Channel Myanmar

Park Yu-hwan

Equals (2015) 6.0
Equals (2015)  ဒီဇာတ်ကားလေးကတော့ မင်းသား Nicholas Houltနဲ့မင်းသမီး Kristen Stewartတို့ အဓိကသရုပ်ဆောင်ထားတဲ့ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအမျိုးအစားက sci-fi၊romanceအမျိုးအစားဖြစ်ပြီးဇာတ်အိမ်နဲ့ သရုပ်ဆောင်တွေ ကွက်တိကျလိုက်ဖက်နေတာကိုလည်းခံစားရမှာပါ။ဇာတ်လမ်းအကြောင်းကိုပြောပြရင် ကမ္ဘာ့ပျက်ကပ်ကြီးအပြီးခေတ်လွန်ကာလတစ်ခုမှာ လူတွေဟာ စိတ်ခံစားချက်ကိုဦးစားမပေးတော့ဘဲ အရာရာကို စနစ်တကျ စက်ရုပ်လိုသာနေထိုင်ကြပါတော့တယ်...။တစ်ယောက်နဲ့တစ်ယောက် ခံစားချက်၊ အထိအတွေ့ဆိုတာမရှိသလိုစိတ်ခံစားချက်ကို ရောဂါတစ်ခုလိုလက်ခံကျင့်သုံးနေကြတာပါ...။ခံစားချက်ပေါ်လာရင်၊ စွဲလမ်းသွားရင် ဒီစိတ်ကို ကုသဆေးတွေနဲ့ချုပ်တည်းပြီးနေရပါတယ်...။ဒီလိုအခြေအနေမျိုးမှာ အချစ်ဆိုတဲ့ ခံစားချက်ကို ဖိနှိပ်ချုပ်တည်းဖို့ကဖြစ်နိုင်ပါ့မလားဆိုတာကို....ဒီဇာတ်လမ်းလေးကြည့်ရင်း sci-fi ရိုမီယို၊ဂျူးလိယက်ပုံပြင်လေးတစ်ပုဒ်အဖြစ် ရှုစားလိုက်ပါတော့ဗျာ...။ File size…1.18GB / 497MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 41m Genre ….. Drama , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Equals (2015)

Musudan (2016)
Musudan (2016) Musudan (2016)ပန့်ဟောက်စ် ထဲက ရှင်းဆူယွန်း လို့ လူသိများတဲ့ မင်းသမီးကြီး အီဂျီအာ ရဲ့ Mystery Thriller ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ တောင်ကိုရီးယားနှင့်မြောက်ကိုရီယားနယ်စပ်ကြားမှာ အကြောင်းအရင်းမရှိလူသေမှု၊ လူပျောက်မှုတွေ ဖြစ်နေခဲ့လို့ ဒီအကြောင်းကိုစုံစမ်းဖြေရှင်းဖို့ တောင်ကိုရီးယားက အထူးတပ်ဖွဲ့ဖွဲ့ပြီး ၂၄နာရီမစ်ရှင် တစ်ခုကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတပ်ဖွဲ့ နယ်စပ်ကိုရောက်သွားတဲ့အခါမှာတော့ သာမန်မဟုတ်တဲ့အဖြေတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒီအဖြေက ဘာဖြစ်မလဲဆို‌တာ ဖော်ထုတ်ရင်း ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံတွေ့ရလဲ၊ အ‌ဖြေကို ရှာတွေ့တဲ့အချိန်ဘာဆက်လုပ်ကြလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်လာလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Yolanda Shwe ပဲ ဖြစ်ပါတယ်Genre.....Action, Mystery, Thriller Quality….1080p | 720p| 480p File size…1.4Gb | 745MB | 275MB Format…mp4 Duration….1h 27min Subtitle….Myanmar Subtitle (Hardsub) Translator ..... Yolanda Shwe Encoder ..... August
movie

Musudan (2016)

One-Line (2017) 6
One-Line (2017) One-Line (2017) ကိုးရီးယားကားဆို Crime ဘက်သွားတဲ့ Movie တွေမှကြိုက်တဲ့ ကျွန်တော့်လိုလူတွေရှိလားဗျ ဒီလိုဆိုရင်တော့ 2017 ခုနှစ်မှာ ထွက်ရှိထားတဲ့ One-Line ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်းပေးမယ်ဗျာ ဒီကားက လိမ်လည်ချေးငွေလုပ်ငန်းကို အခြေတည်ထားတာပါ Korea drama/Crime ဆိုတော့ ထုံးစံအတိုင်း ထိုးတာ ကြိတ်တာတွေကတော့ မပါမဖြစ်ပေါ့ သတ်မှတ်ချက်တွေ မပြည့်မှီတာကြောင့် ချေးငွေထုတ်ယူခွင့်မပြုတဲ့သူတွေကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုက နောင်တစ်ချိန်မှာ ဆရာကြီးဖြစ်လာမယ့် ကျောင်းသားလေးကို အလုပ်ခန့်ခဲ့တာကနေ စပါတယ် ဉာဏ်ကိုလွှာပြီး သုံးတတ်တဲ့ဆရာသမားက တစ်စစနဲ့ ဝင်ငွေတွေတိုးလာပြီး ပြသနာတစ်ခုတက်ပြီး နောက်ဆုံး သူတို့အဖွဲ့ပျက်သွားရော ​နောက်တော့ သူက သူ့လက်သူ့ခြေနဲ့ ​အဲ့ဒီအလုပ်ပဲလုပ်ပြီး ဆရာတစ်ဆူဖြစ်လာပါတယ် ဒါပေမယ့် လူကောင်းနဲ့ လူဆိုးဆိုတာ နေရာတိုင်းမှာ ဒွန်တွဲပြီးရှိနေတာပဲမလား ​ရဲတွေက သူတို့တွေကို ဖမ်းဖို့ကြိုးစားရင်း ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားရိုက်ပြထားတာမို့ ကြည့်ရှုလိုက်ကြပါဦးဗျာ Translated by : Amelia Encoded by : August
movie

One-Line (2017)

2017