Channel Myanmar

Paul-Mikél Williams

Diary of a Wimpy Kid Christmas: Cabin Fever (2023) 5.8
Diary of a Wimpy Kid Christmas: Cabin Fever (2023)  ခရစ္စမတ်ချိန်ခါနီးပြီဆိုတော့ Disneyက အသစ်ထွက်ထားတဲ့ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Christmas ရဲ့ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီးပေးတယ်လို့ မိဘတွေကပြောကြပါတယ်။ ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့လက်ဆောင်ရဖို့အရေး Christmasရောက်ဖို့တစ်လလုံး လိမ္မာပြရပါတယ်။Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှားမထွက်ရဲကြပါဘူး။ ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက်အသစ်လိုချင်နေပါတယ်။ လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင်တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူ အပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိသွားပါတယ်။ ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှမသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ File size…1 GB / 478 MB Quality…DSNP WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 2m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Diary of a Wimpy Kid Christmas: Cabin Fever (2023)

The 15:17 to Paris 5.0
The 15:17 to Paris အက်ရှင်ကားတွေ အချစ်ကားတွေကို ရိုးအီနေပြီဆိုသူတွေအတွက် အရသာအသစ်ပေးစွမ်းနိုင်မယ့်The 15.17 to Paris ဆိုတဲ့ ကိုယ်ရေးအတ္ထုပတ္တိအမျိုးအစားဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၁၅ တုန်းကဖြစ်ပွားခဲ့တဲ့ ISIS  ရထားအကြမ်းဖက်မှုကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ အဆိုပါအကြမ်းဖက်မှုမှာ အသက်နဲ့ရင်းပြီးကယ်တင်ခဲ့တဲ့အမေရိကန်လူမျိုးသူငယ်ချင်သုံးဦးဖြစ်တဲ့ စပန်ဆာစတုန်း၊ အဲလက်စကာလာတို့စ် နဲ့ အန်တိုနီဆက်ဒ်လာ တို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင်ဒါရိုက်တာဟာလည်းတစ်ချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အော်စကာလေးဆုရမင်းသားကြီး Clint Eastwood ပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို ဇာတ်လိုက်သုံးယောက်ရဲ့ငယ်ဘဝကနေ စတင်ပြီး ရိုက်ကူးပြသထားတာဖြစ်တဲ့အတွက်ကြည့်ရှုသူတွေအနေနဲ့ အတန်ငယ် ပျင်းကောင်းပျင်းနေနိုင်ပါတယ်။ ဒါပေမယ့်ကိစ္စမရှိပါဘူး ဆက်သာကြည့်ကြပါ။ကြည့်ရင်းနဲ့ဇာတ်လမ်းဟာတဖြည်းဖြည်းနဲ့အရှိန်တက်လာပြီး ဇာတ်လမ်းအဆုံးထိ ပါအောင်ဆွဲခေါ်သွားပါလိမ့်မယ်။ဒါ့အပြင် ဇာတ်လိုက်သုံးဦးရဲ့ ဥရောပခရီးစဉ်အစဖြစ်တဲ့ဗင်းနစ်မြို့ရဲ့ရှုပျော်ဖွယ်ရာကောင်းတဲ့အလှနဲ့ အမ်စတာဒမ်မြို့ရဲ့အရိုင်းဆန်တဲ့ အလှတွေကိုပါခပ်ပါးပါးလေးပြသွားတဲ့အတွက် ခရီးထွက်ရတာကို ကြိုက်နှစ်သက်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Qty - 720p Web DLDuration - 1hr 54minGern - History/ ActionTranslator - Myo Thant KyawReview - ...
movie

The 15:17 to Paris

2018