Channel Myanmar

Patrick O'Hara

Any Given Sunday (1999)
Any Given Sunday (1999) “အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie

Any Given Sunday (1999)

Focus (2015) 6.6
Focus (2015) မင်းသားကြီး Will Smith နဲ့ ဟာလေကွင်း မင်းသမီးချော Margot Robbie တို့ အဓိကပါဝင်ထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းက လူလိမ်သူခိုးဇာတ်လမ်းဆိုတော့ ကတုံးပေါ်ထိပ်ကွက် ခွကွက် ကျော်ကွက်တွေ အများကြီးနဲ့ တင်ဆက်ထားပါတယ်...Professional လုပ်ငန်းတွေမှာ ပါစင်နယ်ကိစ္စတွေ မရောသင့်ဘူးဆိုတာမျိုးကို အနောက်နိုင်ငံမှာ ပိုသုံးကြပါတယ်။လူလိမ်လုပ်ငန်းမှာဆိုရင်တော့ ပိုဆိုးတာပေါ့..ပါစင်နယ်ရောလို့မရဘူး။တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်တတ်တဲ့ လူလိမ်ပါတ်ကား ၂ ယောက်တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြတဲ့အခါမှာတော့...သူတို့ရဲ့မစ်ရှင်တွေအောင်မြင်ပါ့မလားဆိုတာ.......။သရုပ်ဆောင် ၂ ယောက်ရဲ့ အက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရှုစားရမှာပါ။IMDb Rating (6.6) ရရှိထားပါတယ်။ File size…(4.5 GB)/(1.4 GB)/(700 MB) Quality….WEB-DL 4K HEVC /1080p/720p Format…mkv/mp4 Duration….01:44:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie

Focus (2015)

2015
4K HEVC Web-DL