Channel Myanmar

Paul Cooper

Problemista (2023) 7.0
Problemista (2023)  အယ်လီဟန်ဒရိုဟာ သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အလ်ဆာဗိုဒေါကနေ နယူးယောက်ကို ပြောင်းရွှေ့လာခဲ့ပါတယ် သူ့ရဲ့အိမ်မက်ကဝောာ့ အရုပ်ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တာဖြစ်ပြီး အလုပ်လျှောက်တဲ့အခါမှာတော့ သူဟာ အငြင်းခံခဲ့ရပါတယ် ။ဒီလိုနဲ့ ရရာအလုပ်ကိုလုပ်ရင်း အယ်လီဟန်ဒရိုဟာ အလုပ်ဗီဇာရရှိနိုင်ရေးအတွက် ကြိုးစားနေရတာပါ။ သူဟာ အလုပ်ဗီဇာရရှိမှ အမေရိကမှာ ဆက်နေလို့ရမှာဖြစ်ပြီး မရခဲ့ရင်တော့ သူ့ရဲ့ မွေးရပ်မြေကို ပြန်သွားရမှာပါ အခွင့်အလမ်းတွေရချင်လို့ နိုင်ငံခြားကိုထွက်လာပြီး အဆင်မပြေမှုပေါင်းများစွာကြားထဲက အယ်လီဟန်ဒရိုတစ်ယောက် ဘယ်လိုရုန်းကန်သွားမှာလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.8 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Problemista (2023)

Lifeforce (1985) 6.1
Lifeforce (1985) Lifeforce (1985) Genre – Action, Horror, Mystery IMDB – 6.1/10 ကျွန်တော်တောင် မမွေးသေးတဲ့ ၈၀ ခုနှစ်ကာလတွေရဲ့လျှို့ဝှက်ဆန်းကြယ်လည်းဖြစ်ပြီး ခြောက်ခြားထိတ်လန့်ဖွယ်ရာရုပ်ရှင်ကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ အရင်တုန်းက နာမည်ကျော် Texas Chainsaw Massacre တို့Poltergeist တို့လို ခြောက်ခြားဖွယ်ရာကားများကို ရိုက်ကူးခဲ့တဲ့ Tobe Hooper ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်-ဗြိတိသျှ ပူးပေါင်းပြီး ၇၆ နှစ်တစ်ကြိမ်မှာ ပေါ်ပေါက်မယ့်ဟယ်လီကြယ်တံခွန်ကို အာကာသထဲမှာ လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။ဒါပေမဲ့ ကြယ်တံခွန်နားကို ရောက်လာချိန်မှာ ထိပ်ဖျားမှာအမည်မဖော်နိုင်တဲ့ အရာဝတ္ထုကို တွေ့လို့ ဦးစီးအရာရှိကာနယ်ကာဆန်တစ်ယောက် အဖွဲ့သားတွေ ခေါ်သွားပြီးသွားရောက်လေ့လာတဲ့အခါမှာတော့ လင်းနို့သဏ္ဍာန်ရှိတခြားသက်ရှိအသေတွေကို တွေ့ပြီး လူသားပုံစံခန္ဓာကိုယ် ၃ ခုကိုလည်း တွေ့ရှိလို့ အံ့သြနေပြီး သူတို့ယာဉ်ပျံပေါ် ပြန်တင်ပြီးထွက်ခွာခဲ့ရာ မြေပြင်စခန်းနဲ့ ပြတ်တောက်သွားခဲ့ပါတယ်။ဒါကြောင့် မြေပြင်စခန်းက သွားရောက်ကယ်ဆယ်တဲ့အခါတခြားအဖွဲ့သားအားလုံး သေဆုံးနေပြီး လူပုံစံ ခန္ဓာကိုယ် ၃ ခုရယ်ကာနယ်ကာဆန်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ဒီလိုနဲ့ ...
movie

Lifeforce (1985)

1985
The Fence (2022) 6.9
The Fence (2022)  စတိဗ်ဆိုတဲ့ ကောင်လေးကသူရှာထားတဲ့ပိုက်ဆံတွေစုပြီးဆိုင်ကယ်လေးတစ်စီးကိုဝယ်ခဲ့ပါတယ်။ဝယ်ပြီးသိပ်မကြာခင်မှာပဲအိမ်ရှေ့မှာရပ်ထားတုန်းအခိုးခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ရဲသွားတိုင်တော့သူက သူ့အစ်ကိုအန်ဒရူးရဲ့ညီဖြစ်နေတာကိုသိသွားတော့ ရဲတွေကမကူညီချင်သလိုထုံးစံအတိုင်းအင်တင်တင်လုပ်ပါတော့တယ်။သူ့အစ်ကိုအန်ဒရူးဆိုတာက အမြဲတမ်းထိုးလိုက်ကြိတ်လိုက်နဲ့လူကြမ်းတစ်ယောက်မလို့ အခုလဲခံဝန်နဲ့လွတ်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့စတိဗ်တစ်ယောက် သူ့ဆိုင်ကယ်လေးကိုဘယ်သူခိုးသွားတယ်ဆိုတာကိုလိုက်စုံစမ်းရင်းနဲ့ သတင်းအတိအကျရလာတဲ့အခါ သူ့အသက်အရွယ်နဲ့ ဘာမှလုပ်မရတဲ့အတွက်သူ့အစ်ကိုကိုပဲ လူမိုက်ငှားပြီးခေါ်သွားခဲ့ပါတော့တယ်။သူ့အစ်ကိုကလဲမဆီမဆိုင်နဲ့ရဲတွေနဲ့ သူ့ကြားမှာပဲကြီးလှော်ဆားညှပ်နေတဲ့သူ့ ညီကိုသနားပြီးအတတ်နိုင်ဆုံးလိုက်ကူညီပေးခဲ့ပါတယ်။ဒီလိုနဲ့ဆိုင်ကယ်တော့ပြန်မရခဲ့ပေမဲ့လျော်ကြေးတော့ပြန်ရခဲ့ပါတယ်။ဒါပေမယ့်တကယ်တမ်းအပြစ်ရှိတဲ့လူကဆိုင်ကယ်သူခိုးမဟုတ်ပဲ နဲ့ ညီအစ်ကိုနှစ်ယောက်လုံးနဲ့ရန်စရှိနေတဲ့လူတွေဖြစ်တဲ့အခါမှာတော့ဘာတွေဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…2.45GB / 744MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie

The Fence (2022)