Channel Myanmar

Patricia Isaac

Merry Magic Christmas (2023)
Merry Magic Christmas (2023) ခရစ်စမတ်နီးလာရင် အိမ်ရာလေးထဲမှာ ဇိမ်ရှိရှိနဲ့ ကော်ဖီလေးတစ်ခွက်လောက်သောက်ပြီး ခရစ်စမတ်အငွေ့အသက်တွေ လွမ်းခြုံထားတဲ ဇာတ်ကားလေးတွေ ကြည့်သင့်တာပေါ့နော်။ ကြည်ကြည်နူးနူးလေးဖြစ်သွားအောင် ရိုမန့်တစ်ဖြစ်တဲ့ အချစ်ကားလေးဖြစ်တဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ကြပါဦးဗျာ။ဇာတ်လမ်းအကျဉ်း ဘက်သ် မက်ခေးဟာ စာရင်းအင်းသင်္ချာနှင့် ငွေကြေးပိုင်းတွက်ချက်တဲ့နေရာမှာ အရမ်းတော်တဲ့ အလွတ်တန်း ဘဏ္ဍာရေးအကြံပေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်စမတ်နီးပြီဖြစ်လို့ သူမဟာ သူမသူငယ်ချင်းဖြစ်သူ ကိုလီနဲ့ တရုတ်စားသောက်ဆိုင်မှာ ညစာသွားစားရင်း ဆိုင်ကပေးတဲ့ကံကောင်းကွတ်ကီးကို ဖွင့်ကြည့်လိုက်တဲ့အခါ နှလုံးသားဆန္ဒပြည့်ဝလိမ့်မယ်ဆိုပြီးတော့ ၆၂၄ ဆိုတဲ့ဂဏန်းလေးနဲ့အတူ အထဲမှာ ရေးထားပါတယ်။ကိုလီကတော့ ၆၂၄ ဆိုတာ တမန်တော်နံပါတ်လို့ပြောပေမယ့် လက်တွေ့ကျတဲ့ဘက်သ်တစ်ယောက်ကတော့ မယုံကြည်ခဲ့ပါဘူး။ ဒါပေမဲ့ သူမဟာ နေ့စဉ်ဘဝမှာ ၆၂၄ ဆိုတဲ့ဂဏန်းကို ထပ်ခါတလဲလဲမြင်ရလာပါတော့တယ်။ ဒီလိုနဲ့ မကြာပါဘူး ဘက်သ်ဟာ သူ့တူမလေးတက်ရောက်နေတဲ့ ပြဇာတ်ရုံက ငွေကြေးစီမံခန့်ခွဲဖို့ အခက်အခဲရှိနေပြီး အကြွေးတွေလည်း နစ်နေတဲ့အကြောင်းသိလိုက်ရပါတော့တယ်။ ဒီတော့ ရှက်တတ်ကြောက်တတ်တဲ့ သူ့တူမလေးက ပြဇာတ်ရုံရောက်မှ ယုံကြည်ချက်ရှိ သွက်လက်တက်ကြွလာတဲ့အတွက် ပြဇာတ်ရုံသာပိတ်သွားရင် ...
movie

Merry Magic Christmas (2023)

Dog (2022) 6.7
Dog (2022) ဘရစ် ဆိုတဲ့ အမေရိကန်လေထီးတပ်သားဟောင်းတစ်ယောက်ဟာ ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် စစ်တပ်က အငြိမ်းစားယူလိုက်ရပါတယ်။ ပြီးတော့ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ပြန်လျှောက်ချင်ပေမဲ့ ဆေးမှတ်တမ်းတွေကြောင့် အလုပ်မရနိုင်ဖြစ်နေတယ်။ သူအရမ်းလိုချင်တဲ့အလုပ်ကိုရဖို့ သူ့ရဲ့ ဗိုလ်ကြီးဆီက ထောက်ခံချက်လိုနေတယ်။ ဒီတော့ သူ့ရဲ့ ကပ္ပတိန်ဆီကို အကူအညီသွားတောင်းချိန်မှာ သူ့ကို အပေးအယူအနေနဲ့အကူအညီတစ်ခုပြန်တောင်းခံလိုက်ရတယ်။ ဒါကတော့ သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ခွေးမလေး လူလူ အတွက်ပါပဲ။ လူလူရဲ့ခွေးထိန်း ရိုင်လီဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တာမို့ သူ့ရဲ့ ဈာပနမှာ ရိုင်လီရဲ့မိသားစုတွေက ခွေးမလေး လူလူကို ရှိစေချင်ကြတယ်။ ဒါပေမဲ့ လူလူကလည်း အခြားခွေးထိန်းတွေ ရဲဘော်တွေကို အပြင်းအထန်ဒဏ်ရာရအောင် ကိုက်ခဲ့ တိုက်ခိုက်ခဲ့တာမို့ တိရစ္ဆာန်ဆရာဝန်တွေက ကုမတဲ့ စိတ်ဒဏ်ရာအဆင့်သတ်မှတ်ပြီး ဈာပနအပြီးမှ ဆေးထိုးသတ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ ဘရစ်ရဲ့တာဝန်ကတော့ နိုင်ငံတစ်ဝက်လောက်ကိုဖြတ်ပြီး အရမ်းကြမ်းတမ်းနေတဲ့ လူလူကို ကားနဲ့တင်ပြီး ဈာပနကိုအပို့၊ အပြင်မှာ လူလူသေရမယ့် စခန်းကို ပို့ရမှာပဲ ...
movie

Dog (2022)