Channel Myanmar

Paolo Calabresi

The Talented Mr. Ripley (1999) 7.4
The Talented Mr. Ripley (1999) IMDb Rating (7.4) / Rotten Tomatoes (85%)နာမည်ကျော် ဆယ်လဘရီတီအမှုတစ်ခုဖြစ်တဲ့ ဂျွန်နီဒပ် နဲ့ အမ်ဘာဟက် တို့ တရားခွင်မှာ အမ်ဘာဟက်ဟာ ဒီရုပ်ရှင်ထဲက စကားလုံးတွေကို ခိုးယူပြောကြားခဲ့တဲ့အတွက် လူရယ်စရာဖြစ်သွားခဲ့ပါတယ်။ ဒေါ်လာသန်း ၁၀၀ တန် တရားခွင်ကြီးမှာတောင် အတုယူပြောရလောက်တဲ့ စကားလုံးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။Ripleyဟာပါတီတစ်ခုမှာ ပီယာနိုတီးနေတုန်း သူငှားထားတဲ့ဂျာကင်ကြောင့် လူကုံထံသူဌေးကြီးဖြစ်သူ Herbert Greenleaf ကသူ့ကိုပရင့်စတန်ကျောင်းထွက်လို့ထင်ပြီး သူ့သားသူငယ်ချင်းဖြစ်မယ်လို့ထင်နေပါတယ်Herbert ကTom ကိုအီတလီမှာလေလွင့်နေတဲ့ သူ့သားဖြစ်သူ Dicky ကိုသွားခေါ်ဖို့စည်းရုံးပါတယ်။ငွေလိုနေတဲ့ Tom ကလည်းလက်ခံလိုက်ပြီး အီတလီကိုသွားကာ Dicky ကို သူဟာDicky မမှတ်မိတဲ့ကျောင်းနေဘက်သူငယ်ချင်းဖြစ်ကြောင်းအယုံသွင်းပြီး မိတ်ဖွဲ့နိုင်ခဲ့ပါတယ်။တွမ်ဟာ အီတလီက Dicky ရဲ့ဇိမ်ကျတဲ့ ဘ၀ကိုအားကျပြီး အခွင်သင့်တိုင်း Dicky လိုဟန်ဆောင်တတ်တယ်။Dicky ကိုယ်တိုင်တွမ်ကိုငြီးငွေ့လာချိန်မှာတော့ အထက်တန်းစားဘ၀ကိုစွဲလမ်းနေပြီဖြစ်တဲ့ တွမ်ဟာသူ့အလိမ်အညာကိုဖုံးဖိနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ဟန်ဆောင်ဘ၀တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်အထိသွားနိုင်မလဲ1999 ကထွက်ရှိထားတဲ့ Thriller လေးပါ။ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ ...
movie

The Talented Mr. Ripley (1999)

Diaz – Don’t Clean Up This Blood (2012) 7.3
Diaz – Don’t Clean Up This Blood (2012)  IMDb Rating 7.3 အထိရရှိထားတဲ့ Diaz - Don't Clean UpThis Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ်ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက်သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစားနေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိအကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့်ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲအကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကိုတစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.52GB / 1.21GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Diaz – Don’t Clean Up This Blood (2012)

Kidnapped (2023) 7.1
Kidnapped (2023)  ဒီတစ်ခါမှာတော့ IMDb 7.1ထိရရှိထားပြီး Rotten tomatoes မှာ 83%အထိ ရရှိထားတဲ့ Italy Drama/History ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ....ပုပ်ရဟန်းမင်းကြီး Pius IX လက်ထက် Bolognaမြို့မှာ နေထိုင်တဲ့ ဂျူးလူမျိုး မိသားစုရဲ့ ၆ယောက်မြောက်သားကို အာဏာပိုင်တွေက ဘုရားကျောင်းအမိန့်ဟုဆိုကာ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပါတယ်။ဘုရားကျောင်းဟာ ထိုကောင်လေးကို ခရစ္စယာန်ဘာသာအဖြစ် ကူးပြောင်းပေးပြီး မိသားစုကိုလည်း ဘာသာပြောင်းလျှင် သူတို့သားကို ပြန်ရမယ်ဟုဆိုကာ ဖိအားပေးပါတော့တယ်။ထိုအခါမှာတော့ မွန်တာရာ ဂျူးမိသားစုဟာ သူတို့သားလေးကို ပြန်လည် ခေါ်ဆောင်ဖို့ ဘာတွေလုပ်သွားမှာလဲ သူတို့ရဲ့သားကိုရော ပြန်လည်ခေါ်ဆောင်နိုင်မှာလား ၁၈၅၀‌ကျော်ခုနှစ်ဝန်းကျင်က ဂျူးနဲ့ ခရစ္စယာန်ဘာသာအကြား ဘာသာရေး အရှုပ်အထွေးတွေကို ရိုက်ကူးပြထားတဲ့ သမိုင်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်..... File size…(1.9 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Kidnapped (2023)