက်ဆေးကုမ္ပဏီတစ်ခုရဲ့ customer service နေရာမှာ အလုပ်လုပ်နေတဲ့ ဝဲလ် ဆိုတဲ့ ကောင်လေးနဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ် ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ အေမီ ဆိုတဲ့ ကောင်မလေးတို့ကတော့ ချစ်သူစုံ တွဲတွေပါ။ဒီလိုနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့ သူတို့နှစ်ယောက် လမ်းခွဲပြတ်စဲ ကြမှုအပြီးမှာတော့ ဝဲလ်တစ်ယောက် နတ်ဆိုးတစ်ကောင်နဲ့ သရဲတွေ ပျော်မြူး နေတဲ့ အိမ်ကြီးတစ်အိမ်မှာ ‌နေထိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ရောက်နေတဲ့ နတ်ဆိုးက ငရဲပြည်ကို ခေါ်သွားလို့ရမဲ့ ဝိညာဉ်တွေကို စုဆောင်း နေတဲ့ တအားကြမ်းတဲ့နတ်ဆိုးတစ်ကောင်ပါ။ ဒီတော့ နတ်ဆိုးတွေ သရဲတွေ ဝိညာဉ်တွေအများကြီးနဲ့ ကခုန်ရမဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ထင်မှတ်မထားတဲ့ အချိုးအကွေ့လေးတွေမှာလည်း ဘဝင်အေးရပါစေလိမ့်မယ်။ ...
movie

Sorry About the Demon (2023)