Channel Myanmar

Pavel Navageethan

Vithaikkaaran (2024) 8.0
Vithaikkaaran (2024) Vithaikkaran (2024)IMDb 8.1/10 ရရှိထားပြီး ဘောလ်ဝုဒ်ရုပ်ရှင်ပရိသတ်ကြီးတို့ သဘောကျစေမဲ့ကားလေးတစ်ကားကို တင်ဆက်ပေးပါရစေ။ဒီဇာတ်ကားကတော့ မင်းသား Sathish ရဲ့ တွေ့နေကျ ဟာသကားတွေကနေ ကွဲထွက်ပြီးပါဝင်ထားတဲ့ အက်ရှင်ကားတစ်ကားဖြစ်လို့ သူ့အတွက်တော့ သရုပ်ဆောင်လမ်းကြောင်းရဲ့ အချိုးအကွေ့တစ်ခုလို့လည်း ဆိုရမှာပါ။ငယ်စဉ်ကတည်းက မျက်လှည့်ပညာကိုကြိုက်ပြီး ' လိမ်တာမမှားဘူး လိမ်ခံရတာကမှ မှားတာ' ဆိုတဲ့စကားကို လက်ကိုင်ထားတဲ့ မျက်လှည့်ပညာရှင်ဖြစ်ပြီး အကြောင်းကြောင်းကြောင့် အိန္ဒိယထိပ်တန်းမှောင်ခိုဂိုဏ်းခေါင်းဆောင် သုံးယောက်နဲ့ ဇယားရှုပ်မိသွားတဲ့မင်းသား။ဒီဂိုဏ်းခေါင်းဆောင်သုံးယောက်ကို သတင်းလိုက်နေတဲ့ ဂျာနယ်လစ်မင်းသမီး။ မတော်တဆအတိတ်မေ့သွားတဲ့ မင်းသားနဲ့ မင်းသမီးတို့တွေ့ပြီး အရှုပ်တော်ပုံကြားထဲ သတိမထားမိလိုက်ခင်မှာပဲ ဝင်မိသွားပြီး ပစ်မှတ်တစ်ခုဖြစ်သွားတဲ့အခါ ဒီအရှုပ်တွေကို ဘယ်လိုရှင်းမလဲ။ ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကို မပျင်းတမ်းကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။( အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ် ) File size…1.8GB / 830MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD TEAM 
movie

Vithaikkaaran (2024)

2024
Are You Ok Baby? (2023) 8.8
Are You Ok Baby? (2023) Are You Ok Baby? (2023) မေမေ့ကလေးငယ်ယခုတစ်ခေါက်မှာတော့ IMDb Rating 9/10 ရရှိထားတဲ့ မိသားစုဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေအမျိုးမျိုးရှိတဲ့ကြားက မိခင်တစ်ယောက်က သူ့ကလေးအပေါ်မှာထားရှိတဲ့မေတ္တာတရားကတော့ ကြားဝင်နှောင့်ယှက်လို့မရတဲ့အရာတစ်ခုပါ။ ဒီလိုမျိုးပဲ ယနေ့ခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်ပေါက်လာပြီး လူထုကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖန်တီးစေပြီး ဆက်ဆံရေးတွေကြား ပြဿနာတွေကြား ကြားဝင်နှောင့်ယှက်တတ်တဲ့အရာတစ်ခုကတော့ ဆိုရှယ်မီဒီယာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ အချစ်ကို မှားယွင်းစွာနဲ့ ကိုးကွယ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်က ယောက်ျားကလည်းရှာမကျွေး၊ ကိုယ့်ကိုမှီခိုနေရတဲ့ အမေနဲ့ညီမလေးကလည်းရှိနေ‌တော့ မမွေးဖွားရသေးတဲ့ဗိုက်ထဲက အချစ်စုဘူးကို မွေးစားခိုင်းဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ကလေးအပေါ်မှာ မစွန့်လွှတ်နိုင်တဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာတရားလေးက ယှဉ်တွဲ‌လာတဲ့အခါ ....ကိစ္စတစ်ခုခုကိုဆို မကြီးကြီးအောင် ပုံကြီးချဲ့တတ်တဲ့ ဆိုရှယ်မီဒီယာသမားတွေကတော့ ‌ဒီလိုကိစ္စမျိုးတွေကို ပုံပြပြီး လူထု attention ရှာလို့ရအောင် ဒီကောင်မလေးဆီကို ချန်နယ်ပေါင်းစုံကနေ ဆက်သွယ်လာပါတယ်။ဒီလိုကနေ ဥပဒေကိစ္စတွေနဲ့ ရောထွေးလာပြီး ပြဿနာတွေက ပိုကြီးလာတဲ့အခါ မူလဦးတည်ချက်ဖြစ်တဲ့ ကလေးငယ်စောင့်ရှောက်ခွင့်ကိုရော ပြန်ရနိုင်ပါ့မလား ....မီဒီယာသမားတွေကရော ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ ဝင်မွှေကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင်ဒီဇာတ်လမ်းလေးကိုတော့ Dee~ ...
movie

Are You Ok Baby? (2023)

2023
Taanakkaran (2022) 8.5
Taanakkaran (2022) Taanakkaran (2022)IMDb - 8.5/10Disney+ Hostarကနေ သိပ်မကြာခင်မှထွက်ထားတဲ့ရသပေးစွမ်းနိုင်မယ့် ဇာတ်လမ်းလေးတပုဒ်ပါ"အာရီဗူ...ရဲအရာရှိဆိုတာ အရမ်းတန်ဖိုးကြီးတဲ့အလုပ်ပဲ...ပြဿနာ ကြုံလာရင် သူတို့ဆီသွားလိုက်ရင်စိတ်အေးရပြီ...ဒါပေမဲ့အဖေတို့ပြဿနာကို သေချာစစ်ဆေးပေးပြီး မျှမျှတတဖြေရှင်းပေးတဲ့ရဲ တွေ့ဖူးလား""ဟုတ်တယ်အဖေ...သားတို့ပြဿနာတွေကို သေချာ နားထောင်ပေးပြီး တရားမျှတစွာဖြေရှင်းပေးတဲ့ ရဲမြင်ဖူးလား""အာရီဗူ...သားကြီးလာရင် ရဲဖြစ်ပေးပါ"အာရီဗူဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဟိုးငယ်ငယ်လေးတည်းကသူ့အဖေကြောင့်ရော သူ့ကိုယ်ပိုင်ဆန္ဒကြောင့်ပါ ရဲဖြစ်ချင်ခဲ့သူပါ။ဒီအိမ်မက်အတွက် သူ့ဘဝကိုရင်းထားခဲ့ပြီး တစ်နေ့သူဟာ ရဲအလုပ်ကိုဝင်လျှောက်ခဲ့ပါတယ်။ အရင်ဦးဆုံးတော့ ရဲဖြစ်သင်တန်း ဆင်းရတာပေါ့။"ငါပြောသလိုလုပ် မေးခွန်းပြန်မထုတ်နဲ့ အတွန့်မတက်နဲ့" ဆိုပြီးအထက်ဖားအောက်ဖိ စနစ်နဲ့ ကျင်လည်နေတဲ့ ဒီလောကထဲမှာ အာရီဗူ တစ်ယောက် သူ့အိမ်မက်ကို ဘယ်လိုဆက်လျှောက်လှမ်းမှာလဲ။မတရားမှုတွေကို ခေါင်းငုံ့ငြိမ်ခံ မနေတတ်တဲ့ အာရီဗူတစ်ယောက် အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်မှာလဲဆိုတာကို တလောင်လောင်နဲ့ ကြည့်ရမှာမလို့ အခုပဲ down ပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ် File size…2.35GB / 1.2GB Quality…1080p HQ AAC 5.1CH  / 720p Format…mp4 Duration….2h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Taanakkaran (2022)

2022
Valimai (2022) 7.6
Valimai (2022) Valimai (2022)ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့လတ်တလောထွက်ရှိထားတဲ့မှုခင်းအက်ရှင်ကားတစ်ကားဖြစ်တဲ့ Valimai ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Arjun ဆိုတဲ့ရဲအရာရှိကတော့အရည်ချင်းရှိပြီးအမှုကိုင်တွယ်ပုံတမူထူးခြားတာနဲ့နာမည်ကြီးတဲ့ရဲကောင်းတစ်ယောက်ပေါ့ချန်နိုင်းဆိုတဲ့မြို့မှာ လူသတ်မှုတွေ ဓားပြတိုက်မှုတွေ မူးယစ်ဆေးဝါးမှုတွေဆွဲကြိုးလုယက်မှုတွေမြောက်များစွာဖြစ်ပွားတဲ့အချိန်မှာတော့ Arjunတစ်ယောက်အမှုကိုင်တွယ်ဖို့ ပြောင်းရွေ့တာ၀န်ပေးခံလိုက်ရပါတယ်။တစ်နေ့မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တဲ့အမှုကို ကိုင်တွယ်ရင်းသေကြောင်းကြံစည်မှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာလိုက်တူးဆွရင်း တူးဆရင်းနဲ့ အဲမြို့မှာ ဖြစ်ပွားနေတဲ့မှုခင်းများစွာကဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းတည်းနဲ့ဆက်စပ်မှုရှိလောက်တာကိုသိလိုက်ရပေမဲ့လည်းအမှုဖြေရှင်းဖို့အခက်ခဲများစွာရှိနေတော့ Arjun တစ်ယောက်ဘယ်လိုဖြေရှင်းမလဲအခက်ခဲကိုဘယ်လိုကျော်ဖြတ်မလဲ ဘယ်လိုလှည့်ကွက်တွေရှိနေဦးမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့်အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…1.4GB / 2.85GB / 6GB Quality…1080p WEB DL / 720p / 4k HEVC WEB DL Format…mp4 Duration….2h 58mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena & Go-O & Eliza
movie

Valimai (2022)

2022
4K HEVC Web-DL
Sridevi Soda Center (2021) 7.6
Sridevi Soda Center (2021) IMDb Rating (7.6)ဒီနေ့ပဲအသစ်ထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်း အချစ်အက်ရှင်ဇာတ်ကားလေးတစ်ကားကို တင်ဆက်လိုက်ပါတယ်။Suri Babu ဟာ သူ့ရွာမှာစတိတ်ခုံ မီးစတဲ့အပြင်အဆင်တွေမှာကွျမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အဲ့ဒီအလုပ်ကို စီးပွားရေးအဖြစ်ဇောက်ချလုပ်ဖို့စဉ်းစားနေပါတယ်၊သူချစ်မိသွားတာကတော့ ဆိုဒါအရောင်းဆိုင်ပိုင်ရှင်ကြီးရဲ့သမီး မိန်းမလှလေးSrideviပဲဖြစ်ပါတယ်။ Srideviက သူ့အချစ်ကိုတုန့်ပြန်ခဲ့ပေမယ့် သူ့အဖေကတော့ ခါးခါးသီးသီးပါပဲ။သဘောမတူနိုင်ရတဲ့အကြောင်းရင်းကတော့ Suri ဟာ သူတို့ထက် ဇာတ်နိမ့်နေလို့ပါပဲ။တစ်နေ့မှာတော့ ဆူရီဟာ ရွာထဲကအကောင်ကြီးကြီးတစ်ယောက်နဲ့လူသတ်မှုတစ်ခုမှာပါဝင်ပတ်သက်မိရာကနေ ဒုက္ခကြုံရပြီး အချစ်ဇာတ်လမ်းမှာပါ အနှောင့်အယှက်တွေကြုံရဖို့ဖြစ်လာပါတော့တယ်။တစ်ခုပြီးတစ်ခု မြွေပူရာကင်းမှောင့်သလိုဖြစ်လာတဲ့ပြဿနာတွေဟာ သွေးရိုးသားရိုးဟုတ်ပါ့မလား။ သူ့အပေါ်မလိုမုန်းထားသူတွေ သူတို့ဇာတ်လမ်းအပေါ်ဖျက်လို့ဖျက်ဆီးလုပ်ချင်သူတွေ ဘယ်လောက်များမလဲ။ ဒါတွေကိုရော သူတို့နှစ်ယောက်ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ကြမလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။အပြင်မှာတကယ်ဖြစ်နေဆဲ ဖြစ်ခဲ့ပြီးသား အဖြစ်အပျက်တွေထဲက ဖြစ်ရပ်မှန်တစ်ချို့ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘယ်လိုအဖြစ်မှန်တွေလဲဆိုတာကိုသိရင်တော့ ဇာတ်လမ်းပေါ့ပျက်သွားနိုင်လို့မပြောတော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအဖြေရှာကြပါ။ File size…(2.2 GB) / (1.1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy & Alias
movie

Sridevi Soda Center (2021)

HEVC 1080p
Boomika (2021) 6.1
Boomika (2021) Boomika (2021)အိမ်ရာစီမံကိန်းပရောဂျက်တစ်ခုကိုရေးဆွဲဖို့အတွက် ၁၀နှစ်တာလောက် စွန့်ပစ်ထားခြင်းခံထားရတဲ့ ဗြိတိသျှခေတ်က ရဲတိုက်ကြီးတစ်ခုဆီကို မိသားစုတစ်စုထွက်လာကြတယ်...ရဲတိုက်ကြီးက ဟိန်းနေပြီး ခြံဝန်းကြီးကလည်း အကျယ်ကြီး...ရဲတိုက်ကြီးဆီရောက်ပြီး သူတို့တွေ ခဏတထောက်နားကြရင်း ခရစ်ရှနားဆိုတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်နဲ့ စာပို့စကားပြောနေကြတယ်...သိပ်မကြာခင်မှာပဲ အဲ့ဒီကောင်လေးဟာ လွန်ခဲ့တဲ့ ၁နာရီလောက်ကတည်းက ယာဉ်တိုက်မှုကြောင့် သေဆုံးသွားပြီဆိုတာ သိလိုက်ရတဲ့အခါ..တဖြည်းဖြည်းနဲ့ ရဲတိုက်ကြီးအတွင်းမှာလည်း သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်ပေါ်လာပါတော့တယ်...သူတို့ အဲ့ဒီရဲတိုက်ကြီးကနေ ထွက်ပြေးလေလေ ပိုအချုပ်ကျလေလေ ဖြစ်လာတဲ့အခါ...ရှေ့ဆက်ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့....။Review by : May Zin OoTranslated by : May Zin Oo and MyaFile size…2.33 GB and 1.5 GB and 487MB Quality….WEB-DL 1080p 5.1CH and 720p and 480p Format…mp4 Duration…. 2h 3min Subtitle….Myanmar Subtitle (Hardsub) Translator ..... May Zin Oo and Mya Encoder ..... August
movie

Boomika (2021)

2021
Thittam Irandu (or) Plan B (2021) 7.1
Thittam Irandu (or) Plan B (2021) IMDb Rating (7.1)Plan B လို့ အမည်ရတဲ့ Tamil ဇာတ်ကားလေးပါ... SonyLIV ကနေ အသစ်ထုတ်လွှင့်ပြသသွားခဲ့တဲ့ Crime,Thriller,Drama ဇာတ်ကားဖြစ်ပါတယ်... ဒီဇာတ်ကားရဲ့ လှည့်ကွက်တချို့က ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စေခဲ့ပါတယ်...ဇာတ်လမ်းကတော့... အာဒီရားနဲ့ ဆူရီယားတို့က သိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်.. အာဒီရားက ရဲမေ..ဆူရီယားကတော့ အိမ်ထောင်ကျပြီး ခင်ပွန်းနဲ့အတူနေတယ် တစ်ရက်မှာ...ဆူရီယားရဲ့ခင်ပွန်းဖြစ်သူက ဆူရီယားပျောက်နေကြောင်း အိမ်ကို လုံးဝ ပြန်မလာတော့ကြောင်း အာဒီရားကို ဆက်သွယ်အကြောင်းကြားလာပါတယ်... အာဒီရားကလဲ သူ့သူငယ်ချင်းပျောက်တဲ့ကိစ္စကို စုံစမ်းရင်း စုံစမ်းရင်းနဲ့ တောအုပ်နားတစ်ခုမှာ ကားတစ်စီးမီးလောင်ပျက်စီးနေပြီး မောင်းလာတဲ့သူကလည်း သေဆုံးနေတာကို တွေ့လိုက်ရတယ်... သေဆုံးသူဟာ ဆေးမှတ်တမ်းစစ်ဆေးမှုများအရ ဆူရီယားရဲ့ အလောင်းဖြစ်နေကြောင်း သိလိုက်ရပါတယ်...ဒါပေမယ့် ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမြင်ရတဲ့လျှို့ဝှက်ချက်ကြီးက လှည့်ကွက်အပြည့်တွေနဲ့မို့ ကြည့်ရှုသူတွေအနေနဲ့ ထိုင်ရာမထ ကြည့်ရှုရမယ့် ဇာတ်ကားမျိုးပါ...(အညွှန်းနဲ့ဘာသာပြန်ကတော့ Thuya & May တို့ပဲဖြစ်ပါတယ်။)  File size…(2 GB) / (1.1 GB) / (500 MB) Quality…WEB-DL 1080p /720p/ 480p Format…mp4 Duration….02:03:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie

Thittam Irandu (or) Plan B (2021)