Channel Myanmar

Paul Hansen Kim

Message from the King (2016) 6.4
Message from the King (2016)  ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Black Pantherမင်းသားChadwick Boseman သရုပ်ဆောင်ထားတဲ့ action crime drama movieလေးပဲဖြစ်ပါတယ်....။နောက်ပြီး ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့လေသံ၊ စကားပြောဟန်ဟာBlack Pantherရဲလေသံနဲ့တူတူပဲလို့ အင်တာဗြူးတစ်ခုမှာဖြေသွားဖူးပါတယ်...။ဒီတော့ Black Pantherတစ်ဖြစ်လဲ မင်းသား Chadwick Bosemanရဲ့သရုပ်ဆောင်ပုံကို အလွမ်းပြေ ကြည့်ရှုလို့ရမယ့်ကားလေးဖြစ်ပါတယ်...။ညီမဖြစ်သူကိုရှာပုံတော်ဖွင့်တဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပြီးမင်းသား Chadwickကလည်း စူပါဟီးရိုးသရုပ်မဟုတ်ဘဲ လူကောင်းတစ်ယောက်၊ကြေကွဲနေတဲ့ အစ်ကိုတစ်ယောက်ရဲ့သရုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်ပြသွားပါတယ်...။ ဇာတ်လမ်းအကျဥ်းကတော့...ဂျက်ကော့ဟာ ညီမဖြစ်သူဘီယန်ကာကိုရှာဖို့အတွက်နဲ့ ‌အာဖရိကကနေလော့စ်အိန်ဂျယ်လစ်ကိုတက်လာပါတယ်...။သူသိတာဆိုလို့ ညီမဖြစ်သူက သူ့အကူအညီလိုနေတယ်၊ပျောက်ဆုံးနေတယ်...ဆိုတာကလွဲပြီး ကျန်တာနတ္ထိပါ...။အဲ့လိုကနေ တစ်စပြီးတစ်စသိအောင် စုံစမ်းရင်းနဲ့ ညီမဖြစ်သူပျောက်ဆုံးရတာဟာမသမာသူလူတစ်စုရဲ့လက်ချက်ဖြစ်မှန်းသိသွားတဲ့အခါမှာတော့...ဘုရင်ကြီးရဲ့ ရာဇသံက ဘာဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရှုလို့ရပါပြီ...။ File size…2.81GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Message from the King (2016)

One Hour Photo (2002)
One Hour Photo (2002) IMDb - 6.8/10 ~ RT - 81% ဆိုင် ပဲရစ်ရှ် (Robin Williams) ဟာဖလင်တွေကနေပြီး ဓာတ်ပုံကူးပေးတဲ့လုပ်ငန်းကို ၁၁ ကျော်ကြာကြာအောင်လုပ်ကိုင်နေခဲ့သူပါ။ သူ့ရဲ့အလုပ်ကိုသေချာကျွမ်းကျင်ပြီးလေးစားမှုအပြည့်လည်းရှိတဲ့အပြင် သူထုတ်သမျှဓာတ်ပုံတိုင်းကိုလည်း အရောင်လေးနည်းနည်းလွဲတာနဲ့တင်မကျေနပ်ပဲ လုံးဝကိုပြည့်စုံနေမှရမယ်ဆိုတဲ့လူမျိုးပါ။ သူရဲ့ ပုံမှန်ကာစတန်မာတွေကိုလည်း စေတနာအပြည့်နဲ့ ဓာတ်ပုံထုတ်ခတွေဈေးလျော့ပေးတတ်လေ့ရှိပါသေးတယ်။ ဆိုင်ဆီမှာ ပုံမှန်ပုံထုတ်နေကျ‌ကာစတန်မာတွေထဲမှာ ဝီလီယံနဲ နီနာ ယော့ကင်တို့မိသားစုလည်းအပါအဝင်ပဲ။ ဝီတို့ရဲ့သားလေးငယ်ငယ်လေးကတည်းကပြီး အသက်ကိုးနှစ်ပြည့်သည်အထိ ပုံတိုင်းကိုဆိုင်ပဲထုတ်ပေးခဲ့ရတာဖြစ်လို့ တစ်ကိုယ်တည်းပဲနေတဲ့ လူပျိုကြီးဆိုင်တစ်ယောက် ယော့ကင်တို့မိသားစုကိုသံယောဇဉ်ပါတွယ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆိုင်ကိုလာထုတ်ခိုင်းတဲ့ဓာတ်ပုံတွေထဲမှာ ဝီလီယံ ယေ့ာကင်ရဲ့ ဖောက်ပြန်နေတဲ့ ပုံတွေကိုမြင်လိုက်ရပါတယ်။တစ်ချိန်ထဲမှာပဲစာရင်းကွာဟမှုတွေကိုအကြောင်းပြပြီး ဆိုင်ကို မန်နေဂျာကအလုပ်ဖြုတ်ပစ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ယော့ကင်တို့မိသားစုကိုသံယောဇဉ်တွယ်နေတဲ့ ဆိုင်တစ်ယောက် နီနာနဲ့ သူ့သားလေးတို့ကို ဝီလီယံဖောက်ပြန်နေကြောင်းသိအောင်လုပ်ပြရင် ဘယ်လိုမျိုးလုပ်ရပ်တွေကျူးလွန်မိသွားမလဲဆိုတာကိုကြည့်ရှုရမဲ့ psychological thriller ဇာတ်ကားကောင်းတစ်ကားပါဗျ။ အော်စကာဆုရ မင်းသားကြီး Robin Williams ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် သရုပ်ဆောင်နေကျဇာတ်ရုပ်တွေကနေကွဲထွက်နေတဲ့ ဇာတ်ရုပ်ကို ...
movie

One Hour Photo (2002)