Channel Myanmar

Patricia Rae

Detachment (2011) 7.7
Detachment (2011) Detachment (2011)~ IMDb - 7.7/10, Rotten Tomatoes - 59% ~Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလို့လည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတို့သားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ...
movie

Detachment (2011)

2011
Maria Full of Grace (2004) 7.4
Maria Full of Grace (2004) IMDB 7.4 ရရှိထားတဲ့ ကိုလံဘီယာဘတ်ဂျတ်ရုပ်ရှင်တစ်ကားပါ။ဘတ်ဂျတ်ရုပ်ရှင်ဆိုပေမဲ့ သရုပ်ဆောင်ချက်တွေက လက်ဖျားခါစရာပါပဲ။ [ဇာတ်လမ်းအကျဉ်း]ကိုလံဘီယာက အမှီအခိုကင်းပြီး စိတ်ဓာတ်ပြင်းတဲ့ ၁၇ နှစ်အရွယ်မာရီယာဟာ ထိုက်သင့်သလောက် လခမရတဲ့ပန်းထုပ်ပိုးတဲ့အလုပ်မှာ လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။သူ့ရဲ့ဘဝက အသုံးမကျတဲ့ရည်းစား ဝမ်ကြောင့် စိတ်ပျက်စရာကောင်းသလိုမျှော်လင့်မထားဘဲ ကိုယ်ဝန်ရသွားပြီး အလုပ်ရှင်နဲ့ ဆက်ဆံရေးအဆင်မပြေလို့အလုပ်ထွက်လိုက်ပြီးတဲ့နောက်မှာ ပိုဆိုးလာတော့တယ်။အစ်မနဲ့အမေဖြစ်သူရဲ့ ဖိအားကြောင့်ရော ငွေကြေးအခက်အခဲရောကြောင့်မာရီယာဟာ မူးယစ်ဆေးတို့လိုမျိုး တရားမဝင်ပစ္စည်းတွေပို့ဆောင်ပေးတဲ့ကောင်မလေးတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ အမေရိကားကိုသွားရတဲ့ သူ့ရဲ့ပထမဆုံးပို့ဆောင်မှုမှာတင်အခြေအနေက ထင်သလိုဖြစ်မလာခဲ့ဘဲ အဆိုးဘက်ကိုပဲဆက်သွားနေတဲ့အခါ နောက်ဆုံးမှာ မာရီယာနဲ့ သူ့ကလေးဟာဘေးကင်းတဲ့အနာဂတ်တစ်ခု ရလာနိုင်မလားဆိုတာကိုတော့... File size…    2 GB /   958 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre .....  Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Maria Full of Grace (2004)

2004
Bloodsucking Bastards (2015) 6.0
Bloodsucking Bastards (2015)  ဇာတ်လမ်းလေးကတော့ အရောင်းကုမ္ပဏီတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့အဲဗန်ဟာ စိတ်သဘောထားကောင်းတဲ့အတွက် သူ့လက်အောက် သူငယ်ချင်းဝန်ထမ်းတွေဟာ နေချင်သလိုနေ လုပ်ချင်သလိုလုပ်နေကြတယ်။ သူ့ရည်မှန်းချက်ဖြစ်တဲ့ ယာယီအရောင်းမန်နေဂျာကနေ တရားဝင် အ‌ရောင်းမန်နေဂျာဆိုတဲ့ရာထူးကိုရဖို့အတွက်ကြိုးစားနေသူတစ်ယောက်ပါ။ အထက်ကနေအမျိုးသားလိင်အားတိုးဆေးရောင်းဖို့အတွက် တင်ပြချက်တစ်ခုကို လုပ်ဖို့အထက်လူကြီး တက်ဒ်က အဲဗန်ကိုတာဝန်ပေးလိုက်ပါတယ်။ အဲ့နေ့တစ်ဆက်တည်းမှာပဲကုမ္ပဏီမှာရာထူးတစ်နေရာ ကြေညာစရာရှိတဲ့အတွက် ရုံးကဝန်ထမ်းအကုန်လုံးကိုတက်ဒ်ရဲ့ရုံးခန်းထဲကိုလာခိုင်းလိုက်ပါတယ်။ အဲဗန်က သူ့ကိုမန်နေဂျာရာထူးကြေညာပေးတော့မယ်အထင်နဲ့ ပျော်ရွှင်နေပါတယ်။ တကယ်ကြေညာလိုက်တဲ့အခါမှာကောလိပ်ကျောင်းတုန်းက ရန်ဖက်ဖြစ်တဲ့ မက်စ် ကိုကုမ္ပဏီမှာခန့်လိုက်ပါတယ်။မက်စ်ကုမ္ပဏီကိုရောက်လာတဲ့အချိန်ကစပြီးတော့ ဝန်ထမ်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် ဗန်ပိုင်းယားတွေဖြစ်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ သတိထားမိလာတဲ့အဲဗန်ဟာ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ တင်မ်နဲ့အတူဗန်ပိုင်းယားတွေကိုရှင်းလင်းပစ်တဲ့အခါမှာတော့...... File size…1.17 GB / 512MB Quality… Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Bloodsucking Bastards (2015)

The Big Wedding(2013) 5.6
The Big Wedding(2013)  ဒွန်နဲ့ အယ်လီဟာ တစ်ခါက လက်ထပ်ခဲ့ကြတဲ့ စုံတွဲတစ်တွဲပါ။ချစ်စရာအိမ်လေးမှာ အတူနေခဲ့ကြပြီး သားသမီး သုံးယောက်ရှိပါတယ်။သား ဂျဲရက်ဒ် သမီး လိုင်လာနဲ့ မွေးစားသား အယ်လ်ဟန်ဒရိုပါ။လက်ရှိမှာတော့ အကြောင်းကြောင်းကြောင့် ကွာရှင်းလိုက်ကြပြီးကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ အယ်လီကတော့ အိမ်ကနေထွက်သွားပြီး အပြင်မှာ သီးသန့်နေပါတယ်။ ဒွန်ကတော့ အရင်အိမ်မှာပဲအယ်လီရဲ့ အချစ်ဆုံး သူငယ်ချင်း ဘီဘီနဲ့ တွဲခုတ်နေပါတယ်။ ဒွန်နဲ့ အယ်လီရဲ့ မွေးစားသား အယ်လ်ဟန်ဒရိုက သူတို့သူငယ်ချင်းတွေဖြစ်တဲ့ဘယ်ရီနဲ့ မက်ဖင်တို့ရဲ့ သမီး မယ်လီဆာနဲ့ လက်ထပ်ပါတော့မယ်။လက်ထပ်ပွဲကို အယ်လ်ဟန်ဒရိုရဲ့ အမေရင်း မက်ဒေါနားလည်း ကိုလမ်ဘီယာကနေလာမှာပါ။ ပြဿနာက အဲဒီမှာ စတာပါတယ်။ အယ်လ်ဟန်ဒရိုရဲ့အမေရင်း မက်ဒေါနားက ကတ်သလစ်ဘာသာကို နက်နက်ရှိုင်းရှိုင်းယုံကြည်သက်ဝင်သူပါ။ ကွာရှင်းတာကိုလည်း ပြစ်မှုကြီးလို့ ယုံကြည့်လက်ခံထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသော သားလေးအယ်လ်ဟန်ဒရိုကို အပြစ်ကျူးလွန်တဲ့ အယ်လီနဲ့ ဒွန်က (၁၅) နှစ်ကြာ ပျိုးထောင်ပေးထားတယ်ဆိုတာ သိသွားရင် တုန်လှုပ်သွားမှာစိုးလို့ဒွန်နဲ့ အယ်လီ ...
movie

The Big Wedding(2013)