Channel Myanmar

Parth Bhalerao

Boyz 4 (2023) 6.8
Boyz 4 (2023) Boyz 4 (2023) "ကျွတ်ပလွတ် တသိုက်" IMDb- 7.2/10Boyz franchiseရဲ့ လေးကားမြောက်ထွက်ရှိလာပါပြီ။ ငရှုပ်ကောင်တွေ ဒီထဲမှာလည်း လူငယ်သဘာ၀ ဘယ်လိုတွေမွှေကြမလဲဆိုတာ ရိုက်ကူးတင်ဆက်ထားပါတယ်။တစ်နှစ်ပတ်လုံး စာတကုပ်ကုပ်ကြိုးစားခဲ့တဲ့ ကဘီးရ်တစ်ယောက် စာမေးပွဲအောင်စာရင်းထွက်လာတော့ ဘာစာမှမလုပ်တဲ့ ဒွန်ဂါနဲ့ ဒိုင်ယာဆိုတဲ့ငမွေထိုးနှစ်ကောင်ရဲ့နောက်မှာရောက်နေရော။ ဘာမှကောင်းကျိုးမပေးတဲ့ကောင်တွေဆိုပြီး သူငယ်ချင်းအဖြစ်ကရပ်စဲပြီး လန်ဒန်ကိုထွက်သွားတယ်။ ဒွန်ဂါနဲ့ ဒိုင်ယာကလည်း တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ကောင်တွေ။ မရ ရတဲ့နည်းနဲ့ လန်ဒန်ကို လိုက်သွားကြတယ်။ကဘီးရ်တစ်ယောက် လန်ဒန်မှာ ကူနယ်လ်ဆိုတဲ့ကောလိပ်ကလူဆိုးဗိုလ်နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကူနယ်လ်ဆိုတဲ့ကောင်ကလည်း သူ့ကိုယ်သူ အိန္ဒိယသားဖြစ်နေတာကြီးကို မုန်းတဲ့ကောင်။ ဖြစ်ချင်တော့ မမြင်ချင် မခင်ချင်လို့မှ ထွက်သွားတဲ့ ကဘီးရ်တစ်ယောက် ဒွန်ဂါနဲ့ဒိုင်ယာဆိုတဲ့ ငရှုပ်နှစ်ကောင်နဲ့ တစ်ကျောင်းထဲ အတူတူတက်ရတဲ့အခါ...။ဒွန်ဂါနဲ့ ဒိုင်ယာကလည်း ကူနယ်လ်နဲ့ဘော်ဒါတွေဖြစ်သွားပြီး ကူနယ်လ်က သူတို့သုံးကောင်ကို သူ့ရှော်တီလေး ဂရေ့စ်နဲ့မိတ်ဆက်ပေးတဲ့အခါမှာတော့ အဲဒီဂရေ့စ်ဆိုတဲ့ ဆော်လေးက ကဘီးရ်ရဲ့ အချစ်ဦးဖြစ်နေခဲ့တဲ့အခါ...။ကျောင်းတော်ကြီးမှာ ဘယ်လိုတွေမွှေကြနှောက်ကြ ပြဿနာတွေရှာကြမလဲဆိုတာကို ကြည့်ရှုကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Boyz 4 (2023)

2023
Bhoothnath Returns (2014) 6.6
Bhoothnath Returns (2014) Bhoothnath Return (2014) ************************* ဒီဇာတ်ကားလေးကတော့ 2008က ထွက်ရှိထားတဲ့ Bhoothnathဆိုတဲ့ ဇာတ်ကားရဲ့ အဆက် Comedy/Drama အမျိုးအစား ဟင်ဒီဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.6အထိ ရရှိထားပါတယ်။Bhoothnath 2008ထဲမှာဆိုရင် ဘူးသ်နားသ်ဟာ ကလေးတစ်ယောက်ကို ခြောက်ပေမဲ့ အဲ့ကလေးက မကြောက်ခဲ့တာကြောင့် ကလေးတစ်ယောက်ကိုတောင် ကြောက်အော်မခြောက်နိုင်ဘူး ဆိုပြီး တခြားသရဲတွေက လှော်ပြောင်သရော်ကြပါလေရော။အဲ့လိုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ရာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီး သရဲအဖြစ် ပြန်လည် ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ဒီလိုနဲ့ ကမ္ဘာမြေကို ရောက်လာပြီးတော့ အက္ကရူးသ် ဆိုတဲ့ ကောင်လေးကို ခြောက်လှန့်ခဲ့ပေမယ့် အက္ကရူးသ်ကမကြောက်ခဲ့ပဲ ဘူးသ်နားသ်နဲ့ သူငယ်‌ချင်းတောင်ဖြစ်သွားကြပြီး သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးတဲ့နေရာတွေမှာ ဆက်မခြောက်တော့အောင် နှစ်ယောက်သား လိုက်လံကူညီကြပြီး အခအကြေးငွေကြေးတွေလည်း ရလာပါတော့တယ်။တစ်နေ့မှာတော့ ဘောင်းဝ်ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူ့ရဲ့ ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ ရှိနေတဲ့ သရဲကို ရှင်းထုတ်ပေးနိုင်ရင် ရူပီ သိန်း၂၀ ပေးမယ်လို့ ကမ်းလှမ်းလာရာမှာတော့...ဘယ်လို အရှုပ်အထွေးတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ...ဘူးသ်နားသ်တို့အဖွဲ့ သရဲကို ရှင်းထုတ်နိုင်မှာလား...ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ... ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့...( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

Bhoothnath Returns (2014)

2014
Bhoothnath Returns (2014) 6.7
Bhoothnath Returns (2014) Bhoothnath Returns (2014)_____IMDb - 6.7/10  ပေါ့ပေါ့ပါးပါး နဲ့အသိဉာဏ်ထက်မယ့်ဇာတ်ကားလေးကို ရွေးချယ်ကြည့်ဖြစ်မယ်ဆိုရင် ဒီဇာတ်ကားလေးကိုမမေ့လိုက်ပါနဲ့မိတ်ဆွေ ဒီဇာတ်ကားလေးဟာ IMDB 6.7 ရထားတဲ့အတွက်ဇာတ်ကားကောင်းတစ်ခုလို့ ညွှန်းဆိုရမှာပါ။ (ဇာတ်လမ်းအကျဉ်း)မစ္စတာဘွက်နပ်ခ် ဟာ ကမ္ဘာမြေကနေ
ဝိညာဉ်လောကဆီ ပြန်လာတဲ့ သရဲတစ်ကောင်ပေါ့။ သူဟာ သရဲ အဖြစ်နဲ့ ကမ္ဘာမြေဆီရောက်ခဲ့ဖူးသူပါ။
သို့သော် ကလေးတွေကအစ
သူ့ကို မကြောက်လို့ 
အခြားဝိညာဉ် တွေရဲ့
လှောင်ပြောင်ခြင်းကိုခံစားနေရတာပါ။ဒီလိုနဲ့ ကမ္ဘာမြေဆီတစ်ခေါက်ပြန်လာခဲ့ပါပြီ။
ဝိညာဉ် တွေရဲ့လှောင်ပြောင်မှုတွေ တိတ်သွားအောင်
ကလေးတွေကို ခြောက်လှန့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။

သို့သော် သူထင်သလို မဖြစ်ခဲ့ပါဘူး။ဒီလိုနဲ့သူဟာထိုင်ခုံတစ်ခုမှာထိုင်နေတုန်း
သူ့ကို မြင်တွေ့နိုင်တဲ့သူငယ်လေးတစ်ဦးနဲ့ဆုံတွေ့ခဲ့ပါတယ်။ ထိုသူငယ်ကတော့
အက်ကရော့ဆိုတဲ့ ကောင်လေးပါပဲ။

ဒီလိုနဲ့ မစ္စတာဘွက်နပ်ခ် ဟာ
ထိုသူငယ်အကူအညီနဲ့ ကလေးငယ်တွေကို
ခြောက်လှန့်ကြတယ်။သရဲတကယ်ရှိကြောင်း
ခြိမ်းခြောက်ကြတယ်။

အက်ကရော့ ကူညီလို့အဆင်ပြေတော့
မစ္စတာဘွက်နပ်ခ် ကလည်း
အက်ကရော့ ကိုပြန်ကူညီပါတယ်။

သရဲရှိလို့ ဆက်လက်မဆောက်တော့တဲ့တိုက်တွေဆီသွား၊
ဝိညာဉ် တွေနဲ့ မစ္စတာဘွက်နပ်ခ် တို့စကားပြောကြပြီး
အက်ကရော့ ကိုကူညီကြတယ်။
အဆောက်အဦး ပိုင်ရှင်တွကလည်း
အက်ကရော့ ကိုပိုက်ဆံပေးကြတယ်။  ဒီလိုနဲ့ တစ်နေ့မှာတော့ အက်ကရော့ ဆီ ဘဟူဆိုတဲ့
အဆောက်အဦးပိုင်ရှင်တစ်ဦးက 
ငွေအမြောက်အမြားပေးရင်း
အဆောက်အဦးမှာရှိတဲ့ ဝိညာဉ် တွေကိုဖယ်ရှားစေခဲ့ပါတယ်။

အဲဒီတိုက်ဟာ ဘဟူ မတရားသိမ်းပိုက်ခဲ့တာဖြစ်ပြီး
ဝိညာဉ်တွေဟာလည်း ဖယ်ရှားလိုခြင်းမရှိတာကြောင့်
အက်ကရော့ ဟာ ဘဟူ ကို အကျိုးအကြောင်း
ပြောပြခဲ့တယ်။ ဒါပေမဲ့ လက်မခံနိုင်တဲ့ ဘဟူအတွက်တော့
ဒေါသကြီးလွန်းစေခဲ့ပါတယ်။

ဘဟူ ...
movie

Bhoothnath Returns (2014)

2014