Channel Myanmar

Patrick Monckton

The Borrowers (1997)
The Borrowers (1997) ဒီတစ်ခေါက်မှာတော့ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောကြည့်ရှုလို့ရမယ့်1997 ကခုနှစ်ထွက်ရှိထားတဲ့ Comedy/Fantasy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပီးတ်တို့မိသားစုက သူတို့လက်ရှိနေနေတဲ့အိမ်ကြီးကိုအမွေရခဲ့ပေမယ့်လည်း သေတမ်းစာမရှိလို့အိမ်ကိုဖြိုချချင်တဲ့ ရှေ့နေလက်ထဲထိုးအပ်လိုက်ရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။တစ်ချိန်တည်းမှာပဲ သူတို့အိမ်မှာ ပစ္စည်းသေးသေးလေးတွေ မကြာခဏပျောက်ပျောက်သွားတတ်လို့(၁၀)နှစ်သားအရွယ်ကောင်လေး ပီးတ်တစ်ယောက် လက်သည်ဘယ်သူလဲဆိုတာသိရဖို့ အပြင်းအထန်ကြိုးစားနေခဲ့ပါတယ်။သူဘယ်လောက်ပဲကြိုးစား ကြိုးစား ဘယ်လိုမှဖမ်းမမိနိုင်ပေမယ့် တစ်နေ့မှာတော့မထင်မှတ်ဘဲ လက်သည်ဘယ်သူလဲဆိုတာသိလိုက်ရတဲ့အခါပီးတ်တစ်ယောက် အံ့ဩတကြီးနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားရပါတော့တယ်။လက်သည်က လုံးဝမထင်ထားတဲ့ ဘော်ရိုရာလို့ခေါ်တဲ့ လူသားသေးသေးလေးတွေဖြစ်နေလို့ပါပဲ။မကြာခင် အိမ်ကြီးပေါ်ကနေဆင်းပေးရတော့မယ့် ပီးတ်နဲ့ အိမ်ကြီးထဲမှာနေနေကြတဲ့ဘော်ရိုရာလေးတွေ ပေါင်းပြီး အိမ်ကိုမဆုံးရှုံးရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ..သေတမ်းစာမရှိဘူးလို့ပြောတဲ့ ရှေ့နေဆီမှာ သေတမ်းစာရှိနေတာသိလိုက်ရတဲ့အခါကောက်ကျစ်တဲ့ရှေ့နေလက်ထဲကနေ အဲဒီသေတမ်းစာကိုရဖို့ကြိုးစားရင်း ဘယ်လိုအသက်အန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲ..ဉာဏ်ကောင်းပေမယ့် သေးငယ်တဲ့ဘော်ရိုရာလေးတွေကလူကောင်ကြီးပြီးကောက်ကျစ်တဲ့ရှေ့နေကြီးကို အနိုင်တိုက်နိင်ပါ့မလား..အိမ်ကိုဖြိုချမယ့်အရေးကိုရော ဝိုင်းပြီး ကာကွယ်နိုင်ပါ့မလားဆိုတာကိုမိသားစုနဲ့အတူချစ်စရာလူသေးသေးလေးတွေကို ကြည့်ရင်း ရင်တခုန်ခုန်နဲ့ ပေါ့ပေါ့ပါးပါး ရယ်မောခံစားလိုက်ကြပါဦးနော်။File size…(3.36GB)  / (`1.16GB) / (579MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre...  Adventure / Comedy / Family Subtitle….Myanmar ...
movie

The Borrowers (1997)