Channel Myanmar

Pan Zijian

Fall In Love With Fox ( 2019 ) 5.6
Fall In Love With Fox ( 2019 ) စိတ်ကူးယဉ်အချစ်ရုပ်ရှင် ချိုချိုလေးတွေကြိုက်တဲ့ ပရိသတ်တို့အတွက် ဒီရုပ်ရှင်လေးကို သဘောကျမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဖန်ရှီးယွိဆိုတဲ့ ကံဆိုးမလေးဟာ အဆင့်မြင့်တက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့ပေမယ့် ကျောင်းစရိတ်ပေးပြီးနောက်မှာတော့ အဆောင်စရိတ်ပေးစရာမရှိဖြစ်နေပါတယ်။ သူ့ဘဝမှာ အလွန်ဒုက္ခရောက်နေချိန်မှာ ရုပ်ရည်ချောမောပြီး မာနကြီးတဲ့ သူဌေးလေး ယန်ယွီက သူမရဲ့ အစ်ကိုဆိုပြီး အတူတူနေဖို့အတွက် နေစရာနေရာပေးခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီအစ်ကိုမှာ လျှို့ဝှက်ချက်ရှိနေသလိုပါပဲ။ သူမကို တခြားယောကျာ်းလေးနဲ့ အဆက်အဆံလုပ်ခွင့်မပေးတဲ့အပြင် ကျောင်းဒါရိုက်တာအဖြစ်နဲ့ သူမကို လာစောင့်ကြပ်နေပါသေးတယ်။ ပြီးတော့တခါတလေကျရင်လဲ သူမက မြေခွေးအမြီး ၉ ချောင်းကို တွေ့မိနေသလိုပါပဲ။နေ့စဉ်နဲ့အမျှ တူတူရှိနေတဲ့ မောင်နှမဟန်ဆောင်ထားတဲ့နှစ်ယောက်ဟာ အချင်းချင်းအချစ်တွေ ပိုလာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ...... မြေခွေးမင်းသားလေးမှာလည်း ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲဆိုတာကို...... စိတ်ကူးယဉ်အချစ်ရုပ်ရှင်လေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by ...
movie

Fall In Love With Fox ( 2019 )

Team Black Hawk ( 2022 ) 6.1
Team Black Hawk ( 2022 ) အားလုံးကို လူငယ်တွေစိတ်ဓာတ်တတ်ကြွရေး အသားပေးရိုက်ကူးထားတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင် တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဆိုရင်လဲမမှားပါဘူး❏ လျန်ရှန်း စီရင်စု အားရှားမော့ ရွာငယ်လေးမှ မွေးဖွားလာပြီး ငယ်ရွယ်စဥ်ကတည်းက ဘတ်စကတ်ဘောကို ဝါသနာထုံသူတစ်ယောက်ဖြစ်တဲ့ - အားမုအားမုဟာ လက်ရှိလုပ်ကိုင်နေတဲ့ ချန်သု စက်ပြုပြင်ရေးလုပ်ငန်းမှထွက်ခဲ့ပြီးတော့ သူ့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ လူငယ်ဘတ်စကတ်ဘော အသင်းထူထောင်ရန် ရွာငယ်လေးဆီကို ပြန်လာခဲ့ပါတော့တယ်သူငယ်ချင်းဖြစ်သူရဲ့ အကူအညီပေးမှုအောက်မှာ သူ့ရဲ့အိမ်မက်လေးဟာ တစ်စ တစ်စနဲ့ ပုံပေါ်လို့လာခဲ့ပါတော့တယ် အခြေအနေတွေ အမျိုးမျိုး အဖုံဖုံခက်ခဲနေပေမဲ့လဲ ကလေးတွေရဲ့ အိမ်မက်တွေ ပွင့်လန်းလာဖို့ လူတိုင်းက ပူးပေါင်းလုပ်ဆောင်ကြိုးပန်းပေးခဲ့ကြပါတယ် အားလုံးရဲ့ ကြိုးပန်းမှုတွေနဲ့ အတူတူ "လျန်ရှန်း လင်းယုန်နက်" ဘတ်စကတ်ဘော အသင်းရဲ့ စိတ်ဓာတ်ခွန်အားတွေ နိုးထလာပြီး ပြင်းထန်လှတဲ့ဘတ်စကတ်ဘောစွမ်းရည်ကို သက်သေပြခဲ့ကြပါတော့တယ် ဒီတော့ ပြောရရင် -“ဘယ်အရာမဆို မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး ကိုယ့်နှလုံးသားထဲမှာ အိမ်မက်မျိုးစေ့လေးရှင်သန်နေသရွေ့ ကိုယ့်အိမ်မက်တွေဟာ သေချာပေါက် အကောင်အထည်ပေါ်လို့လာမှာပဲဖြစ်ပါတယ်”ဇာတ်လမ်း/ဇာတ်ကွက် ကျစ်ကျစ်လစ်လစ်နဲ့ အရမ်းကိုကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင်။ ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080 , ...
movie

Team Black Hawk ( 2022 )