Channel Myanmar

Palak Lalwani

Partner (2023) 6.2
Partner (2023) Partner 2023 (သို့) ညိုကီမှပျိုမဒီ IMDb - 6.3/10တောင်ပိုင်းမင်းသားချော အာဒီနဲ့ သူမပါရင်တောင်ပိုင်းကားမဟုတ်သလို ဇာတ်ကားတိုင်းမြင်နေရတဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ ထူးခြားဆန်းကြယ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အာဒီက အကြွေးပူနေလို့ ငယ်သူငယ်ချင်း ဘာဘူကြီးရှိရာ ချန်နိုင်းကို ရောက်လာခဲ့ရော။ အဲဒီမှာ အသက်ရှင်ဖို့အရေး ခိုးဝှက်စားသောက်နေကြလေရဲ့။ ရိုးရိုးခိုးတာမဟုတ် ကုမ္ပဏီထောင်ခိုးတာ။ တစ်ရက် အချီကြီးကြံဖို့အရေး သူဌေးကို ဂွင်ကျော်ရိုက်ရာကအစ သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ စမ်းသပ်ခန်းထဲက ချစ်ပ်ပြားလေးတစ်ခုကို ဝင်ခိုးရင်း ဇာတ်လိုက်ကျော်ယိုဂီဘာဘူတစ်ယောက် ဘုန်းကညာတပါး လုံးရာကပြားပြီး မင်းသမီးချောလေး ဟန်စီကာအဖြစ်ပြောင်းသွားပါရောလား။အဲဒီကနေ ဘယ်လိုတွေတိုင်ပတ်ပြီး ပျိုကညာမဒီတပါး ပြားရာကပြန်လုံးဖို့ ကြိုးစားကြပုံကို ဝါးလုံးမကွဲဘဲ ပြုံးဖြဲဖြဲရယ်မောရင်း ကြည့်ရှုအမောဖြေကြစို့လေ။(အညွှန်းနဲ့ဘာသာပြန်သူတွေက Zwe~BpL~V~YH~ToMo~KKKZတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…2.45GB  / 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe~BpL~V~YH~ToMo~KKKZ
movie

Partner (2023)

2023
Thalainagaram (2023)
Thalainagaram (2023) Thalainagaram  (2023)ကြမ်းမှရမ်းမှကြိုက်တဲ့ဘော်ဒါတို့အတွက် လူမိုက်ကြီးသုံးယောက်ဗိုလ်လုပွဲချန်နိုင်းမြို့တစ်ခွင် ဩဇာညောင်းဆိပ်ကမ်းကုန်အဝင်အထွက်ကနေ တရားမဝင် ဒုစရိုက် ငွေဝင်လုပ်ငန်းအကုန် လက်ဝါးကြီးအုပ်ထားသူတွေ ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်ကြပြီး ဘယ်သူနစ်နာသွားလဲဆိုတာတောင် ရဲတွေမလိုက်နိုင်တဲ့ထိ စွမ်းကြတဲ့ဇိုးကြီးသုံးယောက်ဟာ ချန်နိုင်းတစ်ခွင် ဩဇာညောင်းရုံတင်အားမရကြတော့သုံးယောက်စင်ပြိုင်လိုဖြစ်နေကြတာလည်းမကြိုက်တစ်ယောက်နဲ့တစ်ယောက်ဒေါက်ဖြုတ်ဖို့ အကွက်ချောင်းနေကြသူတွေတစ်ချိန်ကဂန်းစတားဖြစ်ခဲ့ဖူးတဲ့သူ ခုချိန်အားလုံးနဲ့ဝေးရာကို နေချင်သူကိုမှ သူတို့သုံးယောက်စစ်ပွဲထဲဆွဲထည့်မိချိန်မှာတော့..... (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Cherry ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.43GB / 1.01GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Cherry ~ Zwe ~ Yunni
movie

Thalainagaram (2023)

2023
Faraaz (2023) 4.6
Faraaz (2023) Faraaz 2022 IMDb 4.6/10 Action/Thrillerဒီဇာတ်ကားဟာ 2016ခုနှစ် ဘင်္ဂလားဒေ့ရှ်က ကော်ဖီဆိုင်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ မတူညီတဲ့ဘဝတွေကို ဖြတ်သန်းနေရတဲ့ လူငယ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တချို့ကတော့ နောင်ရေးအတွက် ပိုပြီး ကောင်းမွန်တဲ့အလားအလာတွေကို ဖန်တီးနေရချိန်မှာ တချို့လူငယ်လေးတွေကတော့ ကိုယ်ယုံကြည်ရာတစ်ခုအတွက် ဘဝတွေကိုစတေးပြီး စွန့်စားနေကြပါတယ်။အဲဒီနေ့က ဒါကာမှာ သာမန်နေ့ရက်လေးတစ်ရက်ဖြစ်နေခဲ့ပေမယ့် ရုတ်တရတ်ဆိုသလို အကြမ်းဖက်အဖွဲ့ဝင်တွေက ကော်ဖီဆိုင်တစ်ခုကို ဝင်စီးလိုက်ကြပါတယ်။ အဲဒီအဖွဲ့ကလူငယ်လေးတွေကတော့ သူတို့ယုံကြည်ရာ ကိုးကွယ်ရာဘာသာအတွက် မှန်ကန်မယ်လို့ထင်‌တဲ့အရာကို လုပ်နေခဲ့ကြတာပါ။ ဒါပေမဲ့ ကော်ဖီဆိုင်ထဲမှာ ရှိနေတဲ့ ဘဝအမျိုးမျိုးနဲ့လူတွေကရော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားမလို့ စိတ်လှုပ်ရှားစွာနဲ့ ဆက်ပြီး ကြည့်ရှုပေးကြပါဦး။ File size…1.42GB /  614MB Quality…1080p NF  WEB DL / 720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San ~ Cherry
movie

Faraaz (2023)

2023
Sinam (2022) 5.9
Sinam (2022) Sinam (2022)Sinam ဆိုတာ အိန္ဒိယလို '' rage / anger '' လို့ အဓိပ္ပါယ်ရပါတယ်၊ အမျက်ဒေါသပေါ့။ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်တဲ့ မှုခင်းစုံထောက် ရုပ်ရှင်မျိုးမို့ သည်းထိတ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားမျိုးပေါ့ဗျာ။အစပိုင်းမှာ ရိုးသားဖြောင့်မတ်ပြီး၊ အကြောက်အလန့်မရှိတဲ့ ပါရီဆိုတဲ့ ရဲအရာရှိတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ပါရီမှာ ကြင်နာပြီးနွေးထွေးတဲ့ ဇနီးချော ဒေါက်တာမလေး မက်ဒူနဲ့ သမီးလေး ဘာဂရာတို့လည်းရှိတယ်ဗျ။ နွေးထွေးတဲ့အသိုက်အမြုံလေးပေါ့ဗျာ။တနေ့မှာ လူသတ်မှုနဲ့သံသယရှိတဲ့ တရားခံကို တရားခွင်ကို တင်သွင်းတဲ့နေ့မှာပဲ တရားရုံးရှေ့ လူအုပ်ကြားထဲမှာ လူသတ်မှုတစ်ခုဖြစ်သွားပါတော့တယ်။ အသတ်ခံလိုက်ရတဲ့သူက ပါရီတာဝန်ယူပြီး လိုက်ပို့တဲ့ တရားခံဖြစ်သူပါပဲ။ ဒီတော့ တာဝန်တွေအားလုံး ပါရီ့ပုခုံးပေါ်ပုံကျလာတာပေါ့။ ဘယ်သူ့လက်ချက်လဲ ဆိုတာကို ရေဆုံးမြေဆုံးလိုက်ဖော်ရင်း ပါရီသိလာရမယ့် ဒုစရိုက်လောကတွေအကြောင်း၊ နောက်ကွယ်က ကြိုးကိုင်မှုတွေနဲ့ ရှောင်လွှဲမရတဲ့ ထိခိုက်မှုတွေကြားမှာ ပါရီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ။ မိသားစုကိုရော ကာကွယ်နိုင်ပါ့မလား။ အမှုမှန်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ကြည့်ရမယ့် Action/Thriller မို့ အခုပဲ Channel Myanmar မှာဝင်ရောက်ကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2.08GB  / 881MB Quality…1080p True WEB DL  / 720p Format…mp4 Duration….1h 55m Subtitle….Myanmar ...
movie

Sinam (2022)

2022