Channel Myanmar

Pamela Springsteen

Sleepaway Camp III: Teenage Wasteland (1989)
Sleepaway Camp III: Teenage Wasteland (1989) ရှေ့ကနှစ်ကားရဲ့ အဆက် သုံးကားမြောက်ရုပ်ရှင်ပါ။ဒီတကားကိုတော့ ဒုတိယကားထဲက ဖြစ်ရပ်တွေအပြီး တနှစ်အကြာမှာ ‌ဇာတ်အိမ်တည်ထားပါတယ်။ထုံးစံအတိုင်း အန်ဂျလာတယောက် ပြန်ရောက်လာခဲ့ပြန်ပါပြီ။ ဒီတခါမှာတော့ ပြန်လည်ပြုပြင်ထားတဲ့ နွေရာသီတောစခန်းမှာ လူမှုရေးစမ်းသပ်မှုတခုပြုလုပ်ဖို့ အထက်တန်းလွှာက လူငယ်တစုနဲ့ သာမန်အောက်ခြေလူတန်းစား လူငယ်တစုကို ခေါ်ထားပါတယ်။ အန်ဂျလာကတော့ ဒုတိယတစုထဲမှာပေါ့။ စမ်းသပ်မှုရဲ့အစီအစဉ်က ထိုလူငယ်နှစ်စုကို အဖွဲ့တွေခွဲကာ ရောယှက်လိုက်ပြီး မတူညီတဲ့နေရာတွေမှာ စခန်းချစေဖို့ပါပဲ။ ဒီလိုနဲ့ အန်ဂျလာတယောက်ကို မျက်စိစပါးမွေးစူးအောင် လုပ်မိတဲ့လူငယ်တွေ ဒီတခါရော ဘယ်လိုတွေ ကြိတ်ခံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်တွေပိုများလာပြီး လက်ယဉ်သွားပြီဖြစ်တဲ့ အန်ဂျလာရဲ့ ပရိယာယ်တွေ သတ်ဖြတ်ပုံတွေကလည်း ပိုအဆင့်မြင့်လာပြီး ပိရိလာတာကိုမြင်တွေ့ရမှာပါ။ အဖော်အချွတ်ရိုက်ချက်တွေပါတာကြောင့် ၁၈အောက် မကြည့်ရှုဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.7 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Sleepaway Camp III: Teenage Wasteland (1989)

Sleepaway Camp II: Unhappy Campers (1988)
Sleepaway Camp II: Unhappy Campers (1988)  Sleepaway Camp 1 1983 အပြီး ၅နှစ်အကြာမှာ ဆက်ထုတ်ခဲ့တဲ့ နံပါတ်နှစ် ရုပ်ရှင်ပါ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒီတခေါက်မှာလည်း ကံမကောင်း အကြောင်းမလှတဲ့ စခန်းချသူတွေကို မြင်တွေ့ရမှာပါ။ဒီရုပ်ရှင်ဟာ Sleepaway Camp ရဲ့ အဆက်ဖြစ်တာကြောင့် နံပါတ်တစ်ကိုမကြည့်ရသေးဘူးဆိုရင်တော့ အရင်သွားကြည့်ဖို့ အကြံပေူချင်ပါတယ်။ နံပါတ်တစ်မကြည့်ထားဘဲ ကြည့်ရင်ရော ရလားဆိုတော့ ရတော့ရပါတယ် ဒါပေမဲ့ အဓိကဇာတ်ကောင်ဖြစ်တည်လာပုံကို ဂဃနဏသိချင်ရင်တော့ နံပါတ်တစ်ကိုအရင်ကြည့်မှ ပြီးပြည့်စုံသွားပါလိမ့်မယ်။ဒီရီဗျူးက နံပါတ်တစ်ရဲ့အဆက်ဖြစ်တာကြောင့် စပွိုင်လာကင်းကင်းပြောပြရရင်တော့ နွေရာသီစခန်းမှာအလုပ်လာလုပ်တဲ့ အကြံပေးဟာ ဆိုးသွမ်းတဲ့ကလေးတွေကို သူ့နည်းသူ့ဟန်နဲ့ လိုက်ဆုံးမတာပါ။အောက်ကရီဗျုးမှာတော့ စပွိုင်လာအနည်းငယ်ပါရှိမှာဖြစ်ပါတယ်။ဒီကားကတော့ နံပါတ်တစ်ရုပ်ရှင်က ဖြစ်ရပ်တွေအပြီး ၅နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လိုက်ကျော်အန်ဂျလာဟာ နွေရာသီစခန်းတခုမှာ အလုပ်လုပ်ဖို့ရာပြန်လည်ရောက်ရှိလာပါတယ်။ ဒါပေမဲ့ စခန်းချသူတွေဟာ သူ(မ)ရဲ့ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘဲ မလျော်မကန်ပြုမူတာတွေ ရှိလာတဲ့နောက်မှာတော့ အန်ဂျလာဟာ နည်းဟောင်းတွေကိုသုံးပြီး ဆိုးသွမ်းတဲ့ စခန်းချသူတွေကို ပညာပေးဖို့ရာ ထပ်မံအကြောင်းဖန်လာပါတော့တယ်။ဒီရုပ်ရှင်ထဲမှာတော့ နံပါတ်တစ်ထဲကလိုမဟုတ်ဘဲ ...
movie

Sleepaway Camp II: Unhappy Campers (1988)

[18+] Fast Times at Ridgemont High (1982)
[18+] Fast Times at Ridgemont High (1982) IMDb Rating (7.2)/Rotten Tomatoes (77%)Simple is beautiful ဆိုတာ ဒါမျိုးပေါ့...ဒီဇာတ်ကားက ဘာ Plot Twist မှ မပါဘဲ တကယ့်ကို ရိုးရိုးလေးတင်ဆက်ထားတာပါ...ဒါပေမယ့် ရိုးလွန်းတဲ့အလှတရားတွေနဲ့ လူ့သဘောလေးတွေကို မြင်နေရတာ သိပ်သဘာဝကျပါတယ်...လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေကို အများကြီးတန်ဖိုးထားပြီး တည်ဆောက်ထားတဲ့အနောက်တိုင်းလူနေမှုဘဝကိုမြင်တွေ့ရတာလဲ အားကျကျေနပ်စရာပါ...ဇာတ်ကားကြည့်နေစဉ်တစ်လျှောက်လုံး မျက်နှာကြီးပြုံးဖြီးနေအောင် ကျေနပ်စွာကြည့်ရှုရမယ့်Teen Comedy Romance Drama ဇာတ်ကားလေးပါ။ဒီဇာတ်ကားထဲမှာ တခြားနာမည်ကြီးတဲ့ ဝိသေသတွေရှိပါသေးတယ်...ကြည့်နေရင်း နောက်ပြန်ရစ်လိုက် ပြန်ကြည့်လိုက်နဲ့Pause လုပ် အခံရဆုံး ဇာတ်ကားတွေထဲကတစ်ကားအဖြစ် နာမည်ကြီးတာပါ။ဒီထဲက မင်းသမီးနှစ်ယောက်လုံးရဲ့ တကယ့်ကို နုပျိုလှပတဲ့အရွယ်မှာ ရိုးရိုးရှင်းရှင်း အကုန်ချပြ ရိုက်ကူးထားတာကိုး။မင်းသားရှောင်ပိန်းလဲပါတယ်..တခြားနာမည်ကြီးတွေလဲပါတယ်..ပါဆို နီကိုလပ်ကေ့ချ်တောင် ဖြတ်လျှောက်ပါသေးတယ်။ဇာတ်လမ်းကိုအနည်းငယ်ပြောရမယ်ဆိုရင်..ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် Stacy ဆိုတဲ့ကောင်မလေးက ချိန်းတွေ့တဲ့နေရာမှာ အတွေ့အကြုံမရှိသူပီပီချိန်းတွေ့တဲ့အတွေ့အကြုံကို အရမ်းခံစားဖူးချင်နေတဲ့သူပါ။ဒါကြောင့် အဲ့ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့ သူငယ်ချင်းရဲ့အကြံပြုချက်အတိုင်းလိုက်နာရင်း၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲသို့ ကျရောက်သွားပါတော့တယ်။အိမ်မှာ အဖေတို့ အမေတို့ ဦးလေးတို့ကငါတို့ခေတ်တုန်းက ...
movie

[18+] Fast Times at Ridgemont High (1982)