Channel Myanmar
Park Byung-eun
The Wicked Are Alive / Villain is Alive (2015)
The Wicked Are Alive / Villain is Alive (2015) The Wickerd are Alive / Villain is alive (2015)မထင်မှတ်တဲ့ plot twist မျိုးကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ချင်တဲ့သူတွေအတွက် ကိုရီးယား Thriller ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါဦးမယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဥက္ကဌဘဲ့ဟာ ကုမ္ပဏီမသမာမှုတွေကြောင့် ရှိသမျှအကုန်ရောင်းပြီး လှေနဲ့ထွက်ပြေးရတော့မယ့်အခြေအနေမှာ သူ့ကိုမကျေနပ်တဲ့သူတွေကလည်း နောက်ကနေ လိုက်နေကြပါတယ်ဥက္ကဌဘဲ့ရဲ့ မန်နေဂျာကလည်း ရုတ်တရက်သေဆုံးသွားပြီး အဲဒီအမှုကို ရဲဘက်ကလိုက်တဲ့အခါမှာ မန်နေဂျာရဲ့ခင်ပွန်း ဟန်ဗြောင်ဒိုက မသင်္ကာစရာတွေလုပ်နေတာကို သတိထားမိသွားကြပါတယ်ဒါပေမဲ့ ရဲတွေထင်သလို တကယ်မကောင်းမှုလုပ်ဖို့ကြံနေတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p File size… 1GB | 452MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie
The Wicked Are Alive / Villain is Alive (2015)
Citizen of a Kind(2024) 7.0
Citizen of a Kind(2024) Citizen of a Kind(2024)********************* ၂၀၁၆ ခုနှစ် ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ voice phishing အမှုရဲ့ နစ်နာသူ“အဝတ်လျှော်ဆိုင်ပိုင်ရှင် အဒေါ်ကြီးဂင်ဆောင်းဂျာ”အကြောင်းကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်- ဇာတ်လမ်းအကျဉ်း -အိမ် မီးလောင်မှုကြောင့် ချေးငွေယူဖို့ လိုက်စုံစမ်းနေတဲ့ အဒေါ်ကြီးဂင်ဒေါ့ဟီဆီကိုတစ်နေ့မှာတော့ ဟွာဆောင်းဘဏ်က လက်ထောက်မန်နေဂျာဆွန်းဆိုသူက ချေးငွေယူလို့ ရနိုင်ကြောင်း ဖုန်းဆက်လာပါတယ်ချေးငွေထုတ်ဖို့အတွက် လိုအပ်တယ်ပြောပြီး ဝန်ဆောင်ခတောင်းတဲ့လက်ထောက်ဆွန်းဆီကို ပိုက်ဆံ‌ပို့ပေးလိုက်တဲ့ ဒေါ့ဟီဟာ ဒါက voice phishing လိမ်လည်မှုဖြစ်မှန်းအချိန်နှောင်းမှ သိလိုက်ရပါတယ်....ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးပြီး ကလေးတွေနဲ့အတူ လမ်းမပေါ်ထွက်နေရတော့မဲ့ကိန်းဆိုက်နေတဲ့ဒေါ့ဟီဆီကို လက်ထောက်ဆွန်းက ဖုန်းပြန်ဆက်လာပါတယ်..... ဒီတစ်ခါမှာကတော့ ကယ်တင်ပေးပါဆိုပြီး ဆက်တဲ့ဖုန်းပါရဲတွေလည်း လက်လျှော့ထားရတဲ့အမှုဆိုတော့ ဒေါ့ဟီက လက်ထောက်ဆွန်းကိုလည်းကယ်တင်ရင်း ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့လုပ်ဖော်ကိုင်ဖက် ညီအစ်မသုံးယောက်နဲ့တူ တရုတ်နိုင်ငံ ချင်းတောင်မြို့ဆီကို ရောက်သွားတဲ့အခါမှာတော့...ဂင်ဒေါ့ဟီက voice phishing အမှုရဲ့ခေါင်းကိုင်ကို ဘယ်လိုရှာဖွေဖမ်းဆီးသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့ The Good ...
movie
Citizen of a Kind(2024)
Children…(2011) 7.1
Children…(2011) Childern (2011)ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းလေးဖြစ်ပါတယ် ဆိုးလ် MBC ရုပ်သံဌာန ကထုတ်လုပ်သူဂန်ဟာ သူတာဝန်ယူရိုက်ကူးခဲ့တဲ့အစီအစဥ်တစ်ခုက ဥပဒေနဲ့မညီတာကြောင့် ဌာနကအကြီးအကဲတွေကသူ့ကို နယ်မြို့လေးတစ်မြို့ကရုပ်သံလွင့်ဌာနခွဲဆီပို့လိုက်ကြပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမြို့ကရွာလေးတစ်ရွာမှာကလေး ၅ ယောက်ကထူးဆန်းစွာတစ်ပြိုင်ထဲပျောက်ဆုံးမှုဖြစ်ခဲ့ပြီး သူကလည်း သူ့နာမည်ပြန်ရဖို့အတွက် အဆိုပါအမှုကို တာဝန်ယူထားရတဲ့ စုံထောက်နဲ့ပူးပေါင်းပြီး ကလေးပျောက်မှုကိုစစ်ဆေးပါတော့တယ် သူတို့ရော ပျောက်သွားတဲ့ကလေးတွေကိုပြန်ရှာပြီးလူသတ်သမားကိုဖော်ထုတ်နိုင်ပါ့မလား က‌လေးတွေကရောအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား လူသတ်သမားကရောဘယ်သူဖြစ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်လိုက်ကြရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p File size…3GB | 1.1GB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie
Children…(2011)
2011
The Moon(2023) 7.1
The Moon(2023) The Moon(2023)**************** ဒီကားဟာ BO ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း ကောင်းမွန်တဲ့မှတ်ချက်တွေရရှိခဲ့တဲ့ ရုံကားဖြစ်ပါတယ်....ဘက်ဂျက်တွေအများကြီးသုံးခဲ့ပြီးCGI တွေလည်း တော်တော်ကိုကောင်းမွန်ပါတယ် ..ပြသချိန် ၂နာရီကျော်အတွင်းလုံးဝပျင်းစရာမကောင်းဘဲ စ/ဆုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်...ကိုရီးယားတွေဟာလကမ္ဘာကိုတက်ဖို့ ကြိုးစားခဲ့တုန်းက ပျက်စီးမှုတွေများပြားလွန်းတဲ့အပြင်ပါသွားတဲ့အာကာသယာဉ်မှူး ၃ယောက်အသက်ဆုံးရှုံးခဲ့ပါတယ်...ဒီနောက်ဆက်တွဲအကျိုးဆက်ကတော့အာကာသအဖွဲ့ဝင်တွေနိုင်ငံကနေ ထုတ်ပယ်ခံရတဲ့အထိဖြစ်ခဲ့ပါတယ်..သို့ပေမဲ့ ကိုရီးယားသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေဟာလက်မလျှော့ခဲ့ပါဘူး...စမ်းသပ်မှုအကြိမ်ကြိမ်ကနေအမှန်တွေပြင်ဆင်ရင်း အထူးအာကာသယာဉ်မှူး(၃)ယောက်နဲ့ လကမ္ဘာပေါ်ကိုထပ်မံခြေချဖို့ကြိုးစားပါတော့တယ်...သူတို့အောင်မြင်မလား ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ .....A List သရုပ်ဆောင်တွေချည်းပါတဲ့အပြင် imdb ရော အခြားကောင်းမွန်တဲ့ review တွေကြောင့်ထွေထူးတော့မညွှန်းတော့ပါဘူး...File size… 2.4GB & 0.9GB Quality…WEB-DL 1080p & 720p Format…mp4 Duration….2hr 09min Genre ….. Sci-Fi, Adventure ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by  Miri,Tiff, Hnin Wai Oo, Stary & Treasure Htet
movie
The Moon(2023)
Decibel (2022) 6.9
Decibel (2022) Decibel (2022)Subtitle လိုအပ်ချက်များ ပြင်ဆင်၍ တစ်ဖန် ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။Kim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည်း အဓိက ပါဝင်ထားတဲ့ အက်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး ရုံတင်ပြသစဉ်မှာ ပရိသတ်အတော် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအညွှန်း ...ပစိဖိတ်သမုဒ္ဒရာထဲမှာ တောင်ကိုရီးယား ရေတပ်က ရေငုတ်သင်္ဘောတစ်စီးဟာ စစ်ရေးလေ့ကျင့်နေခဲ့တယ်။ ပစ်ခတ်စဉ်တွေပါတဲ့ ဒီလေ့ကျင့်မှုဟာအချိန်အတော်ကြာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကိုပြန်လာခဲ့တယ်။ကိုရီးယားကျွန်းဆွယ်ကို ပြန်လာစဉ်မှာပဲ မုန်တိုင်းကလည်းတိုက်ဆိုင်စွာ ကြမ်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒါအပြင် ရေငုတ်သင်္ဘာဟာ အမည်မသိ ချေမှုန်းရေးသင်္ဘောမှ အကြမ်းစားတော်ပီဒိုကြီးတစ်လုံး ပစ်ခတ်ခြင်းခံလိုက်ရတယ်။လုံးဝမမျှော်လင့်ထားတဲ့ တိုက်ခိုက်ခံရမှုဖြစ်တဲ့အပြင် တန်ပြန်တိုက်ခိုက်ရေး လက်နက်တွေကလည်း စစ်ဆင်ရေးမှာသုံးခဲ့လေတော့ ရေငုတ်သင်္ဘောဟာ တော်ပီဒိုကြီးထိမှန်ဖို့ အရေးကနေ အသည်းအသန်ထွက်ပြေးရပါတော့တယ်။အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ...(ဇာတ်လမ်းအညွှန်းကို ကို Phyo Pyae က ရေးပေးထားပါတယ်။)File Size  ...
movie
Decibel (2022)
2022
In Our Prime (2022) 6.4
In Our Prime (2022) In Our Prime (2022) ဇာတ်လမ်းအညွှန်း ကိုရီးယားရဲ့ အထင်ကရမင်းသားကြီး Choi Min-sik ဟာ Nameless Gangster: Rules of the Time မှာ လန့်စရာကောင်းတဲ့ ဂန်းစတားပုံမျိုးပီပြင်သလို The Admiral: Roaring Currents လို သူရဲကောင်းဆန်ပြီး သနားစရာကောင်းတဲ့ စစ်သူကြီးစရိုက်ဆိုလည်းရတယ်။ I Saw the Devil လို့ TV ပြေးရိုက်ခွဲချင်လောက်အောင် ကျက်သရေတုံးသမားကြီးစရိုက်လည်း ရတယ်။ဒီကား In Our Prime မှာလည်း လျှို့ဝှက်အေးဆေးတဲ့ သင်္ချာပညာရှင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်။ မင်းသားကြည့်ပြီး ဇာတ်လမ်းရွေးသင့်တဲ့အထဲမှာ သူထိပ်ဆုံးကပါတယ်။ဒီ In Our Prime ရုပ်ရှင်ဟာ South Korea Box Office မှာ နံပါတ်တစ် ချိတ်ခဲ့ပါတယ်။ကျော်ကြားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုက အပယ်ခံ Ji Woo ...
movie
In Our Prime (2022)
2022
Kingdom: Ashin of the North (2021) 9.7
Kingdom: Ashin of the North (2021) Kingdom ရဲ့ Season 2 အဆုံးမှာ မင်းသားနဲ့သူ့ရဲ့ နောက်လိုက်နောက်ပါတစ်သိုက်က မသေဆေးပင်တွေရဲ့ အရင်းအမြစ်က လူတစ်ယောက်ဆီက လာတယ်ဆိုတာကိုတွေ့ခဲ့ပါတယ်။လက်သည် တရားခံကတော့ မြောက်ပိုင်းသူ အာရှင်း ပဲဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ သူ့ရဲ့ နောက်ခံအကြောင်းအရာတွေကို ပြထားတာပါ။ ဂျိုဆွန်းမှာ မျိုးဆက် ၃ ဆက်လောက် နေခဲ့ကြတဲ့သူတို့ရဲ့ ဂျာချန်လူမျိုးစုလေးက ဂျာချန်တွေထဲမှာလည်း အပယ်ခံ ဂျိုဆွန်းပြည်သားတွေကလည်း လက်မခံဖြစ်နေပါတယ်။အာ့ဒီလိုအခြေအနေထဲမှာမှ အာရှင်းရဲ့အဖေက သူတို့ရွာလေးကို တရားဝင်ဂျိုဆွန်ရွာအဖြစ်သတ်မှတ်ခံရဖို့ ကြိုးစားရင်းသေသွားတယ်။အမေကတော့ နိမ့်ကျတဲ့သူတို့ရွာလေးကို ဘယ်သမားတော်မှ မလာလို့ ရောဂါခံစားနေရရင်း ဂျိုဆွန်းပြည်နဲ့ ဂျာချန်တွေရဲ့ စစ်ပွဲထဲမှာ ကြားညပ်ပြီးသေဆုံးသွားရတယ်။အဲဒါကြောင့် မသေဆေးပင်ကို အမှတ်မထင်တွေ့ခဲ့လိုက်ရတဲ့ အာရှင်းက သူ့မိသားစုကို ဖျက်စီးခဲ့တဲ့ နိုင်ငံနှစ်ခုကို လက်စားချေဖို့ ကြိုးစားတဲ့အကြောင်းလေးကို ပြထားတာပါ။Kingdom ပရိသတ်ကြီးတို့ Season 3 မလာခင် ဒါလေးကို အရင်ကြည့်ထားလိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon & Ma Phi ပဲဖြစ်ပါတယ်…) File ...
movie
Kingdom: Ashin of the North (2021)
Seobok(2021) 8.3
Seobok(2021) Seobok(2021)အညွှန်း******************IMDb...8.3 ပထမဆုံး လူသားပုံတူဖြစ်တဲ့ "Seobok"သူ့ဘဝတစ်လျှောက်လုံး စမ်းသပ်ခန်းထဲမှာပဲ နေထိုင်ခဲ့ရပြီး အပြင်လောကကြီးအကြောင်း ဘာတစ်ခုမှမသိနားမလည်တဲ့ လူသားပုံတူကလုန်း Seobok အဖြစ် Park Bo Gum က ပါဝင်ပေးထားပါတယ်။ တရုတ်အင်ပါယာချင်လက်ထက်မှာ မသေဆေးရှာဖို့ စေလွှတ်ခံရတဲ့ Xu Fu ကို အစွဲပြုပြီး Seobok လို့ နာမည်ပေးထားတဲ့ လူသားပုံတူဟာ ထာဝရအသက်ရှင်ခြင်းကို ပိုင်ဆိုင်ထားတဲ့ immortal တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောရိုးမကြီးထဲက ပရိုတိန်းဓာတ်တွေက လူသားတွေရဲ့ ရောဂါမှန်သမျှကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းလည်း ရှိတယ်။ဒီလို အဖိုးတန်လူသားပုံတူတစ်ယောက်ကို သူ နေထိုင်လာတဲ့ စမ်းသပ်ခန်းထဲကနေ တခြားလုံခြုံစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းဖို့ လိုအပ်လာတဲ့အခါ...စုံစမ်းထောက်လှမ်းရေးအေးဂျင့်ဟောင်း "Gi Heon"အတိတ်က မတော်တဆမှုတစ်ခုကြောင့် စိတ်ကျန်းမာရေးပြဿနာတစ်ချို့အပြင် ကုသဖို့မဖြစ်နိုင်တဲ့ ရောဂါတစ်ခုကိုပါ ခံစားနေရသူအေးဂျင့်ဟောင်း Gi Heon အဖြစ် Gong Yoo က ...
movie
Seobok(2021)
The Hunt (2016) 5.1
The Hunt (2016) The Hunt 2016 =============   2016 ထွက် the hunt ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းမှာ မင်းသားကြီး Ahn Sung-Ki နဲ့ Cho Jin-Woong တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း မိုင်းတွင်းဟောင်းကြီးရှိတဲ့ တောင်ပေါ်မှာ မြေပြိုကျမှုတွေဖြစ်ခဲ့တယ် အဲ့လိုဖြစ်ပြီးနောက်မှာ ရွှေတုံးကြီး ပေါ်လာခဲ့တယ် ရွှေတုံးမှန်းသိသွားတဲ့အခါ စုံထောက်ဘတ်ဒုံဂွန်းက လောဘတက်ပြီး သူ့ရဲ့ အမဲလိုက်အဖွဲ့နဲ့တူတူ အပိုင်သိမ်းဖို့ လုပ်ကြတော့တယ် သူတို့ ရွှေခိုးဖို့လုပ်နေတုန်း မြေပိုင်ရှင် အဘွားရောက်လာပြီး ငြင်းခုန်ရန်ဖြစ်ကြတယ် အဲ့ကနေ မြေပိုင်ရှင်အဘွား ချောက်ထဲကို ပြုတ်ကျသွားခဲ့တယ် ဒါကိုတောင်ပေါ်မှာ တောလိုက်တဲ့ မုဆိုး မွန်းဂီဆောင်းနဲ့ အဘွားကြီးရဲ့ မြေးတို့ မြင်သွားတဲ့ အခါ....... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော်   File Size –  1.63 GB Quality –  WEB-DL 1080p File Type – mp4 Duration – 1h 33min Translator – Hay Thar Oo Encoder ...
movie
The Hunt (2016)
2016
Assassination (2015) 7.3
Assassination (2015)   [Unicode] IMDb Rating (7.3/10) နဲ့ Rotten Tomatoes (86%) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ တောင်ကိုရီးယားမှာ ဇူလိုင် ၂၂ ရက်နေ့က ရုံတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဆိုလည်း မမှားပါဘူး။ ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကို ကျရောက်ခဲ့စဉ် အပြစ်မဲ့တဲ့ ပြည်သူများစွာဟာ ရက်စက်စွာ အစုလိုက် အပြုံလိုက်အသတ်ခံခဲ့ရပါတယ်။ လွတ်လပ်ရေး လှုပ်ရှားသူတွေက ဒီသတ်ဖြတ်မှုမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်မှူးနဲ့ ဂျပန် အလိုတော်ရိ တစ်ယောက်ကို လုပ်ကြံဖို့ စီစဉ်ကြတယ်။ စနိုက်ပါသမား အန်းအို့ယွန်း စက်သေနတ်သမား ချူဆန်းအို့ ဖောက်ခွဲရေးသမား ဟွမ်ဒေါဆန်းတို့ ၃ ယောက်ပါဝင်တဲ့ လုပ်ကြံသူအဖွဲ့ ဖွဲ့ခဲ့ပြီးနောက်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့ရဲ့ အစီအစဉ် ကျရှုံးသွားတဲ့အခါ... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ...
movie
Assassination (2015)
2015
One-Line (2017) 6
One-Line (2017) One-Line (2017) ကိုးရီးယားကားဆို Crime ဘက်သွားတဲ့ Movie တွေမှကြိုက်တဲ့ ကျွန်တော့်လိုလူတွေရှိလားဗျ ဒီလိုဆိုရင်တော့ 2017 ခုနှစ်မှာ ထွက်ရှိထားတဲ့ One-Line ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်းပေးမယ်ဗျာ ဒီကားက လိမ်လည်ချေးငွေလုပ်ငန်းကို အခြေတည်ထားတာပါ Korea drama/Crime ဆိုတော့ ထုံးစံအတိုင်း ထိုးတာ ကြိတ်တာတွေကတော့ မပါမဖြစ်ပေါ့ သတ်မှတ်ချက်တွေ မပြည့်မှီတာကြောင့် ချေးငွေထုတ်ယူခွင့်မပြုတဲ့သူတွေကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုက နောင်တစ်ချိန်မှာ ဆရာကြီးဖြစ်လာမယ့် ကျောင်းသားလေးကို အလုပ်ခန့်ခဲ့တာကနေ စပါတယ် ဉာဏ်ကိုလွှာပြီး သုံးတတ်တဲ့ဆရာသမားက တစ်စစနဲ့ ဝင်ငွေတွေတိုးလာပြီး ပြသနာတစ်ခုတက်ပြီး နောက်ဆုံး သူတို့အဖွဲ့ပျက်သွားရော ​နောက်တော့ သူက သူ့လက်သူ့ခြေနဲ့ ​အဲ့ဒီအလုပ်ပဲလုပ်ပြီး ဆရာတစ်ဆူဖြစ်လာပါတယ် ဒါပေမယ့် လူကောင်းနဲ့ လူဆိုးဆိုတာ နေရာတိုင်းမှာ ဒွန်တွဲပြီးရှိနေတာပဲမလား ​ရဲတွေက သူတို့တွေကို ဖမ်းဖို့ကြိုးစားရင်း ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားရိုက်ပြထားတာမို့ ကြည့်ရှုလိုက်ကြပါဦးဗျာ Translated by : Amelia Encoded by : August
movie
One-Line (2017)
2017
I’m a Cyborg, But That’s OK ( 2006 ) 7.1
I’m a Cyborg, But That’s OK ( 2006 ) IMDb 7.1 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းပုံစံကတော့  သူမတူတဲ့ပုံစံလေးပေါ့..သူမတူဆို စိတ်မနှံ့တဲ့သူနှစ်ယောက်ကြားမှာဖြစ်ပေါ်တဲ့ အချစ်ဇာတ်လေးတစ်ခုပါ...ယောင်းဂွန်းဆိုတဲ့ ကောင်မလေးက ကိုယ့်ကိုယ်ကိုစက်ရုပ်လို့ ယုံကြည်နေတဲ့ ကောင်မလေးတစ်နေ့ စိတ္တဇဆေးရုံကို တက်တဲ့အခါ လူတွေရဲ့အရာအားလုံးကို ခိုးနိုင်တယ်လို့ ထင်ရတဲ့ကောင်လေးတစ်ယောက်ကို ဆေးရုံမှာ တွေ့လိုက်ရတယ်...ဒီအခါမှာတော့ သူ့ဆီက တစ်ခုခုကို ခိုးပေးဖို့အတွက်တောင်းဆိုရင်း ရင်းနှီးမှုတစ်ခုရခဲ့ရာကနေ...စက်ရုပ်လို့ထင်နေတဲ့ ကောင်မလေးကို ဘယ်လိုတွေကူညီမယ်..ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်... Translated & Review By Chu ChuEncoded By LK
movie
2006
Jo Pil-ho: The Dawning Rage(2019) 6.4
Jo Pil-ho: The Dawning Rage(2019) Jo Pil-ho: The Dawning Rage(2019) IMDb...6.4 ပီးဟိုဆိုတဲ့ရဲတစ်ယောက်ဟာ ရဲဝန်ထမ်းတွေကြားမှာ သတိထားစရာအတော်ကောင်းလာတယ်.. ၀န်ထမ်းကောင်းရဲကောင်းတစ်ယောက်အနေနဲ့တော့မဟုတ်ဘူး....လူမိုက်တွေနဲ့ပေါင်းတယ်... ငွေရဖို့ကို လုပ်ပိုင်ခွင့်တွေထဲကနေ ဥပဒေမဲ့ လုပ်တယ်.... ဖောက်ထွင်းသူတွေနဲ့လည်း လစ်ရင်လစ်သလို မျိုးမျိုးမျက်မျက်အကွက်တွေဆင်လေ့ရှိတယ်... သူ့ပုံစံကြည့်ရတာ ဒီအကွက်တွေရွှေ့ရတာ အတော်ကိုကျွမ်းကျင်နေတဲ့ပုံပင်... ဘယ်လိုပင်အကွက်ရွှေ့ကျွမ်းကျွမ်း အဂတိတိုက်ဖျက်ရေးအဖွဲ့က သူ့နောက်ကို သိသိသာသာပင် လိုက်နေကြတယ်....ဒါကို သိတဲ့ ပီးဟိုဟာ နောက်ဆုံးအနေနဲ့ အချီကြီးပွပေါက်ရအောင်ကြံပြီး သူ့နောက်လိုက်တဲ့သူတွေကိုမျက်ခြေဖြတ်ဖို့ကြိုးစားတယ်... သို့ပေမယ့် သူထင်ထားသလိုမဖြစ်လာတဲ့အပြင် အဆိုးတကာ့အဆိုးဆုံးသော အန္တရယ်တောထဲကိုရောက်လို့သွားပါတော့တယ်... ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရှုလိုက်ပါ... ဒီကားက  မင်းသား Sun-kyun Lee အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သူဟာ ဒီလိုဇာတ်ရုပ်တွေမှာလည်းအတော်ပိုင်ပါတယ်.. A Hard Day (2014) ထဲမှာလည်း ဒီပုံစံမျိုးသရုပ်ဆောင်ထားတယ်..ဒီကားနဲ့တော့ ဇာတ်လမ်းက အတော်ကွဲပါတယ်... တစ်ခုတော့ ကြိုပြောထားမယ်... ဗီလိန်နေရာက အဓိကထားရိုက်တဲ့အပြင် အန္တရယ်ဇုံထဲမှာ မလှုပ်သာ မလူးသာ ဖြစ်နေတဲ့နေရာကို ကြည့်ရှုသူ ကိုင်တိုင်ရောက်ရှိနေပြီး တကားလုံးစိတ်လှုပ်ရှားနေရလို့ ရင်မောနေရပါလိမ့်မယ်... အက်ရှင်မှုခင်းကားကြိုက်သူတို့အဖို့ ခံစားကြည့်လိုက်ဦးဗျို့... File Size : (1GB) and (423 MB) Quality : WEB-DL 720p, Format…mp4 Duration…02:07:00 Genre :  Action Subtitle ...
movie
Jo Pil-ho: The Dawning Rage(2019)
2019
The Great Battle (2018) 6.5
The Great Battle (2018) ၂၀၁၈ ထွက်​ ကိုရီးယားရာဇဝင်​ကား​ကောင်း​လေးတစ်​ကားနဲ့ မိတ်​ဆက်​​ပေးဦးမယ်​​နော်​ ဇာတ်​ကားနာမည်​​လေးက The Great Battle ပါမင်းကြီးဂျူမုံတည်​​ထောင်​ခဲ့တဲ့ ဂိုဂု​လျောပြည်​ကို တရုတ်​ထန်​ဘုရင်​ ကျူး​ကျော်​ခဲ့တဲ့ အ​ကြောင်းကို စစ်​တိုက်​ပုံမျိုးစုံ ​ဝေ​ဝေဆာဆာနဲ့ ရိုက်​ကူးထားတဲ့ ရာဇဝင်​ကား​ကောင်း​လေးပါဂိုဂု​လျောက စစ်​သူကြီးယွန်းဟာ အန်​စီခံတပ်​အုပ်​ချုပ်​​ရေးမှူး ယန်​မန်​ချွန်​ရဲ့ အမိန့်​မနာခံမှုကို အပြစ်​​ပေးဖို့အတွက်​ သူ့ဆီကို သူလျှို​တွေ ​စေလွှတ်​​ပေါင်း မနည်းပါဘူးအန်​စီမြို့သား ဆာမူကို ​စေလွှတ်​လိုက်​ချိန်​မှာ​တော့ ဆာမူဟာ အုပ်​ချုပ်​​ရေးမှူးယန်​ရဲ့ ​ခေါင်း​ဆောင်​ပီသမှု​တွေကို မြင်​​တွေ့ရပြီး လုပ်​ကြံမှု မ​အောင်​မြင်​ခဲ့ပါဘူးတိုက်​ပွဲ​ပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်​ခိုက်​​အောင်​မြင်​ခဲ့တဲ့ တရုတ်​ထန်​စစ်​တပ်​ဟာ အန်​စီခံတပ်​ကို တိုက်​ဖို့ လာတဲ့အခါ ယန်​မန်​ချွန်​ရဲ့ ပါးနပ်​မှု လက်​ရုံးရည်​ နှလုံးရည်​ပြည့်​ဝမှု​တွေ​ကြောင့်​ လွယ်​လွယ်​နဲ့ မ​အောင်​မြင်​ခဲ့ပါဘူး၃ လ​လောက်တိုက်​ပွဲဝင်​ရတာကို တိုက်​ခန်းခိုက်​ခန်း မြိုင်​မြိုင်​ဆိုင်​ဆိုင်​နဲ့ ရိုက်​ကူးထားလို့ ကြည့်​ရတန်​တဲ့ ရာဇဝင်​ကား​ကောင်းတစ်​ကားပါဒီ့အပြင်​ အချစ်​ အလွမ်း နဲ့ တိုင်းပြည်​ချစ်​စိတ်​​တွေကိုပါ ​ပေါ်လွင်​​အောင်​ ရိုက်​ပြထားလို့ ရသမျိုးစုံကို ​ပေးစွမ်းနိုင်​တဲ့ ...
movie
The Great Battle (2018)
2018
Illang: The Wolf Brigade (2018) 6.0
Illang: The Wolf Brigade (2018) Illang: The Wolf Brigade (2018)_____IMDb - 6.0/10    ဒီဇာတ်ကားဟာ ကိုရီးယားတွေက Japanese animated film Jin-Roh: The Wolf Brigade ကို live action ပြန်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားနဲ့ပတ်သက်ပြီး review မျိုးစုံပေးထားပေမယ့် ကြည့်ရကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Kin Jee Woo ရိုက်ကူးထားပြီး Cast တွေကတော့ Cold eyes ဇာတ်ကားထဲက မင်းသမီးချောလေး Hyo Joo Han, အဲ့ကားထဲမှာပဲပါဝင်ခဲ့တဲ့မင်းသားကြီး Woo Sung Jung တို့အပြင် မင်းသား Dong Won Gang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်အိမ်ကို အနာဂတ် ၂၀၂၉ခုနှစ်မှာတည်ထားပြီး မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးနေသည့်ကာလတွင်အခြေတည်ထားပြီး အဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ကိစ္စရပ်များကိုရိုက်ကူးထားတာပါ။ ပေါင်းစည်းရေးကိစ္စကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကိုရီးယားနိုင်ငံစီးပွားရေးထိုးကျပြီး လူထုကြားမတည်ငြိမ်မှုတွေဖြစ်ပေါ်လာကာ အစိုးရကိုဆန့်ကျင်သည့် ...
movie
Illang: The Wolf Brigade (2018)
2018
The Yellow Sea (2010) 7.3
movie
The Yellow Sea (2010)