Channel Myanmar

Paul Jeanson

The Goldman Case (2023) 7.2
The Goldman Case (2023) လုယက်မှုပေါင်းများစွာနဲ့ လူသတ်မှုအတွက် ရုံတင်စစ်ဆေးခြင်းခံခဲ့ရပြီး ထူးဆန်းစွာနဲ့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ပြင်သစ်လက်ဝဲတော်လှန်ရေးသမား ပိုလန်ဂျူးလူမျိုး ပီးယားဂိုးမန်း ရဲ့အကြောင်းကို ဖြစ်ရပ်မှန်ပြန်လည်ရိုက်ကူးထားတဲ့ ပြင်သစ် Crime/Drama/History ဇာတ်ကားကောင်းလေးတစ်ကားပါအကောင်းဆုံး ရုပ်ရှင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင်ဆုတွေအများကြီးရထားတဲ့ ဂျူးမုန်းတီးရေး ဂျူးဆန့်ကျင်ရေး လူမျိုးရေးခွဲခြားမှုတွေကြားထဲက တရားမျှတမှုအကြောင်းကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပါသူ့ကိုအမိန့်ချမှတ်ခဲ့တဲ့ နောက်ဆုံးတရားခွင်ကို ဖြစ်ရပ်မှန်ပြန်လည်ရိုက်ကူးထားတာပါ ကြည့်ရှုခံစားကြည့်လိုက်ပါဦး........ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.1GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

The Goldman Case (2023)

A Place to Fight For (2023) 6.1
A Place to Fight For (2023) A Place to fight for (2023)ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့ လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။ သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။ အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။ ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။ နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။ မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။ ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ် ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။ ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။ သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲ သူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ ...
movie

A Place to Fight For (2023)

2023
The Night of the 12th (2022) 7.1
The Night of the 12th (2022) The Night of the 12th (2022)~ IMDb - 7.1/10, Rotten Tomatoes - 85% ~Memories of Murder တို့ Zodiac တို့လို ဖြစ်ရပ်မှန်ကို အခြေခံပြီး တရားခံမပေါ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်တယ်ဆိုရင်တော့ ဒီကားဟာ သင့်အတွက်ပါပဲ။စုံထောက်တိုင်းမှာ သူတို့မေ့မရတဲ့ သူတို့ကို အတွင်းထဲက လှိုက်စားနေတဲ့ အမှုတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ ဒီကားထဲက စုံထောက်အတွက်ကတော့ ၁၂ရက်နေ့ညမှာအသတ်ခံခဲ့ရတဲ့ ကလာရာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမှုပါ။ ဒီကားဟာလည်း ကလာရာ့အသတ်ခံရမှုနောက်ကို စုံစမ်းဖော်ထုတ်ကြမယ့် ဖြစ်စဉ်အကြောင်းပဲဖြစ်ပါတယ်။အပေါ်မှာပြောခဲ့သလိုပါပဲ... ဒီကားဟာ ပြင်သစ်ရဲဌာနရဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုအပေါ် အခြေခံပြီး ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သိတဲ့အတိုင်းပါပဲ ဒီလိုကားတွေဟာ ဇာတ်လမ်းအကြောင်း သိပ်များများပြောပြဖို့ မသင့်တာမို့ ကိုယ်တိုင် ကြည့်ရှုကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။တစ်ခုရှိတာက ဒါဟာဖြစ်ရပ်မှန်စုံထောက်ကားဆိုပေမယ့် အလွှာတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ လူမှုရေးရာခေါင်းစဉ်တွေပါဝင်သလို ...
movie

The Night of the 12th (2022)

2022