Channel Myanmar

Paul Snodgrass

Runs in the Family (2023) 6.4
Runs in the Family (2023)  ဒီမိသားစု ဒရာမာရုပ်ရှင်လေးက IMDb 6.4 အထိရရှိထားပါတယ်။ဗာရွန်ဆိုတဲ့ အိန္ဒိယအမျိုးသားကြီးတစ်ယောက်မှာ ရေးဗားလို့ခေါ်တဲ့ Transgender သားတစ်ယောက်ရှိပါတယ်။ ရေးဗားက ၊အမျိုးသမီးအဖြစ်ကနေ အမျိုးသားအဖြစ်ကို ပြောင်းလဲထားတာပါ။ရေးဗားရဲ့အမေဟာ ရေးဗားကိုမွေးမွေးပြီးချင်း တစ်နှစ်အတွင်းမှာပဲ ဗာရွန်နဲ့ ရေးဗားတို့ သားအဖနှစ်ဦးကို ပစ်ပယ်သွားခဲ့သူပါ။ တစ်ရက်မှာတော့ ‌ဒီအမျိုးသမီးဟာ ဗာရွန်ဆီကိုဆက်သွယ်လာပြီး သူမကို eSwatini လို့ခေါ်တဲ့ တောင်အာဖရိကက မြို့ငယ်လေးတစ်ခုက ပြန်လည်ထူထောင်ရေးဆေးခန်းမှာ လက်ရောက်ခေါ်ဆောင်ပေးဖို့ အကူအညီတောင်းလာပါတော့တယ်။ ဒီလိုနဲ့ ရည်းစားဟောင်းဖြစ်သူ ရေးဗားရဲ့အမေကို မမေ့နိုင်တဲ့ဗာရွန်ဟာ သားဖြစ်သူကိုရအောင်စည်းရုံးပြီး မိုင်ပေါင်းရာချီဝေးတဲ့ eSwatini မြို့ကို ဗန်ကားလေးနဲ့ သားအဖနှစ်ယောက် ခရီးထွက်ကြပါတော့တယ်။ဒီရုပ်ရှင်လေးထဲမှာတော့ Transgender အဖြစ်ခံယူခဲ့တဲ့ သားဖြစ်သူ ရေးဗားအပေါ်ထားတဲ့ အိန္ဒိယလူမျိုးကြီး ဗာရွန်ရဲ့ နားလည်မှု၊ ဖေးမကူညီမှု၊ မိဘနဲ့သားသမီးအကြားက သံယောဇဉ် ချစ်ခြင်းတွေကိုရိုက်ပြထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုသင့်တဲ့ရုပ်ရှင်လေးဖြစ်ပါတယ်။(ရိုင်းစိုင်းတဲ့အသုံးအနှုန်းတချို့ပါ၀င်တာကိုသတိပြုပေးပါ) File size…(2.5 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Adventure, Comedy Subtitle….Myanmar ...
movie

Runs in the Family (2023)

Fried Barry (2020) 5.6
Fried Barry (2020) Fried Barry (2020)===============ဂြိုလ်သားတွေက သင်တို့ရဲ့အနီးပတ်ဝန်းကျင်မှာ လျှောက်သွားနေတယ်လို့တွေးဖူးကြရဲ့လား။တွေးဖူးကြမယ်ဆိုရင်တော့ဒီဇာတ်ကားလေးကသင်တို့ကိုအကြိုက်တွေ့စေမှာပါ။ဘယ်ရီဟာခပ်ဆိုးဆိုးလူတစ်ယောက် . မကောင်းတာမှန်သမျှအကုန်လုပ်ပြီးမူးယစ်ဆေးလည်းစွဲနေခဲ့ပါတယ်။ တစ်နေ့မှာတော့ဘယ်ရီတစ်ယောက်မူးယစ်ဆေးသုံးနေရင်းစိတ်လွင့်သွားပြီး ဂြိုလ်သားတွေဆီရောက်သွားခဲ့ပါတယ်။ ဂြိုလ်သားတွေဟာသူတို့ရဲ့နည်းပညာတွေကိုသုံးပြီး ဘယ်ရီရဲ့ကိုယ်ထဲကိုဂြိုလ်သားတစ်ယောက်ကိုဝင်စေပြီးအစားထိုးခဲ့ပါတယ်။ အဲဒီနောက်မှာ ဘယ်ရီကိုယ်ထဲကို ဝင်နေတဲ့ဂြိုလ်သားက ကမ္ဘာမြေပေါ်မှာလျှောက်သွားရာမှာဘာတွေဆက်ဖြစ်မလဲ။ လူသားတွေနဲ့အံဝင်ဂွင်ကျဖြစ်ပါ့မလားဆိုတာကြည့်ရှုရမှာပါ(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ REX ပဲ ဖြစ်ပါတယ်။) File Size -  (970MB)/(540 MB) Quality – WEBRIP 720p/480p Duration - 1hrs 39min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Horror, Sci-Fi Translator – REX Encoder – SWM
movie

Fried Barry (2020)

2020