Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Urmson
6.4
Robots (2005)
တချို့ဇာတ်ကားတွေက ထွက်ရှိတာ ဘယ်လောက်ပဲကြာခဲ့ပါစေ၊ ပိုစတာလေး မြင်ရုံ၊ ဗီဒီယိုအတိုအစလေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်နဲ့ အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်လာတဲ့ Nostalgiaလို့ခေါ်တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀နှောင်းပိုင်းမွေးသူတွေအဖို့ ထိုခံစားချက်ကို အပေးနိုင်ဆုံး ဇာတ်ကားတွေက animationလို့ခေါ်ရမယ့် ကာတွန်းကားတွေပဲ ဖြစ်မယ် ထင်ပါတယ်။VCDခေတ်ကစလို့ တရုတ်ကလာတဲ့ ၃၂ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်းခွေတွေ၊ ၄ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေတွေ စသဖြင့် ကျွန်တော်တို့ ကလေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကားတွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆိုတာ အတော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အတော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ဒီ Animationကို 20th Century Foxကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Ratingတွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်ရတဲ့ခံစားချက်ကိုက သဘောကျဖို့ကောင်း နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့လေးမှာ ကြီးပြင်းလာတဲ့ ရော့ဒ်နီ ကော့ပါးဘော်တွန်ဆိုတဲ့ စက်ရုပ်လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်တွေကို ကူညီပေးဖို့ အထုံ ပါလာသူပဲ ...
movie
Robots (2005)
2005