Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pavithrah Marimuthu
6.3
Pizza 3: The Mummy (2023)
Pizza 3: The Mummy (2023) IMDb-7.0/10နာမည်ကျော် အိန္ဒိယသဲထိတ်ရင်ဖိုကားတွေဖြစ်တဲ့ ပီဇာရဲ့သုံးကားမြောက်ထွက်ရှိလာပါပြီ။ ပထမနှစ်ကားနဲ့ချိတ်ဆက်မှုမရှိပဲ သူ့ချည်းသက်သက်ကြည့်လို့ရပါတယ်။ အခုတင်ဆက်ပေးမယ့်ကားကတော့ မံမီပေါ့။မံမီရုပ်တခုကနေ စတဲ့ဇာတ်လမ်း။သရဲတစ္ဆေတွေဆိုတာ တကယ်ရှိတာလား မရှိတာလားဆိုတာအငြင်းပွားစရာပြဿနာတစ်ခုလိုပဲ။ မြင်ဖူးတွေ့ဖူး ကြားဖူးတယ်ဆိုပြီး သရဲတစ္ဆေတကယ်ရှိတယ်လို့ လက်ခံကြသူနဲ့ မဟုတ်တာတွေ ပေါက်တတ်ကရဆိုပြီး လက်မခံကြသူတွေကြားမှာ အဖြေမယ်မယ်ရရ ရှာမတွေ့နိုင်သေးတဲ့မေးခွန်းတခုပေါ့။မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖိတ်ခေါ်နိုင်တဲ့ ရှေးဟောင်းအီဂျစ်မံမီရုပ်အသေးလေးတခုရှိခဲ့တယ်။ အဲဒီမံမီရုပ်က ရှေးခေတ်အီဂျစ်ဘုရင်မက သူ့အင်ပါယာပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေအကုန်ထည့်ပြီး သွင်းလုပ်ခဲ့တယ်။ အဲဒီမံမီရုပ်ကို မမျှော်လင့်ပဲ နာလန်ရဲ့စားသောက်ဆိုင်မှာတွေ့ခဲ့ရတဲ့အခါမှာတော့။ ပိတ်ရက်မှာ အပန်းဖြေရင်း ကြောက်လန့်မှုအရသာကိုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~YH~Yunniတို့ပဲဖြစ်ပါတယ်) File size…1.9GB/ 752MB Quality…1080p WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~YH~Yunni
movie
Pizza 3: The Mummy (2023)
2023
8.4
Diary(2022)
Diary ( 2022 ) IMDb 8.5/10ဒီတစ်ခေါက်မှာတော့ Mystery, Thriller တွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ Dejavu မင်းသား Arulnithi ရဲ့ နောက်ထပ် Crime, Thriller ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ မတ်တူပါလာယမ်ကနေ အိုတီမြို့ကိုသွားတဲ့လမ်းက ထူးဆန်းတဲ့ ၁၃လမ်းကွေ့ဆိုတဲ့နေရာအကြောင်းကို ဖော်ပြထားပါတယ် ။ အဲ့ဒီနေရာရောက်တိုင်း ယာဉ်မတော်တဆမှုတွေဖြစ်လေ့ရှိတာကြောင့် ရဲတပ်ဖွဲ့၀င်တွေကပါ သတိပေးထားရတာကြောင့်ပါ ။ တချို့ကလဲ အဲ့ဒီနေရာကသရဲခြောက်တယ်လို့ ပြောကြပါတယ် ။ ၁၃လမ်းကွေ့ရဲ့အကြောင်းကတော့ အိုတီမြို့မှာပြောစမှတ်တွင်လာပါတော့တယ်။ဗာရတ်ဒါဟာ စုံစမ်းစစ်ဆေးရေးသင်တန်းသား အရာရှိလောင်းတစ်ဦးဖြစ်ပါတယ် ။ တစ်ရက်မှာ ဌာနကသင်တန်းသားတွေကို အဖြေမပေါ်သေးတဲ့အမှုတွေကိုပြန်လည်စစ်ဆေးဖို့ တာ၀န်ပေးလိုက်ပါတော့တယ်။ ဗာရတ်ဒါစုံစမ်းရမဲ့အမှုက ၁၆နှစ်ကြာတဲ့အထိအဖြေမပေါ်သေးတဲ့ အိုတီမြို့ကဟိုတယ်မှာ လင်မယားနှစ်ယောက် အသတ်ခံရတဲ့အမှုပါ။ ဗာရတ်ဒါနဲ့အတူ အမှုကိုကူညီပြီးစုံစမ်းပေးဖို့ ဒုစုံစမ်းရေးမှူး ပါဗီသရာကိုလည်းတာ၀န်ပေးထားပါတယ် ။ ဒါပေမဲ့ သူတို့စုံစမ်းရမဲ့အမှုဟာ ထင်သလောက်မလွယ်ကူခဲ့ပါဘူး ... ဒါ့အပြင်အိုတီမြို့က တခြားသောအမှုတွေနဲ့လည်း ပတ်သတ်နေပါသေးတယ်... သူတို့နှစ်ယောက် လွန်ခဲ့တဲ့၁၆နှစ်ကအမှုကိုပြန်လည်ဖော်ထုတ်နိုင်ပါ့မလား... ဇာတ်လမ်းအစက သရဲခြောက်ပါတယ်ဆိုတဲ့ ၁၃လမ်းကွေ့နဲ့ရော ဘယ်လိုပတ်သတ်နေမလဲ...ဇာတ်လမ်းမှာဘာဆက်ဖြစ်မယ်ဆိုတာကြိုမသိရပဲ ရင်တထိတ်ထိတ်နဲ့ ပရိသတ်ကိုအဆုံးထိဆွဲခေါ်သွားမှာပါ ။ လျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်နော် File size…1.7GB / 849MB Quality…1080p WEB ...
movie
Diary(2022)
2022