Channel Myanmar

Patrick Sugui

Barcelona: A Love Untold (2016) 6.3
Barcelona: A Love Untold (2016) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့...ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီကချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက်စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့ စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်....တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသားတွေ့ဆုံခဲ့ကြပါတယ်....မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင်တူနေတဲ့အတွက်အယ်လီဟာ မီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်းချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်....ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ????ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ???လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်....တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲနာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Thazin Myint မှတင်ဆက်ထားပါတယ်။)Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/52  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။File size…(2.3 GB)/(860 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….02:11:45 Subtitle….Myanmar ...
movie

Barcelona: A Love Untold (2016)

2016
Dulo (2021) 5
Dulo (2021) Dulo(2021)ဒီတစ်ခေါက်တင်ဆက်‌ပေးလိုက်တာကတော့အချစ်ကားတစ်ကားဖြစ်တဲ့Duloပဲဖြစ်ပါတယ် Tinder appကိုသုံးရင်း ပါတီပွဲတစ်ခုမှာမထင်မှတ်ဘဲတွေ့ဆုံခဲ့ရာက ချစ်ခဲ့ကြတဲ့ ဘီနီကာနဲ့ ဒက်တိုအချစ်ရေးက ခုနှစ်လအကြာမှာတော့အပြောင်းအလဲတွေ့ခဲ့ပါတော့တယ် ဘွဲယူဖိုအတွက် အမေရိကားကိုပညာသင်သွားရတော့မယ့်ဘီနီကို ဒက်ကလက်မလွှတ်ချင်ခဲ့ပါဘူး နှစ်နှစ်တာကြာမြင့်မယ့်ဒီခရီးက သူတိုရဲ့အချစ်ရေးကိုပိုခိုင်မြဲစေမှာလား ဒါမှမဟုတ်ဒါကသူတိုနှစ်ယောက်ရဲ့အဆုံးသတ်ပဲလား အမြဲအသစ်အဆန်းကိုစူးစမ်းရှာဖွေစွန့်စားချင်ပြီး ခရီးပတ်ထွက်ရတာကိုပျော်တဲ့ ဘီနီကာနဲ့ တစ်နေရာတည်းမှာပဲအခြေချနေထိုင်ချင်တဲ့ ဒက်စတာတိုနှစ်ယောက်ရဲ့ relationshipကအဆင်ပြေပြေလက်တွဲသွားနိုင်မလားဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်အချစ်ကားလေးတစ်ကားဖြစ်တာမို လက်မလွှတ်တမ်းကြည့်ရှုဖိုဖိတ်ခေါ်လိုက်ရပါတယ်ရှင်ဤဇာတ်ကားရဲ့အညွှန်းရေးသားသူက Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunniနဲ့ Poeပဲဖြစ်ပါတယ်  File size…1.2GB / 662MB Quality…1080p WEB DL / 720p Format…Mp4 Duration….1h 44min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK & Thit San Khant Translated by Yunni & Poe
movie

Dulo (2021)

2021
Last Fool Show (2019) 6.7
Last Fool Show (2019) Last Fool Show (2019)ဖိလစ်ပိုင်ကားတွေ ကြိုက်တဲ့သူတွေအတွက် ကြိုက်မယ့်ဇာတ်လမ်လေးပါ။ အချစ်ဇာတ်လမ်းတွေဆို ဖိလစ်ပိုင်တွေက နင့်နင့်နဲနဲ ခံစားရအောင် ရိုက်တတ်ကြပါတယ်။ဖြစ်ဖူးကြမလား မသိဘူး????? ကိုယ်တွေ့ဇာတ်လမ်းကို ကိုယ်တိုင်ဇာတ်လမ်းဖန်တီးရမယ့် အဖြစ်အပျက်မျိုး။ ဒီဇာတ်လမ်းက ဇာတ်ကောင်ကတော့ ဒီအဖြစ်အပျက်နဲ့ ကြုံခဲ့ရတဲ့အကြောင်းပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။အမျိုးသမီးဒါရိုက်တာ မီရေးဆာဟာ ထိတ်လန့်စရာဇာတ်ကားတွေ၊ လူထုကို မီးမောင်းထိုးပြတဲ့ ဇာတ်လမ်းတိုတွေ ရိုက်ပြီး ရုပ်ရှင်ဆိုင်ရာ ဆုများစွာကို ရရှိခဲ့ဖူးသူ တစ်ယောက် ဖြစ်ပါတယ်။သူမ အလုပ်ဝင်မယ့်ဂလက်စီရုပ်ရှင်ထုတ်လုပ်ရေးက လက်ရည်စမ်းတဲ့အနေနဲ့ သူမကို ရိုမန့်စ် ဟာသဇာတ်လမ်းတစ်ပုဒ်ကို ရိုက်စေချင်တယ်။ ရိုက်နေကျ ဇာတ်လမ်းတွေနဲ့ လုံးလုံးကွဲထွက်နေတဲ့ ရိုမန့်စ်ဟာသ ရုပ်ရှင် ရိုက်ရတော့မယ်ဆိုတော့ ဇာတ်ညွှန်းရေးဖို့ ဒါရိုက်တာမမ ခေါင်းစားရတော့တာပေါ့။ဒီလိုနဲ့ အရင်က အချစ်ဇာတ်လမ်းဟောင်းတစ်ပုဒ်ကို ပြန်အသက်သွင်းဖို့ ဖြစ်လာခဲ့တယ်လေ။ လွန်ခဲ့တဲ့သုံးလေးငါးနှစ်က အခုချိန်တွေးရင်တောင် အခုပြန်သတိရတဲ့အတိတ်ဟောင်းတစ်ခုကိုပေါ့အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကို တစ်လှည့်စီ ပြသသွားတဲ့ အခင်းအကျင်းကလည်း ဇာတ်လမ်းကို တစ်မျိုးတစ်ဖုံ လှပစေခဲ့ပြန်ပါတယ်။သီချင်းစာသားလေးတွေကလည်း အတော်မိုက်ပါတယ်။ ဇာတ်ဝင်သီချင်းရဲ့အသက်ဝင်မှုနဲ့ ပံ့ပိုးထားတာမို့ အရိုတစ်လိုင်း ပရိသတ်တို့ ရင်ထဲရောက်မယ့် ကားတစ်ကားပဲ ဖြစ်ပါတယ်။IMDb- 6.7/10 ဆိုတော့ ဇာတ်လမ်းရဲ့အတိမ်အနက်ကို တွေးသာကြည့်ပါတော့Review ...
movie

Last Fool Show (2019)

2019