Channel Myanmar

Pedro Damián

A Deadly Invitation (2023) 5.5
A Deadly Invitation (2023)  Glass Onion တို့ Murder Mystery တို့လိုမျိုး ဖိတ်ကြားမှုတစ်ခုကိုခံရပြီးအဲ့ဒီကိုသွားတဲ့အခါမှာ လူသတ်မှုတွေနဲ့ကြုံတွေ့ရပြီး အမှုအခင်းတွေဖြေရှင်းရတဲ့မှုခင်းစုံထောက်ဇာတ်ကားတွေကို အနည်းနဲ့အများတော့ကြည့်ဖူးကြမှာပါ။အခုလည်း အဲ့လိုဇာတ်ကားမျိုးနောက်တစ်ကားဖြစ်တဲ့ A Deadly Invitation ဆိုတဲ့စပိန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ ထွေထွေထူးထူးပြောစရာမလိုဘဲ မဖြေရှင်းရသေးတဲ့ပြစ်မှုတွေကို အသံလွှင့်တင်ဆက်နေတဲ့ အဂါသာဆိုတဲ့ကောင်မလေးတစ်ယောက်ကိုမိတ်ဆက်ထားတာနဲ့ စတင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။တစ်နေ့မှာတော့သူ့ဆီကို ဖိတ်စာတစ်ခုရောက်လာခဲ့ပြီး သူ့ကိုဖိတ်ကြားတဲ့လူကတော့ တခြားသူမဟုတ်ဘဲသူနဲ့မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့အစ်မဖြစ်သူအိုလီဗီယာပဲဖြစ်ပါတယ်။ ဒီလိုနဲ့သူ့အစ်မဆီရောက်သွားပြီး သိပ်မကြာခင်မှာပဲ အိုလီဗီယာကထူးထူးဆန်းဆန်းတွေပြောပါတော့တယ်။အဲ့ဒီညမှာ အိုလီဗီယာသေဆုံးသွားခဲ့ပြီး ကျန်ခဲ့တဲ့ဖိတ်ကြားခံခဲ့ရတဲ့လူတွေလည်း ဒီအမှုကိုဖြေရှင်းလို့မပြီးမချင် းဘယ်မှမသွားရဘဲ ပိတ်မိနေပါတော့တယ်။ဒီလိုနဲ့ ကျန်ရစ်ခဲ့တဲ့ညီမဖြစ်သူ အဂါသာကသူ့အစ်မပြောပြခဲ့တဲ့ သဲလွန်စတွေကိုအသုံးချပြီး သူ့အစ်မဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာကို လိုက်လံစုံစမ်းတာကိုကြည့်ရမဲ့စုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.46GB / 767MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

A Deadly Invitation (2023)

[18+]Deseo(2013)
[18+]Deseo(2013) [18+]Deseo(2013) အညွှန်း**********************ဒီကားက lesbian sex ရော straight sex ရောပါလို့မိသားစုနဲ့လုံးဝမကြည့်သင့်ပါဘူး..ဇာတ်လမ်းကတော့ သဘော်သားတစ်ယောက်က သူ့ချစ်သူအတွက်ကုန်းပေါ်တက်လာတဲ့အချိန် သူမျှော်လင့်ထားသလိုမဖြစ်လာခဲ့ဘဲ အချစ်က လိုက်လို့ပြေးတာလားပြေးလို့လိုက်တာလား ဇာတ်လမ်းဖြစ်ပါတယ်..နောက်ပြီးတော့ Mexico ဇာတ်ကားဖြစ်သည့်အလျှောက်မင်းသမီးတွေက မျက်ခုံးမွေးကောင်းကောင်းနဲ့ဆွဲဆောင်မှုရှိလွန်းတဲ့မျက်လုံးတွေ ပိုင်ဆိုင်ထားတဲ့အပြင်ညိုညက်ညက်အသားအရေတွေကြောင့်အရမ်းကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါကြောင်း...    File Size :(3.07GB)  (1.07 GB) and (359MB) Quality : Blu-Ray1080p,72p Format…mp4 Duration…01:37:00 Genre :  Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by  SD
movie

[18+]Deseo(2013)

Collateral Damage (2022) 5.5
Collateral Damage (2022)    မင်းသားကြီးအာနိုးရဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။အရင်င်ကအက်ရှင်ကားတွေကို လွမ်းနေသူတွေတော့ သဘောကျကြမှာပါ။ မီးသတ်သမားတစ်ယောက်ဖြစ်တဲ့ ဂေါ်ဒီဘရူအာဟာ မိန်းမနဲ့ကလေးကိုတွေ့ဖို့အသွားမှာ ဗုံးပေါက်ကွဲမှုကြောင့် မိန်းမရောကလေးပါ သေဆုံးသွားပါတယ်။ ဗုံးခွဲသူဟာ ကိုလံဘီယာနိုင်ငံက ပြောက်ကျားတပ်သားတစ်ယောက်ဖြစ်ပြီး လွတ်မြောက်သွားကြောင်းသိရတဲ့အခါ နာကျည်းမှုတွေနဲ့အတူ ဂေါ်ဒီဟာ နိုင်ငံကူးပြီးလိုက်ရှာပါတော့တယ်။ဗုံးခွဲသူဟာ ဘာကြောင့်ခွဲရတာလဲ၊အမေရိကန်အစိုးရက ကိုလံဘီယာကိုဘာတွေလုပ်ခဲ့လို့လဲ၊ မိန်းမနဲ့ကလေးအတွက် လက်စားချေလိုစိတ်နဲ့ပဲ ပြောက်ကျားတပ်တွေ အစိုးရစစ်တပ်တွေကြား အန္တရာယ်တွေပြည့်နေတဲ့ကိုလံဘီယာကိုသွားခဲ့တဲ့ဂေါ်ဒီ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရဖို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size…(2.52GB)/(1.45GB)/(776.9MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T nyein
movie

Collateral Damage (2022)

Father of the Bride (2022) 5.9
Father of the Bride (2022) သမီးရှင် .... အဖေဆိုတာ သူ့တို့အလှည့်တုန်းကသာ မိန်းမယူဖို့ တကဲကဲဖြစ်ပြီး ဇွတ်တွေ ယူကြပေမယ့် တကယ်တမ်း သူတို့ မိဘဖြစ်လာတဲ့အခါ သားသမီးကို တစ်ပါးသူလက်ထဲ ထည့်ပေးရမှာ အင်မတန် အူတိုကြသူတွေပါပဲ။ အထူးသဖြင့် သမီးရှင် ဖခင်တွေပါ။ သူ ပိုးမွေးသလို မွေးခဲ့ရတဲ့ သမီးလေးကို အနာဂတ်မှာ သမက်ဖြစ်လာမယ့်လူရဲ့ လက်ထဲကို အပြီးအပိုင် ပေးလိုက်ဖို့အရေးဟာ သူတို့အတွက်တော့ ကမ္ဘာကြီး ပူနွေးလာမှုထက် ပိုပြီး ရင်ဆိုင်ရခက်ခဲတဲ့ ပြဿနာကြီးတစ်ခုပါ။ဒီ‌လူဟာ ငါ့သမီးနဲ့ သင့်တော်ရဲ့လား၊ ငါ့သမီးကို တင့်တောင်းတင့်တယ် ထားနိုင်ပါ့မလား၊ ငါ့သမီးအပေါ် ကောင်းပါ့မလား စတဲ့ စတဲ့ သံသယတွေနဲ့ လောင်မြိုက်ကြတာဆိုသည်မှာ မသိရင် သူတို့အလှည့်တုန်းက ပြီးပြည့်စုံနေသည့်အလား ..... ဒီ သ၀န်တိုမှုဟာ တစ်မျိုးလေးတော့ ချစ်စရာကောင်းနေပါတယ်။ ဖခင်ရဲ့ မေတ္တာပါပဲ .... ဒီဇာတ်လမ်းမှာလည်း ဘီလီဆိုတဲ့ သူဌေးကြီးဟာ သိပ်ကို ...
movie

Father of the Bride (2022)