Channel Myanmar

Pepe Ocio

Camino (2008) 7.4
Camino (2008) မက်ဒရစ်မြို့မှာ နေထိုင်တဲ့ ၁၁ နှစ်အရွယ် ကာမီနိုဆိုတဲ့ကောင်မလေးဟာ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွင်စွာဖြတ်သန်းနေတဲ့ သာမန်ကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမတို့မိသားစုဟာ ဘာသာရေးကိုင်းရှိုင်းပြီးတော့ အမေဖြစ်သူဟာ ကာမီနိုအပေါ်မှာ ချုပ်ချယ်တတ်လို့ ကာမီနိုဟာ အမေထားပေးတဲ့ အချက်အပြုတ်သင်တန်းကို တက်နေရပေမယ့် ပြဇာတ်ကိုသာ စိတ်ဝင်စားနေရှာတာပါ။ ပြီးတော့ ကာမီနိုလေးဟာ ကျောရိုးအဆစ်လွဲနေတဲ့အတွက် ပုံမှန် ဆေးစစ်ရပါတယ်။ဒီလိုနဲ့ တစ်နေ့ ကာမီနိုလေးတစ်ယောက် ကျောရိုးက မခံမရပ်နိုင်အောင် နာကျင်လာတဲ့အတွက် ဆေးရုံမှာ ဆေးစစ်တဲ့အခါ ကျောရိုးအဆစ်လွဲနေတာမဟုတ်ဘဲ ကျောရိုးအဆစ်ပေါ်မှာ ကင်ဆာအကြိတ် တည်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ပုံမှန်ဆယ်ကျော်သက်ကျောင်းသူလေး ကာမီနိုရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတော့တယ်။ဒီဇာတ်ကားလေးမှာ ကာမီနိုက အရွယ်နဲ့မလိုက်အောင် ဘာသာရေးကိုင်းရှိုင်းပြီး ရင့်ကျက်ပုံတွေ၊ သာမာန်ကျောင်းသူတွေလို မနေရဘဲ ကင်ဆာကုသဖို့ စွန့်လွတ်လိုက်ရတာတွေ၊ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုကို မေးခွန်းထုတ်လာမိတာတွေကို ဝမ်းနည်းဖွယ်ရာရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေခံဇာတ်ကားလေးဖြစ်ပါတယ်။ File size…(2.6 GB)/(1.3 GB) Quality….Blu-Ray 1080p ...
movie

Camino (2008)

The Perfect Family (2021)
The Perfect Family (2021) The Perfect Family(2021) ====================== Comedy, Dramaလူကုံတန်မိသားစုနဲ့ အခြေခံလူတန်းစား မိသားစု ၂ ခု ပေါင်းစပ်ကြတဲ့အခါ အမြဲတမ်း အချစ်တစ်ခုထဲနဲ့ ဦးစားပေးလို့ မရပါဘူး။အမြဲတမ်း ရွှေဇွန်းကိုက်ပြီးမွေးလာခဲ့တဲ့ လူစီယာဟာ သူနဲ့အသိုင်းအဝိုင်းတူထဲက မီဂဲနဲ့ လက်ဆက်ပြီး ပါဘလိုဆိုတဲ့ သားတစ်ယောက်နဲ့ အပူအပင်ကင်းမဲ့တဲ့ အိမ်ထောင်သက်တစ်ခုကို ဖြတ်သန်းနေခဲ့တာ ပါဘလို အရွယ်ရောက်တဲ့အထိပါပဲ။ တစ်နေ့ ပါဘလို တစ်ယောက် အရွယ်ရောက်လို့ အတောင်စုံတဲ့အခါ သူရွေးချယ်လိုက်တဲ့ ကြင်ယာဖက်ဟာ သူတို့နဲ့အခြေအနေများစွာ ကွာလွန်းနေတဲ့ သာမန်မိသားစုက မိန်းကလေးကိုပါ ။ လူစီယာလည်း ဖြစ်လာမယ့် သူ့ချွေးမကို သဘောမကျနိုင်ဖြစ်ကာ တစ်ဖက်မိသားစုနဲ့ပါ ပဍိပက္ခလေးတွေဖြစ်လာပါတယ်။ ဒီအရာရာကွာခြားနေတဲ့ မိသားစု ၂ ခုကြားမှာ ဘယ်လိုမျိုး Perfect ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမယ့် ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre.....Comedy Quality….1080p | 720p| 480p File size… Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... ...
movie

The Perfect Family (2021)