Channel Myanmar

Paras Arora

Kaadan(2021) 8.9
Kaadan(2021)  Kaadan 2021ရုံတင်ပြီး Digital Releasesနဲ့ထွက်ဖို့ကြန့်ကြာနေခဲ့တဲ့ တမီးလ်ကား ရပါပြီခင်ဗျာ။ပရိသတ်ရင်းနှီးပြီးသား မင်းသားတွေမို့လည်းတော်တော် တောင်းဆိုကြတာထင်ပါရဲ့။Baahubali ထဲက ဗီလိန်ကြီး Rana၊Raatchasan ထဲက မင်းသား Vishnu Vishalတို့အပြင်ဟာသကားတွေထဲ မြင်ဖူးနေကျ Pulkit Samratနဲ့မင်းသမီးချော Shriya Pilgaonkarတို့ပါပဲ။ဒီကားထဲမှာ ဥယျာဉ်မှူးကြီး ဘန်ဒေ့ဖ်က အဓိကပေါ့။သူဟာ တောထဲမှာ တိရစ္ဆာန်တွေနဲ့အတူနေထိုင်တယ်။တောထဲက ဆင်တွေကျားတွေကအစ သူ့စကနားထောင်ကြတယ်။သူကလည်း တိရစ္ဆာန်တွေကအစသစ်ပင်ကနေ မြေကြီးအထိ ချစ်တတ်တယ်။ဒီလို တောကိုချစ်တဲ့ သူရဲ့ မြေပိုင်နက်ထဲတနေ့မှာတော့ မြို့သစ်စီမံကိန်းဆိုပြီးအဖွဲ့အစည်းတစ်ခု ရောက်လာခဲ့ပါတယ်။သူအနေနဲ့ ဘယ်လို ရင်ဆိုင်ပြီးသူ့အတွက် ပြိုင်ဘက်တွေကဘယ်လောက်ထိ ယုတ်မာကောက်ကျစ်မလဲ၊သူနဲ့အတူ ဒီမြေမှာ တခြား ဘယ်သူတွေကမုဆိုးတွေ ဖြစ်နေမလဲဆိုတာကို ခံစားကြည့်ကြပါဦးဗျာ။ဒီဇာတ်ကားဟာ ဒီနေ့မှာတော့ တရားဝင်ထုတ်လွှင့်ရာကနေထွက်လာတာမျိုးမဟုတ်ဘဲLeakလာတဲ့အနေအထားမို့ HINDIဗားရှင်းပဲ ရှိပါသေးတယ်။Hindi အသံထွက်နဲ့ ပါးစပ်လွဲနေတာ မဟုတ်ပါဘူး။ဟင်ဒီသရုပ်ဆောင်တွေ ဖြစ်ကုန်တာပါ။တမီးလ်မူရင်းမှာတော့ တမီးလ်မင်းသားမြင်ရမှာပါ။သရုပ်ဆောင်တွေ ကွဲနေပါတယ်။Tamilအသံနဲ့ ကြည့်ချင်ရင်တော့ စောင့်ရဦးမယ်ခင်ဗျာ။  File size…2.73GB / 1.4GB / ...
movie

Kaadan(2021)

2021