Channel Myanmar

Park Myung-hoon

Noryang: Deadly Sea(2023) 7.0
Noryang: Deadly Sea(2023) Noryang: Deadly Sea(2023)*************************စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ်  စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့  ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့  cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : ...
movie

Noryang: Deadly Sea(2023)

Our Season(2023)
Our Season(2023) Our Season(2023)*****************ဒီကားက ပိုစ်စတာကလည်းဆွဲဆောင်မှုမရှိ...ခပ်မိုက်မိုက်မင်းသားတွေလည်းမပါ...မင်းသမီးကြီးတွေဖြစ်တဲ့ Kim Hae Sook ,Shin Min Ah wတို့ပါတယ်ဆိုသော်ငြားလည်းကောင်းပါ့မလားလို့ကျွန်တော့်လိုတွေးမိကြမယ်သူတွေများမယ်ထင်တယ်...သို့သော်ဒီကားက ၂၀၂၃ရဲ့ အကောင်းဆုံးသော ကွီးယားကားတွေထဲကိုထည့်ကိုထည့်ရမယ်ထင်တယ်...ဘတ်ဘို့ဂျာဆိုတဲ့အသက် ၆၀ ဝန်းကျင်အမျိုးသမီကြီးဟာ နှလုံးရောဂါနဲ့ရုတ်တရက်ဆုံးပါးသွားတယ်..သေလွန်ပြီးလို့ ဝိဉာဉ်ဘဝနဲ့ ရှိနေချိန် သေမင်းကနေ သူ့ကို အားလပ်ရက်အဖြစ် အချိန်(၃)ရက်ပေးပါတယ်..ပြောရရင် တခြားဘဝတစ်ခုကိုမကူးခင် နောက်ဆုံးဆန္ဒအနေနဲ့ ၃ ရက်မှာ လုပ်ချင်တာလုပ်ပါစေဆိုတဲ့သဘောပေါ့...ဘတ်ဘို့ဂျာဆိုတဲ့အမျိုးသမီးကြီးကတော့ သူမရဲ့  သမီးဖြစ်သူအနားမှာနေရင်း အချိန်ကုန်ဆုံးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်...ဒီလိုနဲ့ သမီးဖြစ်သူရှိတဲ့နေရာကို ရောက်သွားခဲ့တဲ့အချိန်မှာတော့... အားလုံးကိုပြောချင်တာကတော့ ဒီကားလေးကို ကြည့်ဖို့အချိန်မပေးနိုင်ရင်တောင်လောဆယ်ဒေါင်းသိမ်းထားကြပါ..အားလပ်တဲ့အချိန်လေးမှာ လူတိုင်းကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်...  File size…1.2GB & 486MB Quality…Web-Dl1080p , 720p Format…mp4 Duration….1hr 45min Genre ….. Drama, Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Treasure Htet,Miri,Stary & Hnin Wai Oo
movie

Our Season(2023)

Dr. Cheon and the Lost Talisman(2023) 7.1
Dr. Cheon and the Lost Talisman(2023) Dr. Cheon and the Lost Talisman(2023)************************************ စွန်းကြမ်းတဲ့ အပနှင်Mystery / Thriller movie  လာပါပြီ... အပနှင်တဲ့သူလိုလို နတ်ဆရာလိုလို အာပလာ ပရော်ဖက်ဆာချွန်းနဲ့ သခင်လေးဂန်လို့ ခေါ်တဲ့ သူ့တပည့် ဂန်အင်ဘယ်တို့က အပနှင်ဖို့ အလုပ်လာအပ်တိုင်း အပနှင်ချင်ယောင်ဆောင် အိမ်ကို 4D နည်းပညာသုံးပြီးတော့ ဝုန်းဒိုင်းကြဲပြလေ့ရှိပါတယ် ပစ္စည်းတွေကိုလည်း မကောင်းဆိုးဝါးကပ်နေတယ်ဆိုပြီး သိမ်းယူလာခဲ့ပြီးအောက်ဈေးနဲ့ ပြန်ရောင်းစားနဲ့ ပိုက်ဆံရှာကြတဲ့ လူလိမ်တွေပေါ့ အပနှင်တဲ့ အလုပ်လုပ်ပေမဲ့လည်း သရဲ ရှိတယ်ဆိုတာကို လုံးဝ အယုံအကြည်မရှိသလိုသူတို့ရင်ဆိုင်ရမယ့်အရာက သရဲ မဟုတ်ဘဲ လူတွေရဲ့ စိတ်လို့ပဲ လက်ခံထားကြတယ်ဒါပေမဲ့ တစ်နေ့မှာ ယူဂယောင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီးတော့ သိန်း ၅၀၀ ပုံပေးပြီး သူ့ ညီမလေးကို အပနှင်ပေးဖို့အတွက် သူ့အိမ်ကို ခေါ်ခဲ့တယ်အလုပ်ဖြစ်ရင် နောက်ထပ် သိန်း ၅၀၀ ထပ်ပေးမယ်လို့ မက်လုံးပေးတဲ့အတွက် ပိုက်ဆံမက်တဲ့ပရော်ဖက်ဆာကြီးတို့လည်း ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်..... ကောင်မလေးအိမ်ကို ရောက်တဲ့အခါမှာ‌တော့ အလွန်ကြောက်စရာ ပရောဂစွဲကပ်နေသလိုအောက်လမ်းဆရာကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့....အညွှန်းကိုတော့Miriကရေးသားပေးထားပါတယ်...File size… ...
movie

Dr. Cheon and the Lost Talisman(2023)

Dream (2023) 6
Dream (2023) Dream (2023)အားလုံးမေးနေကြတဲ့ Park Seo Joon နဲ့ IU တို့ရဲ့ ရုပ်ရှင်ထွက်လာပါပြီရှင်ဇာတ်လမ်းအကျဉ်းကိုပြောရရင် တအားကြိုးစားပေမဲ့ မဖြစ်မြောက်တဲ့ ဘောလုံးသမားယွန်းဟုန်းဒယ်ဟာ စိတ်ဆတ်ပြီး ဒေါသမထိန်းနိုင်ရာကနေ အနုပညာထဲဝင်မယ်ဆိုပြီး ဖြစ်လာပါတော့တယ်အဲဒီမှာ ပီဒီအီဆိုမင်းနဲ့တွေ့ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အကြောင်းဖန်ရင်းနဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ အလုပ်အတူတွဲလုပ်ရပါတယ်သူတို့ရိုက်တဲ့အစီအစဉ်ကလည်း အိမ်ခြေရာမဲ့တွေကို ကမ္ဘာ့ဖလားဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးရတဲ့အလုပ်ဆိုတော့ အခက်အခဲတွေကြားက ရုန်းကန်ပြီး အိပ်မက်တွေကို ဖြည့်ဆည်းသွားကြမှာပါအမျိုးမျိုးကြုံတွေ့ရပြီးမှ ရေစက်လာဆုံကြတဲ့ သူတို့အသင်းက နောက်ဆုံးမှာ အောင်မြင်မလား ကျရှုံးမလားဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Sports Quality…. 1080p | 720p | 480p File size… 1.6GB | 814MB | 407MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Dream (2023)

2023
The Night Owl (2022) 7.4
The Night Owl (2022) The Night Owl (2023)ဒီတစ်ခေါက် တင်ဆင်ပေးမှာကတော့ နန်းတွင်းဇာတ်ကားကိုမှ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရမယ့် ရာဇဝတ်ဇာတ်လမ်းဖြစ်ပါတယ်ချောင်နိုင်ငံရဲ့လက်အောက်ခံဖြစ်နေတဲ့ ဂျိုဆွန်းမင်းဆက် အင်ဂျိုဘုရင်လက်ထက်မှာ ဇာတ်အိမ်တည်ထားပါတယ် ချောင်းဂယောင်းဆူဟာ ညီလေးဖြစ်သူရဲ့ ရောဂါကိုကုပေးချင်တဲ့အတွက် နန်းတွင်းသမားတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် အပ်စိုက် အထူးကျွမ်းကျင်တဲ့ ဂယောင်းဆူကတော့ အလင်းထဲမှာ မမြင်ရပေမဲ့ ညဘက်အမှောင်ထဲမှာဆိုရင်တော့ ရှင်းလင်းစွာ မြင်ရပါတယ် ဒါပေမဲ့နန်းတွင်းထဲမှာ မမြင်ချင်သလို မကြားသလို နေရမှာဖြစ်တဲ့အလျောက် အဲဒါကို ဖုံးကွယ်ထားခဲ့ပေမဲ့... ၈ နှစ်ကြာမှ ချောင်နိုင်ငံဓားစာခံအဖြစ်ကနေ ပြန်လာတဲ့ အိမ်ရှေ့စံရဲ့ သေဆုံးမှုကို မျက်မမြင်လို့သိထားကြတဲ့ ဂယောင်းဆူဟာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုရပါတော့တယ်မျက်မမြင်တစ်ယောက်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ့်ကိစ္စဟာ မယုံနိုင်စရာဖြစ်တဲ့အပြင် ဘုရင်ကိုလိမ်ထားတဲ့ ပြစ်မှုလည်း မြောက်နေပြန်တော့ ဘယ်လိုတွေ ရှေ့ဆက်ပြီး ဖြေရှင်းမလဲဆိုတာကို အတူကြည့်ရှုရမှာပါဂယောင်းဆူအဖြစ် Ryu Joon Yeol နဲ့ မင်းသားကြီး Yu Hae Jin က အင်ဂျိုဘုရင်အဖြစ် သရုပ်ဆောင်ထားပါတယ် ဝါရင့်မင်းသားကြီးနှစ်လက်ရဲ့ ဇာတ်လမ်းဆိုတော့ သရုပ်ဆောင်ပိုင်းတော့ အထူးပြောစရာမလိုတော့ပါဘူးနော် ရာဇဝင်ဇာတ်လမ်း ကြိုက်တတ်တဲ့သူတွေအတွက် ...
movie

The Night Owl (2022)

2023
Limit (2022)
Limit (2022) Limit (2022) ပိုကြည်တဲ့ WEB-DL version ထွက်လာလို့ update ပေးထားပါတယ်ခင်ဗျာ Limit ဆိုတဲ့ Thriller အမျိုးအစား ကိုရီးယား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ကလေးတွေကို ပြန်ပေးဆွဲမှုတွေကျူးလွန်နေတဲ့ ပြန်ပေးဂိုဏ်းတစ်ခုကို အသွင်ယူပြီး စုံစမ်းစစ်ဖို့ တာဝန်ပေးခံရတဲ့ ရဲမေ တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။သူများကလေးတွေကို ကယ်တင်ပေးနိုင်ဖို့ ကြိုးစားနေရရာက သူ့ရဲ့ ကလေးကပါ ပြန်ပေးဆွဲခံလိုက်ရပါတယ်။တစ်ဆက်တည်းမှာပဲ ပြန်ပေးသမားတွေက သာမန်ငွေညှစ်ရုံသက်သက်မဟုတ်ဘဲ ကလေးတွေရဲ့ ကိုယ်တွင်း အင်္ဂါတွေကို တရားမဝင်အရောင်းအဝယ်လုပ်ကိုင်နေတဲ့ ပြန်ပေးဂိုဏ်းဆိုတာ သိလိုက်ရတဲ့အခါ သူ ဘယ်လိုတွေ ဆက်လုပ်မလဲ?ကလေးတွေကို ကယ်တင်နိုင်ဖို့နဲ့ ပြန်ပေးဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းနိုင်ဖို့ ရေကုန်ရေခမ်းကြိုးစားမဲ့ ရဲမေလေး ... နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှုလိုက်ရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Estel ပါ။)File Size          : 1.4GB, ...
movie

Limit (2022)

2022
The Policeman’s Lineage (2022) 6.6
The Policeman’s Lineage (2022) The Policeman's Lineage (2022)အရမ်းကိုနူးညံ့ပြီး ချစ်တတ်တဲ့ပန်းချီဆရာ ချွဲအွန်းကို ခဏလောက်မေ့ထားလိုက်ပါတရားမျှတပြီး ရဲတာဝန်ကိုကျေချင်တဲ့ ချွဲမင်ဂျယ်လာပါပြီပြစ်မှုကျူးလွန်သူတွေကို ဖမ်းပုံဖမ်းနည်းမတူတဲ့ ရဲနှစ်ယောက်စည်းမျဉ်းကိုလိုက်နာပြီး တာဝန်ကိုထမ်းဆောင်သွားမယ်ဆိုတဲ့ ချွဲမင်ဂျယ်နဲ့ တရားခံကိုဖမ်းရဖို့ ဖြတ်လမ်းကနေ ကိုယ်တိုင်ပြစ်မှုတွေလုပ်နေတဲ့ ဘတ်ဂန်ယွန်းတို့ တစ်ဖွဲ့တည်းဖြစ်သွားချိန်မှာ..အမှုလိုက်တဲ့နေရာမှာ ဆန့်ကျင်ဘက်နည်းလမ်းကို အသုံးပြုတဲ့နှစ်ယောက်ဟာ အသည်းအသန်လိုက်နေတဲ့ မူးယစ်ဖြန့်ဖြူးသူ နာယောင်းဘင်ကို မိနိုင်မလား၊ဘတ်ဂန်ယွန်းနောက်ကြောင်းကို စုံစမ်းဖို့အဖွဲ့ထဲဝင်လာတဲ့ နည်းလမ်းမှန်မှန်နဲ့ အမှုလိုက်တတ်တဲ့ ချွဲမင်ဂျယ်ကရော တကယ့်နည်းလမ်းမှန်ကို သိသွားမလားဆိုတာကို ကြည့်ရှုပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama Quality….WEB-DL 1080p and 720p and 360p File size…1.6GB and 862MB and 278MB Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August
movie

The Policeman’s Lineage (2022)

2022
On the Line (2021) 7.3
On the Line (2021) On the Line (2021)IMDb - 7.3/10Voice Phishing ဆိုတာ အသံနဲ့လိမ်လည်မှု တစ်နည်းပြောရရင် ဖုန်းဆက်ပြီးလိမ်တဲ့ လိမ်နည်းပါပဲကျွန်မတို့မြန်မာနိုင်ငံမှာ ဒီစကားလုံးနဲ့စိမ်းနေပေမဲ့ ကိုရီးယားမှာတော့ မကြာခဏဖြစ်လေ့ရှိတဲ့ လိမ်လည်မှုလို့ ပြောရင်လည်းမမှားပါဘူး"အသံနဲ့ လိမ်တယ်ဆိုတာက သနားကြင်နာမှုပဲ ဦးနှောက်မရှိတာ အသိပညာမရှိတာနဲ့မဆိုင်ဘူး တစ်ဖက်လူရဲ့ မျှော်လင့်ချက်နဲ့ ကြောက်ရွံမှုကို သုံးရတာ"လူတွေရဲ့ စိတ်လှုပ်ရှားဆုံး ကြောက်ရွံ့ဆုံးအချိန် အမှားအမှန်မခွဲခြားနိုင်တဲ့ အချိန်ကို အသုံးချပြီး ငွေကြေးလိမ်လည်နေတဲ့အဖွဲ့အစည်း....လုပ်ဖော်ကိုင်ဖက်တွေ ငွေအလိမ်ခံရတာကို နောက်ဆုံးအချိန်ထိလိုက်မဲ့ ရဲဝန်ထမ်းကနေ နှုတ်ထွက်ထားတဲ့ ဟန်ဆောဂျွန်း....ဒီအမှုကို ဟန်ဆောဂျွန်းနောက်ဆုံးအချိန်ထိ ထုတ်ဖော်သွားနိုင်မလားဆိုတာ On the line မှာကြည့်ရှုပေးကြပါဦးနော်Cast တွေကတော့ Byun Yo Han နဲ့ Woo Jin Ah တို့ပဲ ဖြစ်ကြပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Her latest blogGenre.....Action, Crime, Drama Quality….FHDRip 1080p and 720p and 480p File size…1.5GB ...
movie

On the Line (2021)

2021
Deliver Us from Evil(2020) 7.0
Deliver Us from Evil(2020) Deliver Us from Evil(2020)NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေအနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား....အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်....ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီးလူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်.....နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားြပန်ချေဖို့ကြိုးစားပါတော့တယ်...ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ...ဉာဏ်ကောင်းထက်မြက်တဲ့အပြင်အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ...သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင်တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့....ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Leeတို့အပြုင်ကျဲထားတဲ့ကားပါ....အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ကလေးသူငယ်တွေနဲ့ခပ်နုနုသူတွေမကြည့်သင့်ပါဘူး...လည်လှီးခန်းတွေ ဗိုက်ကိုဓားနဲ့ထိုးပြီး ဆွဲမွှေ့တဲ့အခန်းတွေသွေးထွက်သံယိုခန်းပေါင်းများစွာပါဝင်ပါတယ်...အခြား အက်ရှင်မင်းသားကားတွေ ကြံဖန်သတ်ပုတ်နေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းကောင်းနဲ့လိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမျိုးမှရှယ်ဗျင်းတဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ... File Size :(900 MB) and (328MB) Quality : FHDRip  720p Format…mp4 Duration…01:48:00 Genre : Crime ,  Action Subtitle : Myanmar Subtitle (Hard Sub) Translated by Phu Nge Nge Thein Encoded by ...
movie

Deliver Us from Evil(2020)

Parasite (2019) 8.6
Parasite (2019) (Unicode)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Bong Joon-Ho ရဲ့ နောက်ထပ် ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ဒီဒါရိုက်တာကို မသိရင်တောင် သူရိုက်ခဲ့တဲ့ Mother တို့ Memories of murder တို့ကို သိကြမှာပါ။အခုလည်း ဒီရုပ်ရှင်ဟာ 2019 Cannes ရုပ်ရှင်ပွဲတော်ရဲ့ The Palme d'Or ဆုကို ဆွတ်ခူးသွားပြီး ကမ္ဘာကျော်သွားခဲ့ပြန်ပါတယ်။ဒီကားကို ရုံမှာကြည့်ခဲ့တဲ့ သူတိုင်းလည်း ရင်သပ်ရှုမောနဲ့ အကြိုက်တွေ့ခဲ့ရတာချည်းပါပဲ။အခုတင်ပေးထားတဲ့အထဲမှာတော့ ရုံမှာမပါလိုက်တဲ့ အခန်းတစ်ခု အပိုပါပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လိုညွှန်းရမှန်းကိုမသိပါဘူး။ဇာတ်လမ်းကတော့ ဆင်းရဲသားမိသားစု တစ်စုဟာ လူချမ်းသာမိသားစုတစ်ခုဆီက လှည့်စားအမြတ်ထုတ်နေရင်း မထင်မှတ်တာတွေ အများကြီးဖြစ်လာတာဆိုပါတော့။ဒီရုပ်ရှင်မှာ ချဲ့တွေးရင်တွေးနိုင်သလောက် သဘောတရားတွေ အများကြီးပြထားပါတယ်။ရိုက်ချက်တွေ ဒါရိုက်တာပြထားတာတွေကလည်း ခံစားရင်ခံစားနိုင်သလောက် သဘောကျစရာတွေ ပြည့်နေတာပါ။ဒီတော့ အရမ်းကောင်းတယ် ကြည့်ကိုကြည့်သင့်တယ်လို့ပဲ ညွှန်းချင်ပါတော့တယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်... File ...
movie

Parasite (2019)

2019