Channel Myanmar

Patrick Carroll

Hail, Caesar! (2016) 6.3
Hail, Caesar! (2016) ၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie

Hail, Caesar! (2016)

2016
Alexander (2004) 5.6
Alexander (2004) Alexander (2004)ဇာတ်ကားက လူသားသမိုင်းတစ်လျှောက် အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ Alexander the Great ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ရုပ်ရှင်ကို အရမ်းကြီးတဲ့ ရည်မှန်းချက်တွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပေမဲ့လို့ ပရိသတ်ကို မဆွဲဆောင်နိုင်ဘဲ မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။Alexander the Great ဆိုတာက ခရစ်တော်မပေါ်မီ BC 356 ခုနှစ်ကနေ 323 အထိ နေထိုင်အသက်ရှင်သွားခဲ့တဲ့ မက်ဆာဒိုးနီးယားဘုရင် ဧကရာဇ်တစ်ပါးပေါ့။ BC ဆိုတာ AD သက္ကရာဇ်နဲ့ မတူပါဘူးနော်။ သူက 5000 ကစပြီး နောက်ပြန်ရေတွက်လာရတာပါ။ အလက်ဇန်းဒါး ဘာ့ကြောင့်ကြီးမြတ်ရသလဲလို့မေးရင် အဖြေတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်သဘောအကျဆုံးအချက်ကို ထုတ်ပြောပြပါ့မယ်။သူက သမိုင်းမှာ အကြီးဆုံးအင်ပါယာကြီးကို ထူထောင်ခဲ့သူပါ။ နယ်မြေပေါင်း မြောက်များစွာကို သိမ်းပိုက်ပြီး မြေပြင်ကို တစ်လမချင်းဆီမှာ သွေးပေါင်းများစွာသွန်းလောင်းပြီး အင်ပါယာကို ...
movie

Alexander (2004)