Channel Myanmar

Patrick Breen

Draft Day (2014) 6.8
Draft Day (2014) ဒီနေ့ တင်ဆက်ပေးမှာကတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်လေးပါ။ NFL Draft ဆိုတာ အသင်း ၃၂ သင်းက လိုချင်တဲ့ ကစားသမားကို ရနိုင်ဖို့ ကစားသမား ၂၂၄ ယောက်ထဲက အကြိတ်အနယ်ရွေးချယ်ရမယ့် အခွင့်အရေးပါ။ Sonny Weaver Jr. ကတော့ Cleveland Browns ဘောလုံးအသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က သူ့အဖေ နည်းပြ Sonny Weaver ဆုံးသွားပြီး လူတွေက အဖေနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ကြတာတွေ၊ အသင်းအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကြီးတာတွေကြောင့် ဖိအားများနေပါတယ်။ ဇာတ်လမ်းစပုံကတော့ Sonny ဆီကို Seattle Seahawks အသင်းက Tom က ကမ်းလှမ်းမှုတစ်ခု လုပ်ရာကစပါတယ်။ကမ်းလှမ်းချက်ကတော့ Seattle Seahawks က ထိပ်တန်း တိုက်စစ်မှူး ဘိုကယ်လာဟန်ကို လိုချင်ရင် Browns အတွက် ...
movie

Draft Day (2014)

A Most Violent Year (2014) 7
A Most Violent Year (2014) A Most Violent Year (2014)အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။ နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 923MB, 387MB, 240MB Quality  ...
movie

A Most Violent Year (2014)

2014
Galaxy Quest (1999)
Galaxy Quest (1999)   IMDb-7.4/10 ~ RT-90% "ဘယ်တော့မှ အရှုံးမပေးနဲ့၊ ဘယ်တော့မှ အညံ့မခံနဲ့" ဆိုတာကတော့ "Galaxy Quest" ဆိုတဲ့ နာမည်ကြီးတီဗီရှိုးမှာ အန်အီးအက်စ်‌အေ ကာကွယ်သူယာဉ်ရဲ့ ကွန်မန်ဒါ ပီတာ ကွင်စီ တက်ဂါ သုံးခဲ့တဲ့လက်သုံးစကားပါ။ "Galaxy Quest" တီဗီရှိုးဟာ နာမည်‌ ကျော်လူကြိုက်များ အောင်မြင်ခဲ့‌ပေမဲ့လည်း ဖျက်သိမ်းခံလိုက်ရပြီး ဒီစီးရီးနဲ့ပတ်သတ်တဲ့ Geek တွေ၊ အရူးအမူးအားပေးတဲ့ ပရိသတ်တွေက ၁၈ နှစ်ကျော်တဲ့အထိ နှစ်စဉ်နှစ်တိုင်းတွေ့ဆုံပွဲတွေလုပ်နေကြတုန်းပါပဲ။ တွေ့ဆုံပွဲတိုင်းမှာလည်း မူလသရုပ်ဆောင်တွေကိုဖိတ်ခေါ်ပြီး လက်မှတ်ထိုးတဲ့အစီအစဉ်တွေကိုပြုလုပ်ကြလေ့ရှိပါတယ်။ဒီလိုအရူးအမူးအားပေးတဲ့ အထဲမှာ သာမီယန်းဂြိုလ်သားတွေပါ ပါဝင်ပြီး ဒီစီးရီးကို တကယ့်ဖြစ်ရပ်မှတ်တမ်းတွေအဖြစ် မှတ်ထားခဲ့ကြတာပါ။ ဒီလိုနဲ့ပဲ ၁၈ နှစ်ပြည့် တွေ့ဆုံပွဲမှာတော့ ကွန်မန်ဒါ တက်ဂါနေရာမှာသရုပ်ဆောင်တဲ့ ဂျေဆင် နက်စမစ်ဆီကို သာမီးယန်းဂြိုလ်သားတွေရောက်ရှိလာပြီး သူတို့ကိုနှိပ်စက်နေတဲ့ ဆဲရစ်ဆိုတဲ့ လူဆိုးကြီးနဲ့ညှိနိုင်းပေးဖို့ အကူအညီတောင်းပါတော့တယ်။ ဂျေဆင်လည်းသူ့ကိုသရုပ်ဆောင်ခိုင်းနေတယ်အထင်နဲ့ သာမီးယန်းယာဉ်ပေါ်လိုက်သွားပြီး ဆဲရစ်ကို‌အမြှောက်စာ နှစ်ချက်ကျွေးလိုက်ပြီး ...
movie

Galaxy Quest (1999)

Cirque du Freak: The Vampire’s Assistant (2009) 5.9
Cirque du Freak: The Vampire’s Assistant (2009) Cirque du Freak: The Vampire's Assistant (2009)========================================ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိ‌ထားတဲ့ ဗန်ပိုင်းယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။vampire diary လို twilight light တို့လိုဇာတ်ကားတွေ မပေါ်သေးခင်တစ်ချိန်က သူ့ခောတ်သူအခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ကြည့်ဖူးတဲ့သူတွေ ရှိကြမှာကျိန်းသေသလို မကြည့်ရသေးသူတွေအတွက်လည်းလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ထင်ပါတယ် ဇာတ်ကားကမိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ ဇာတ်ကားတစ်ကာပါ...ဇာတ်လမ်းအကျဉ်းလေးကတော့ဒီဇာတ်ကားမှာ ဒယ်ရန်နဲ့စတိဗ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ဒယ်ရန်ဟာ မိဘစကားနားထောင်တဲ့သူတစ်ယောက်ဖြစ်ပြီးကျောင်းစာမှာလည်း ထူးချွန်တဲ့သူပါ။ စတိဗ်ကတော့ မိဘမေတ္တာငတ်နေတဲ့ ကောင်လေးဖြစ်ပြီး ခပ်ဆိုးဆိုးနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒယ်ရန်ဟာ ပင့်ကူတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီးစတိဗ်ကတော့ ဗန်ပိုင်းယားတွေကို အင်မတန်စိတ်၀င်စားတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့မြို့ကို နှစ် ၅၀၀ သက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ်အဖွဲ့ ရောက်လာတဲ့အခါ သူတို့နှစ်ယောက်လည်း စိတ်၀င်တစားသွားကြည့်ကြပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဗန်ပါးယားတစ်ယောက်ပါနေပြီး ဗန်ပါးယားရဲ့ပင့်ကူလေးကို ဒယ်ရန်တစ်ယောက် မျက်စိကျသွားတဲ့အချိန်မှာ ဘာတွေများ ဆက်ဖြစ်မလဲဆိုတာကိုတော့..... ( ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကွာလတီကောင်းကောင်းလေးနဲ့ပြန်လည် ခံစားနိုင်သလို မကြည့်ရသေးသူတွေလည်းဒေါင်းရတာတန်စေရမယ်လို့ အာမခံလိုက်ပါတယ်..)  File size…1.19GB / ...
movie

Cirque du Freak: The Vampire’s Assistant (2009)

2009
Get Shorty (1995) 6.9
Get Shorty (1995) Get Shorty(1995)IMDb Rating (6.9) / Rotten Tomatoes (88%)သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး ...
movie

Get Shorty (1995)