Channel Myanmar

Park Gil-soo

Tae Guk Gi: The Brotherhood of War (2004) 8.1
Tae Guk Gi: The Brotherhood of War (2004) IMdb Rating (8.0) / Rotten Tomatoes (80%)ဒါရိုက်တာရင်လို့သိကြတဲ့မင်းသားကြီး Jang Dong-Gun နဲ့ ထယ်ဆောက်လို့ သိကြတဲ့ မင်းသား Won Bin တို့ပါဝင်တဲ့ဒီဇာတ်ကားက လူကြိုက်များပြီးသား ကိုရီးယားစစ်ကားတစ်ကားဖြစ်ပါတယ်။သမိုင်းနောက်ခံ Fatherland Liberation War လို့ခေါ်တဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ 25ဇူလိုင်လ၁၉၅၀ကနေစပြီးဖြစ်ပွါးခဲ့ပါတယ် ၃နှစ်ကြာ(၁၉၅၀ ဇူလိုင် ၂၇မှ)ပြီးမယ့်ဒီစစ်ပွဲမှာ အမေရိကန်တွေက တောင်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့သလို ဆိုဗီယက်အထောက်အပံ့ရထားတဲ့တရုတ်တွေကမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့တယ်ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအရှိန်မြင့်နေတဲ့အချိန်မှာဖြစ်ခဲ့တဲ့ဒီစစ်ပွဲမှာ ၁၉၄၅စက်တင်ဘာလ၈ရက်နေ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ချီယွန်ကိုရောက်လာပြီး လတ္တီကျူ38ဒီဂရီမျဉ်းနဲ့အပြိုင်ဒေသမှာ ဂျပန်တို့လက်နက်ချပွဲတက်ရောက်ခဲ့တယ် ၁၉၄၅ဒီဇင်ဘာလမှာ ဆိုဗီယက်အမေရိကန်ကော်မရှင်အဖွဲ့ကကိုရီးယားကိုအုပ်ချုပ်ခဲ့တယ် ဂျပန်ကိုအတူတိုက်ထုတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသားတွေဟာတောင်မြောက်ကွဲပြီး သူသေကိုယ်သေတိုက်နေသလို စစ်အေးကာလသြဇာကြီးမားဖို့အတွက် အမေရိကန်နဲ့ဆိုဗီယက်တို့ကလဲအပြိုင်အဆိုင်တိုက်ကောင်းနေကြတဲ့အချိန်လဲဖြစ်တယ်ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာ ဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်.... ညီအကို၂ယောက်ကတော့  ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့ နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေ့ါ..... အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့ အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေး တွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ်ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့ သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်... ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကို မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ် အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့ အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေ ညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ် စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ... သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ... ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယား တပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ... စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလို အချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်း အပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကို ရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ် IMDb rating ...
movie

Tae Guk Gi: The Brotherhood of War (2004)

2004
Hanbando (2006) 4.8/10
Hanbando (2006) Hanbando (2006) ဒီကားလေးကတော့ 2006 က ထွက်ရှိခဲ့ပြီး ကိုရီးယား-ဂျပန် နှစ်နိုင်ငံကြား ပဋိပက္ခကို ပုံဖော်ရိုက်ကူးထားတာပါ။ တောင်နှင့်မြောက် ကိုရီးယားအစိုးရအနေနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးပြန်လည် ရယူရန်အတွက် ဂယောင်းဝီမီးရထားလမ်းကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့ကြပါတယ်။ သို့ပေမယ့် ဂျပန်နိုင်ငံမှ လွန်ခဲ့တဲ့ရာစုနှစ်က ဂျိုဆွန်းဘုရင်နဲ့ ထားရှိခဲ့ကြတဲ့ သဘောတူညီချက်စာချုပ်ပါအကြောင်းအရာအရ ဂယောင်းဝီမီးရထားလမ်း မူပိုင်ခွင့်ကို ဂျပန်တို့ဘက်မှပိုင်ဆိုင်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်မပြုကြောင်း ဖွင့်လှစ်ခဲ့ပါက ကိုရီးယားစီးပွားရေးဈေးကွက်ကို ပိတ်ဆို့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ သဘောတူညီချက်စာချုပ်မှာပါတဲ့ နိုင်ငံတော်တံဆိပ်ဟာ အတုဖြစ်နေခဲ့ကြောင်း သိရှိသွားတဲ့အချိန် တောင်ကိုရီးယားသမ္မတမှ သမိုင်းကြောင်း ပညာရှင် ချွဲမင်ဂျယ်နဲ့ ဂျိုဆွန်း‌ဘုရင်မျိုးဆက် ကင်မ်ယူရှစ်တို့ကို ‌တံဆိပ်တုံးအစစ်ကို ရှာဖွေစေပြီး သမိုင်းကို ပြင်ဆင်ရန် ခိုင်းစေခဲ့ပါတော့တယ်။ နိုင်ငံပိုင်တံဆိပ်တုံးအစစ်ကို ရှာတွေ့ပြီး ဂျပန်တို့လက်ထဲမှ ဂယောင်းဝီမီရထားလမ်းမူပိုင်ခွင့်ကို ပြန်လည်ရယူနိုင်မလား ကိုရီးယားစီးပွားရေးဈေးကွက်ကရော အခြေအနေပြန်လည်တည်ငြိမ်သွားမလားဆိုတာကတော့ ဒီကားလေးမှာ စောင့်ကြည့်ရမှာပါ။ သမိုင်းကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ ကားလေးဖြစ်တဲ့အပြင် နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ File Size - 2.1 GB , 740 MB Quality - 1080P , 720P Subtitle - Myanmar (Hardsub) Translator - Milkeux Encoder - August
movie

Hanbando (2006)

2006
Miracle in Cell No. 7 (2013) 8.2

Miracle in Cell No. 7 (2013)