Channel Myanmar

Patrick Médioni

La Haine (1995) 8.1
La Haine (1995)  Ratingအနေနဲ့ရော ရုံတင်ငွေအနေနဲ့ရော အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ပြင်သစ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ကာလာနဲ့ရိုက်ကူးခဲ့ပေမဲ့ ထုတ်လုပ်စရိတ်ကြောင့် အဖြူအမဲနဲ့ပဲ ပြသခဲ့တာပါတဲ့။ ဒါပေမဲ့ ရုပ်ရှင်မှာ ထည့်သွင်းရိုက်ကူးခဲ့တဲ့ အဲဒီခေတ်အခါက ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူငယ်နဲ့အကြမ်းဖက်မှုတို့က ယနေ့အထိတိုင် ထင်ဟပ်နေဆဲဖြစ်တာမို့ အနုပညာကောင်းတရပ်အဖြစ် သတ်မှတ်နေကြတုန်းပါပဲ။အက်ဘ်ဒဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က အပြင်းအထန်ရိုက်နှက် ဖမ်းဆီးခဲ့တာကြောင့် ပါရီမြို့ရဲ့ အပြင်မှာ အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီအဓိကရုဏ်းဖြစ်ပြီး နောက်ရက် အက်ဘ်ဒဲလ်နဲ့ ရွယ်တူတွေဖြစ်တဲ့ ဗင်းဇ်၊ ဆာအိဒ်နဲ့ ဟူးဘတ်ဆိုတဲ့ လေလွင့်လူငယ်သုံးယောက်ရဲ့ တနေ့တာ အဖြစ်အပျက်တွေကိုပဲ ရိုက်ကူးတင်ဆက်ထားတာပါ။ဗင်းဇ်က အက်ဘ်ဒဲလ်နဲ့ ရင်းနီးတဲ့အတွက် ရဲတွေကို အမုန်းကြီးမုန်းပြီး အက်ဘ်ဒဲလ် ဆေးရုံတက်ရင်းသေဆုံးသွားခဲ့ရင် ရဲတစ်ယောက်ကို သတ်ပစ်မယ်လို့ ကြိမ်းဝါးနေသူပါ။ ဒီလိုနဲ့ သူတို့သုံးယောက်ထဲက တစ်ယောက်ဆီမှာ အဓိကရုဏ်းအတွင်း ရဲတစ်ယောက်ဆီကပျောက်ခဲ့တဲ့ သေနတ်တစ်လက်ရှိနေတဲ့အခါမှာတော့ သူတို့သုံးယောက်ရဲ့ဘ၀က အလှည့်အပြောင်းဖြစ်သွားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / ...
movie

La Haine (1995)

The Emperor of Paris (2018) 6.3
The Emperor of Paris (2018)  IMDB - 6.3Rotten Tomatoes - 70%ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့သမိုင်းဝင်စုံထောက်ကြီး ဗီဒေါ့အကြောင်းပါ။ဗီဒေါ့ဟာ နပိုလီယံခေတ်မှာကျော်ကြားလာသူဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ပထမဆုံးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအေဂျင်စီကို တည်ထောင်သူလည်းဖြစ်သလိုခေတ်မှီပြစ်မှုဗေဒရဲ့ ဖခင်ကြီးလို့လည်းတင်စားကြပါတယ်။ ငယ်စဉ်ကဆိုးပေမိုက်ခဲ့ပြီးနောက်မှာတော့ အသိတရားဝင်ကာ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ပူပေါင်းပြီးအမှုတွေလိုက်လံဖြေရှင်းခဲ့ပါတယ်။ဒါ့အပြင် ပုဂ္ဂိလိကစုံထောက်အဖြစ်လည်းလုပ်ခဲ့ပါတယ်။ဒီဇာတ်လမ်းကတော့ သူရဲ့အတ္ထုပတ္တိဇာတ်လမ်း၊ စွမ်းဆောင်ရည်တွေကိုအဓိကရိုက်ကူးထားတာမဟုတ်ဘဲ အကြမ်းဖျင်းသဘောနဲ့ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။Rating လည်းမြင့်တဲ့အတွက် ကြည့်ရှုသူတွေစိတ်ကျေနပ်စေဖို့အတွက်တင်ဆက်ပေးလိုက်ပါတယ်.. File size…1.85 GB / 789MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Adventure , Crime , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Emperor of Paris (2018)

The Prey (2011) 6.6
The Prey (2011) IMDb -6.6/10 ~ Rotten Tomatoes - 70%ဖရန့်ခ် အေဒရီယန်ဟာ ဘဏ်ဓားပြမှုနဲ့ ထောင်ကျ‌ နေတာဖြစ်ပြီးဓားပြမှုကနေရလာတဲ့ ပိုက်ဆံ တွေဝှက်ထားတဲ့နေရာကိုလည်းသူကလွဲရင်ဘယ်သူမှမသိပါဘူး။ဒီလိုကြောင့်လည်း ထောင်ထဲက သူ့ရဲ့တွဲဖက်တွေပစ်မှတ်ထားရန်ရှာတာကို ခံနေရသူပါ။သူ့ရဲ့ထောင်တွင်းအခန်းဖော်ကတော့ ဂျင်း လူးဝစ် မူရေးဖြစ်ပြီးဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကို စော်ကားမှုနဲ့ ထောင်ကျနေသူပါ။တနေ့မှာ မူရေးကို တခြားထောင်သားတွေက ပညာပေးနေချိန်ဖရန့်ခ်ကကြည့်မနေနိုင်တော့ပဲ ဝင်ကယ်ပေးလိုက်ရင်း မူရေးနဲ့ရင်းနှီးသွားခဲ့ပါတယ်။မူရေးကတော့ အမှုမခိုင်လုံမှုကြောင့် ကွင်းလုံးကျွတ်လွတ်သွားခဲ့ပြီးဖရန့်ခ်ရဲ့မိသားစုကိုလည်းစောင့်ရှောက်ပေးပါ့မယ်လို့ပြောခဲ့ပြီး ထောင်ကထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်း ကာဂါလို့ခေါ်တဲ့ ပြင်သစ်အထူးတပ်ဖွဲ့ခေါင်းဆောင်ကဖရန့်ခ်ဆီကိုလာပြီး မူရေးအကြောင်းတွေမေးမြန်းတဲ့အခါမှာတော့မူရေးကသူထင်ထားသလိုမဟုတ်ပဲ အမှောင်ဘက်ခြမ်းကြီးစိုးတဲ့စိတ္တဇတယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါဘာတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ပြင်သစ်နောက်ခံစကားပြောဇာတ်ကားကောင်းလေးဖြစ်တဲ့အပြင်Rating တွေလည်း ကောင်းတာမလို့သည်းထိပ်ရင်ဖိုအက်ရှင်ကားချစ်သူတွေ အကြိုက်‌တွေ့စေမှာပါ။ File size…  2 GB /  940 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder….  Min Wai Translated ...
movie

The Prey (2011)

2011
Lost Bullet 2020 6.2
Lost Bullet 2020 လီနိုဟာ ဘာမှမတော်တဲ့ ညီလေးတစ်ယောက်ကို ကူညီပေးရာကနေ ထောင်ကျသွားပါတယ်။ ကွန်ကရစ်လေးထပ် ကာထားတဲ့ ရတနာဆိုင်ကို ကားလေးတစ်စင်းနဲ့ ဝင်တိုက်ပြီး ဖောက်ခဲ့တာ ဒဏ်ရာလေးတောင် မရခဲ့ပါဘူး။ ဒါကို အမြန်တပ်ဖွဲ့က သဘောကျသွားပြီး သူတို့အတွက် အလုပ်လုပ်ပေးဖို့ ချာရက်ဆိုတဲ့ အဖွဲ့ခေါင်းဆောင်က လီနို့ကို လာပြီး သိမ်းသွင်းပါတယ်။ လီနိုနဲ့ ချာရက်က အချိန်ကြာလာတာတဲ့ တကယ့်လူရင်းတွေလို ဖြစ်လာကြတယ်။ တစ်ရက်တော့ ချာရက်လိုက်နေတဲ့အမှုက အဆုံးသတ်ခါနီးဆဲဆဲမှာ သူတို့အဖွဲ့ထဲက တစ်ယောက်က သူလုပ်ထားတာ အကုန်ပေါ်မှာစိုးပြီး ချာရက်ကို သတ်ပစ်တယ်။ သတ်ပြီးတာနဲ့ လီနိုကို ချောက်ချတော့တာပဲ။ ဒီကိစ္စကို ထောင်ထွက်တစ်ယောက်ဖြစ်တဲ့ လီနိုက ဒီကိစ္စကို ဘယ်လိုပြန်ဖြေရှင်းမလဲ။ သူ့စကားကိုရော ဘယ်သူတွေက ယုံမှာတဲ့လဲ။ ကြည့်ရှူခံစားလိုက်ကြပါဦးနော်။Quality – 720p  WebRipDuration - 1 hr ၃၂minSubtitle – Myanmar HardsubFormat – ...
movie

Lost Bullet 2020

The Family (2013) 6.3
The Family (2013) The Family (2013)_____IMDb - 6.3/10    နယူးယောက်မှ လူဆိုးဂိုဏ်းဝင် ဂျော်ဗန်နီ မန်ဇိုနီ ဟာ FBIအေးဂျင့် ရောဘတ် စတန်ဖီနဲ့ အပေးအယူလုပ်ပြီး သူ့ရဲ့ မာဖီးယားအဖွဲ့ကို သစ္စာဖောက်ခဲ့ပါတယ်... သူ့ရဲ့ သတင်းပေးမှုကြောင့် မာဖီးယားအဖွဲ့ အတော်လေးဖွဲ့စည်းပုံပျက်သွားတယ်... ဂျော်ဗန်နီဟာ သက်သေကာကွယ်ရေးအစီအစဉ်မှာပါဝင်ခဲ့ပြီး ဖရက် ဘလိတ် အဖြစ် မှတ်ပုံတင်အသစ်ရခဲ့ပါတယ်... ဂျော်ဗန်နီနဲ့ သူ့ဇနီး မက်ဂီ သူတို့ရဲ့ဆယ်ကျော်သက်ကလေးတွေဖြစ်ကြတဲ့ ဘဲလ်လာနဲ့ ဝါရန်တို့ဟာ နော်မန်က Cholong sur Avredကို စတန်ဖီနှင့် အေးဂျင့်၂ယောက်တို့ရဲ့ အကာအကွယ်နဲ့ပြောင်းရွေ့ခဲ့ပါတယ်... မာဖီယားတွေအတွက်တော့ သူတို့မိသားစုဟာ ကမ္ဘာမကျေပါပဲ... ဒီအချိန်မှာ မာဖီယားဂိုဏ်းက လူသတ်သမားကို ဒေါ်လာသန်း၂၀ပေးပြီး သူတို့မိသားစုကို သတ်ခိုင်းပါတယ်... မာဖီးယားဂိုဏ်းဟာ မန်ဇိုနီ မိသားစုကို မထင်မှတ်ဘဲ ရှာတွေ့သွားပြီးတဲ့နောက်မှာတော့.....   ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် Hnin Amy Khineကရေးသားပေးပါတယ်...    File Size : (903 MB) Quality : Blu-Ray 720p Format…mp4 Duration…01:51:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard ...
movie

The Family (2013)

2013