Channel Myanmar

Paloma Garcia-Lee

Molli and Max in the Future (2024)
Molli and Max in the Future (2024)  ဒီရုပ်ရှင်ကတော့ အရင်နှစ်ကမှထွက်ထားတဲ့ Sci-fi, Drama, Comedy သုံးမျိုးကို ရောသမမွှေထားတဲ့ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်က အာကာသထဲက သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ထားတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ မက်စ် နဲ့ မော်လီက အနာဂတ်က အာကာသထဲက ဂြိုဟ်တွေမှာနေကြပါတယ်။ အဲဒီအနာဂတ်မှာက ကမ္ဘာကြီးကတော့ လူသားတွေလုပ်လို့ပျက်သွားပါပြီတဲ့။တစ်ရက်မှာ မော်လီ နဲ့ မက်စ်က အာကာသတစ်နေရာမှာဆုံရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က အကျင့်စရိုက်ရော ကိုယ်ရည်ကိုယ်သွေးတွေပါ မတူကြတဲ့သူနှစ်ဦး။ဒီလိုနဲ့ သူတို့နှစ်ဦးက သူငယ်ချင်းအဆင့်ကနေမတက်ခင်မှာ အကြောင်းတခုကြောင့်ခွဲလိုက်ရတယ်ပေါ့။ ဒါပေမဲ့ နောက်နှစ်အနည်းငယ်အကြာမှာ ဂလက််ဆီရဲ့တနေရာမှာ ကံမကုန်ဘဲ ပြန်ဆုံကြပြန်ပါတယ်။ အဲဒီအခါမှာလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းကောင်းတွေအဖြစ် ရှိပေးပြီးတော့ အချိန်အတူကုန်ဆုံးကြပြန်တယ်။ဒီလိုနဲ့ မော်လီနဲ့မက်စ်တို့က ဘ၀အတွက်လက်တွဲဖော်ရှာကြဖို့အချိန်ရောက်လာတဲ့အခါမှာတော့ သူတို့နှစ်ဦးလုံးအတွက် ဖူးစာဖက်တွေကိုရှာကြတဲ့နေရာမှာ သင့်တော်တဲ့သူမတွေ့ဘဲ နောက်ဆုံးမှာ သူတို့အတွက်အကောင်းဆုံးဖြစ်တဲ့သူက သူတို့နှစ်ယောက် အချင်းချင်းပဲဖြစ်နေတာကို သိလိုက်ကြရတယ်ပေါ့။ဒါပေမဲ့ ရွေးချယ်မယ့်လမ်းတွေ၊ ပင်ကိုယ်စရိုက်တွေမတူညီနေတဲ့သူတို့နှစ်ဦးဟာ ရှေ့ဆက်တိုးလိုက်ရင် ကြုံတွေ့လာရမယ့်အခက်အခဲတွေကို ကြောက်ရွံ့ပြီး ဖရန့်ဇုန်ထဲကနေရုန်းထွက်ဖို့ရာကို ...
movie

Molli and Max in the Future (2024)

West Side Story (2021) 7.8
West Side Story (2021) အကောင်းဆုံးရုပ်ရှင်ဆု အကောင်းဆုံး Production Design ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (Rita Moreno) အကောင်းဆုံးဝတ်စုံဆု အကောင်းဆုံးဒါရိုက်တာဆု (စတီဗင် စပီးဘက်) အကောင်းဆုံးအသံဆု အကောင်းဆုံး Cinematography ဆုတွေ အော်စကာ ဆန်ခါတင်ထားတဲ့ West Side Story ရုပ်ရှင်ကိုတင်ပေးထားပါတယ်။ IMDb 7.8 ရရှိထားပါတယ်။ဒီရုပ်ရှင်ကတော့ ၁၉၅၇ နာမည်ကြီးဂီတပြဇာတ် West Side Story ကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၆၁ တုန်းကလည်း ရုပ်ရှင်အဖြစ် ရိုက်ကူးဖူးပါတယ်။ ဒါရိုက်တာကြီး စတီဗင် စပီးဘက်ရဲ့ ပထမဆုံး ဂီတရုပ်ရှင်ပါ။ မင်းသားကတော့ The Fault in Our Stars ထဲက Ansel Elgort ဖြစ်ပြီး မင်းသမီးကတော့ Rachel Zegler ပထမဆုံးရုပ်ရှင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းကတော့ ရှိတ်စပီးယားရဲ့ ရိုမီယို နဲ့ ဂျူးလိယက်ကို inspire ယူထားတာပါပဲ။ နယူးယောက်မြို့ရဲ့ ဂျက်စ် ဆိုတဲ့ အမေရိကန်လူငယ်အဖွဲ့နဲ့ ငမန်းတွေဆိုတဲ့ ...
movie

West Side Story (2021)