Channel Myanmar

Parmeet Sethi

Tumse Na Ho Payega (2023) 7.6
Tumse Na Ho Payega (2023) Tumse Na Ho Payega 2023 (imdb 9.2/10)ငယ်ငယ်တုန်းက မိဘတွေက နင်ဒီလောက်ညံ့နေတာ အတန်းထဲက အဆင့်တစ်ချီးစားပါလားတို့ဘာတို့ဆိုပြီး အဆူခံရဖူးတဲ့ ပရိသတ်တွေရှိကြလားဆိုရှယ်မီဒီယာပေါ်မှာ ခရီးသွားလိုက် ဘားကလပ်သွားလိုက် အိုင်ဖုန်းကြီးဝယ်ကိုင်ပြလိုက်နဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး စိတ်ဓာတ်ကျဖူးလား အဲဒီလိုခံစားချက်မျိုးတွေရှိဖူးတယ်ဆိုရင် ဒီဇာတ်ကားလေးက ပရိသတ်တို့အတွက် ကိုယ့်ဘဝကိုယ်ရောင်ပြန်ဟပ်စေမဲ့ ပုံမှန်အလုပ်လေးလုပ် တခါတလေဘားသွား crush ကပြန်မကြိုက် ကိုယ့်ဘဝကြီးကိုစိတ်ကုန် စသဖြင့် ကိုယ့်အကြောင်းရိုက်ပြနေသလိုကို ခံစားစေရမှာပါအဲဒီလိုမျိုး မိဘကပေးတဲ့ ပရက်ရှာတွေ ပတ်ဝန်းကျင်ကပရက်ရှာတွေ ဆိုရှယ်မီဒီယာဘာညာစသဖြင့် ပရက်ရှာပေါင်းများစွာနဲ့ လူငယ်ခြေကျဘဝကို ပုံဖော်ပြထားတာမို့ စော်မရှိစာမလာ ဘူကောင် မန်ယူဖန်တွေကြည့်သင့်ကြောင်း ညွှန်းဆိုပေးပါရစေဇာတ်လမ်းအကျဉ်းလေးကတော့ အဓိကမင်းသားဂေါ်ရာဗ့်ဟာ သူ့ရဲ့နိစ္စဒူဝနေ့စဉ်ဘဝကြီးကိုစိတ်ကုန် သူ့ရဲ့ crush လေး ဒေဗစ်ကာကလည်း သူ့ဘဝရဲ့အမုန်းဆုံးကျောင်းသားဘဝထဲက ပြိုင်ဘက် အာဂျွန်နဲ့တွဲနေတော့ စိတ်ဓာတ်ကျပြီး အလုပ်မှာမပျော်တော့လို့ အလုပ်ထွက်လိုက်တာကနေ သူ့ဘဝကြီးက ပိုပဲအဆင်ပြေသွားမလားမိဘ ချစ်ရတဲ့သူ ပတ်ဝန်းကျင်စတဲ့ ပရက်ရှာတွေအောက်မှာ ဘယ်လိုအဆင်ပြေအောင် ရှေ့ဆက်မလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့တင်ဆက်ထားတာမို့ ပရိသတ်တို့ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ် File size…2.13GB /  1.2GB Quality…1080p WEB DL ...
movie

Tumse Na Ho Payega (2023)

2023
Mission Majnu(2023) 9.3
Mission Majnu(2023) Mission Majnu (2023) Action, Drama, History IMDb 9.3/10 (5.7K)အခုတစ်ခါတင်ဆက်ပေးမယ့် ဘောလီဝုဒ်ကားလေးမှာတော့ မင်းသားချောလေး ဆဒ်ဒါသ်မလိုသရားနဲ့ အားလုံးရဲ့အသည်းစွဲမင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားက အဓိကပါဝင်သရုပ်ဆောင်ပေးထားပြီး Netflix မှ Streaming လုပ်လာတဲ့ ကားလေးပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်း အမေရိကန်ဟာ ဂျပန်ကို အဏုမြူဗုံးကြဲချလိုက်ပြီးနောက် စစ်ပွဲကာလကြီး ပြီးဆုံးသွားခဲ့ပါတယ်။ သို့ပေမယ့် အဲ့ဒီရဲ့နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကမ္ဘာပေါ်မှာ သူ့ထက်ငါအပြိုင် နျူးကလီးယားဗုံးတီထွင်ဖို့ လုပ်လာကြပါတယ်။ဒီထဲမှာမှ အရှေ့တောင်အာရှတိုက်အတွင်း အိန္ဒိယနိုင်ငံဟာ ၁၉၇၄ခုနှစ် မေလ ၁၈ရက်နေ့ မနက်ပိုင်းမှာ နျူးကလီးယားဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဒါကို ရန်လိုနေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံဟာလည်း အလားတူ နျူးကလီးယားဗုံးမျိုးကို တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်။တစ်ဖက်မှာ အိန္ဒိယနိုင်ငံဟာ တရားမဝင် စမ်းသပ်မှုပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝိုင်းဝန်းရှုတ်ချခိုင်းနေခဲ့တဲ့ ပါကစ္စတန်နိုင်ငံဟာ တစ်ဖက်မှာလည်း ကမ္ဘာကြီးမသိအောင် နျူးကလီးယားအစိတ်အပိုင်းတွေကိုမှောင်ခိုတင်သွင်းနေပါတော့တယ်။ဒါကို ရိပ်မိလာတဲ့ အိန္ဒိယဟာလည်း ပါကစ္စတန်နိုင်ငံထဲ သူလျှိုတွေလွှတ်ပြီး ဒီအစိတ်အပိုင်းတွေကို ဖျက်ဆီးရပါတော့မယ်။ကဲ ဆက်လက်ပြီး ဒီစစ်ဆင်ရေးကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြတော့နော်...။ File size…1.69GB / 847MB Quality…1080p NF ...
movie

Mission Majnu(2023)

2023
Sharmaji Namkeen (2022) 8.5
Sharmaji Namkeen (2022) Sharmaji Namkee (2022) ========================IMDb (8.3/10)အခုတစ်ခါမှာတော့ Channel Myanmar ကနေSharmaji Namkee လို့အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီရုပ်ရှင်ကတော့ ဘောလီဝုဒ်ရုပ်ရှင်လောကအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူးရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ B.G. Sharma နေရာကို မူလပထမက ဘောလီဝုဒ်ရဲ့နာမည်ကြီးမင်းသား Ranbir Kapoor တို့ရဲ့ဖခင် မင်းသားကြီး Rishi Kapoor ကနေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်စိတ်မကောင်းစွာနဲ့ပဲ မင်းသားကြီး Rishi ဟာ ရုပ်ရှင်ရိုက်ကူးနေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အတွက်အခြားမင်းသားကြီးတစ်လက်နဲ့ အစားထိုးကာပြန်လည်ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်အစားထိုးရိုက်ကူးမဲ့မင်းသားကြီးကလည်း အခြားသူမဟုတ်ပါဘူး နာမည်ကြီး Oh My God ရုပ်ရှင်မှာဘုရားသခင်ကိုတရားစွဲခဲ့တဲ့ မင်းသားကြီး Paresh Rawal ပဲဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအညွှန်းလေးကို သွားလိုက်ကြရအောင်B.G.Sharmaji ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးတဲ့နောက် အိမ်မှာဟိုနားမတ်တပ် ဒီနားငုတ်တုတ်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီးသူဝါသနာပါရာ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် စပြီး ...
movie

Sharmaji Namkeen (2022)

2022
Dilwale Dulhania Le Jayenge (1995) 8.1
Dilwale Dulhania Le Jayenge (1995) IMDb (8.1/10) / Rotten Tomatoes (94%)"ပြဿနာမရှိပါဘူး မိန်းမလှလေးနိုင်ငံကြီးတွေမှာ ဒီလိုအသေးအမွှားလေးတွေ ဖြစ်တတ်ပါတယ်"Dilwale Dulhania Le Jayenge (1995) ဆိုတဲ့ နာမည်မြင်ရုံနဲ့ ဘောလိဝုဒ်ပရိသတ်တင်မကဘဲရုပ်ရှင်ချစ်သူအားလုံး ဒီကားကိုကြည့်ဖူးကြမယ်ထင်ပါတယ်ဇာတ်ကားမကြည့်ဖူးရင်တောင် ဒီဇာတ်ကားထဲကဇာတ်ဝင်တေးတွေကိုတော့ နားရေဝနေလောက်ရောပေါ့အခုချိန်ထိ ဒီဇာတ်ကားထဲက သံစဉ်တွေကို ဖုန်း Ring Tone ထားတဲ့သူတွေ တပုံကြီးပဲဗျာဒီဇာတ်ကားရဲ့အောင်မြင်မှုနဲ့ ရ,ထားတဲ့ဆုတွေကလဲ ဘောလိဝုဒ်မှာ စံချိန်တင်ပါပဲ...ယနေ့အချိန်ထိ DDLJ ကို ရုံတင်နေဆဲ ရုပ်ရှင်ရုံတွေ အိန္ဒိယမှာရှိသေးတယ်ဆိုပဲ..ထွက်နေသမျှ ဘောလီဝုဒ်အချစ်ကားတွေမှာလည်း ဒီကားနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေဒီဇာတ်ကားထဲက ဇာတ်ဝင်တေးတွေ နာမည်ကြီးဇာတ်ဝင်ခန်းတွေကို ပြန်လည်ဂုဏ်ပြုထည့်သွင်းလေ့ရှိနေကျပဲ.ဒီတော့ ဒီကားကို ကျွန်တော်မညွှန်းခင် အားလုံးသိပြီးကြလောက်မှာပါKing Khan ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတစ်ကားလို့လည်း ဆိုလို့ရသလိုSRK ကို Romance King ဖြစ်စေခဲ့တာ ဒီလိုဇာတ်ကားတွေကြောင့်ဆိုတာ ငြင်းလို့မရပါဘူးမင်းသမီး Kajol ဆိုတာကလဲ ရှရွတ်ခန်နဲ့အလိုက်ဖက်ဆုံးမင်းသမီးအဖြစ်နာမည်ကြီးသလို ဘောလိဝုဒ်နတ်ဘုရားမပဲကိုး...လိုက်ဖက်တဲ့သူတို့နှစ်ယောက်ကြောင့် ဒီဇာတ်ကားနာမည်ကြီးလှတာ သိပ်တော့မဆန်းလှပါဘူး..ဇာတ်လမ်းလေးညွှန်းဆိုရရင်ရာဂျ်ဆိုတဲ့ကောင်လေးလေးနဲ့ ဆင်မ်ရန်းဆိုတဲ့ကောင်မလေးဟာ ...
movie

Dilwale Dulhania Le Jayenge (1995)

1995
Tuesdays And Fridays (2021) 4.5
Tuesdays And Fridays (2021) Netflix ကတင်ဆက်ထားတဲ့ Bollywood ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ချောမောလှပပြီး စည်းကမ်းကြီးတဲ့ ဆီရာဟာ မွန်ဘိုင်းကရုပ်ရှင်လုပ်ငန်းမှာ ဥပဒေကိစ္စတွေ စီမံဆောင်ရွက်ပေးနေတဲ့ ရှေ့နေမလေးပါ ဗာရွန်ကတော့ လန်ဒန်မှာနေထိုင်တဲ့ နာမည်ကြီးလူငယ်စာရေးဆရာတစ်ဦးပါ။ တစ်နေ့ ဗာရွန်ဟာ သူ့ဝတ္တုကို ရုပ်ရှင်ရိုက်မယ့်ကိစ္စအတွက် အိန္ဒိယကိုလာရင်း မူပိုင်ခွင့်ကိစ္စတွေညှိနှိုင်းဖို့ ဆီရာနဲ့ စတင်ဆုံစည်းမိပါတယ်။ ဗာရွန်ရဲ့ ဝတ္တုအကြောင်း အပြန်အလှန်ဆွေးနွေးကြရင်း သူတို့နှစ်ဦးဟာ ရင်းနှီးသွားပါတယ်။ ထို့နောက် ဗာရွန်လည်း လန်ဒန်ကိုပြန်သွားပြီး ဆီရာက သူ့အလုပ်သူဆက်လုပ်နေခဲ့ပါတယ်။ အလုပ်မှာထူးချွန်တဲ့အတွက် ကုမ္ပဏီက လစာပြည့်ခွင့် ၂ လပေးတဲ့အတွက် ဆီရာဟာ သူ့မိခင် နေထိုင်ရာ လန်ဒန်မြို့ကို အလည်လာခဲ့ပါတယ်။ လန်ဒန်မှာ မမျှော်လင့်ဘဲ ဗာရွန်နဲ့ ဆီရာတို့ ပြန်လည်ဆုံစည်းမိပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးရဲ့ ရင်ထဲမှာ တစ်ယောက်ကိုယ်တစ်ယောက် စိတ်ဝင်စားမှုလေးတွေရှိလာပါတယ်။ ဒါပေမဲ့ ဗာရွန်မှာ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဗာရွန်ဟာ ကောင်မလေးတစ်ယောက်ကို ခုနစ်ပတ်ထက်ပိုပြီးတွဲလေ့မရှိပါဘူး။ ဗာရွန်ရဲ့ခံယူချက်က တွဲလာတာကြာလာတာနဲ့အမျှ စကားများရန်ဖြစ်ပြီး လမ်းခွဲတာထက်စာရင် စောစောစီးစီး နှစ်ဦးသဘောတူ ကြိုတင်လမ်းခွဲတာပိုကောင်းတယ်လို့ ခံယူထားသူပါ။ ဆီရာကတော့ တစ်ယောက်ဆိုတစ်ယောက် အချိန်အကြာကြီး အတည်တကျ လက်တွဲချင်သူပါ။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေကြပေမဲ့ ဗာရွန်ရဲ့ ခုနစ်ပတ်ပဲတွဲမယ်ဆိုတဲ့ ခံယူချက်ကြောင့် ရှေ့ဆက်မတိုးဖြစ်ကြပဲ ...
movie

Tuesdays And Fridays (2021)

Lakshya (2004) 7.9
Lakshya (2004) Lakshya (2004)===================================မြန်မာစာတန်းထိုးမြန်မာပြည်ပရိတ်သတ်တွေကြား လက်ပွားမင်းသားရယ်လို့ လူသိများလှတဲ့ ဘောလိ၀ုဒ်မင်းသား Hrithik Roshan နဲ့ Amitabh Bachchan , မင်းသမီးချော Preity Zinta တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားဟာ War-Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၊ ပြသချိန် ၃နာရီကျော် ကြာမြင့်ပါတယ်။ ဇာတ်ကားရဲ့နာမည် Lakshya ဆိုတာ မြန်မာလို "ရည်ရွယ်ချက် ၊ ရည်မှန်းချက်"လို့ အဓိပ္ပာယ်ရပြီး တိုင်းပြည်အနာဂါတ်အတွက် အရေးပါလှတဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍကို လူငယ်တစ်ယောက်အကြောင်းနဲ့ ဥပမာထား တင်ပြထားတာပါ။ကာရန်ရှာဂဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားဖြစ်ပြီး မိဘက လိုလေသေးမရှိ ဖြည့်ဆည်းပေးထားတဲ့အတွက် ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ကျောင်းပြီးသွားရင် သူ့ချစ်သူရိုမီလာအပါအဝင် သူနဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကပါ သူတို့ဘ၀တွေအတွက် ဘာလုပ်ကြမယ် ၊ ညာလုပ်ကြမယ်ဆိုပြီး ရည်မှန်းချက်ကိုယ်စီရှိကြပေမယ့် သူ့မှာတော့ ဘာရည်မှန်းချက်မှ မရှိပါဘူး။ဒီအချိန်မှာပဲ ရည်းစားဖြစ်သူနဲ့ သူတို့ဘ၀ရှေ့ရေးအတွက် တိုင်ပင်ရင်း လူဆိုတာဘ၀မှာရည်မှန်းချက် ရှိသင့်တဲ့အကြောင်းပြောလာလို့ ကာရန်လည်း သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ အိန္ဒိယစစ်တပ်ထဲကို ဝင်ဖို့ ပြင်ဆင်ပါတော့တယ်။ ကံဆိုးချင်တော့ ဝင်ခွင့်လျှောက်လွှာတွေတင်အပြီး လူအရွေးခံရပြီဆိုတော့မှ သူ့သူငယ်ချင်းက အမေရိကားကိုသွားမှာမို့ တပ်ထဲကို မဝင်ဖြစ်တော့ဘူးဆိုတာကို ဖွင့်ပြောလာပါတယ်။ မိဘတွေအရိပ်အောက်မှာတုန်းက ဘာကိုမှ လက်ကြောတင်းအောင်မလုပ်ဖူးတဲ့ သကောင့်သား ...
movie

Lakshya (2004)

2004
Bhangra Paa Le (2020) 6.6
Bhangra Paa Le (2020) (Unicode)ဒီတစ်ခါတော့ ဘော်လီဝုဒ်ဖန်တွေအတွက် အက,အလှတွေစုံစုံညီညီနဲ့ Musical, Drama ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်အသစ်တွေဆိုပေမယ့် အက်တင်ပိုင်းမှာပြောစရာမရှိဘဲ တကယ်ကိုတော်ကြသလု် က,ကွက်တွေလည်း ရှယ်တွေပါပဲဖင်မနိုင်ဘဲပဲကြီးဟင်းစားတဲ့ကုလားဒါရိုက်တာတွေလိုမဟုတ်ဘဲ ပွဲဦးထွက်ဒါရိုက်တာတစ်ယောက်ဖြစ်ပေမယ့်ဒီဒါရိုက်တာကတော့ ဖြစ်နိုင်တာ လုပ်နိုင်တာကိုပဲ ဟာကွက်မရှိအောင် ချပြသွားပါတယ်ထုတ်လုပ်ရေးကလည်း ကားကောင်းများစွာဖြန့်ချီထားတဲ့ RSPV ဆိုတော့ ပြောစရာမလိုလောက်အောင်ပါပဲဒီဇာတ်ကားထဲကမင်းသားက ဆန်ဂျူးဇာတ်ကားထဲမှာ ကမ်လီအဖြစ်လူသိများခဲ့တဲ့ မင်းသား Vicky Kaushal ရဲ့ညီ Sunny Kaushal ပဲဖြစ်ပါတယ်နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 6.5/10 အထိရထားပါတယ်ဇာတ်လမ်းလေးကတော့ ဂျဂ္ဂီဆိုတဲ့ပန်ဂျာဗီလူငယ်တစ်ယောက်ဆီမှာ အိပ်မက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ သူတို့မျိုးရိုးအမွေတစ်ခုဖြစ်တဲ့ ပန်ဂျာဗီအက, ဘန်ဂရားကို လူသိကျော်ကြားစေချင်တာပါပဲသူ့အဖေ သူ့အဖိုးတို့ကို ဘယ်သူမှမသိခဲ့တာကြောင့် ဒီအကနဲ့ တကမ္ဘာလုံးကိုသိစေချင်တာပါပဲဒါပေမဲ့ အခက်အခဲတစ်ခုတော့ရှိနေပါတယ် အဲ့ဒါကတော့ ရှေ့ထွက်မိန်းကလေးအက,သမားမရှိတာပါပဲသူ့ကောလိပ်တစ်ခုလုံးမှာလည်း စိတ်တိုင်းကျတစ်ယောက်မှမတွေ့ခဲ့ပါဒါပေမဲ့ မင်္ဂလာဆောင်တစ်ခုမှာ အက,တော်သော ...
movie

Bhangra Paa Le (2020)

2020