Channel Myanmar

Pepo Suevos

Eye for an Eye (2019) 6.6
Eye for an Eye (2019)  IMDb Rating 6.6 ရရှိထားတဲ့ Eye for an Eye ဆိုတဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒရာမာ ပြစ်မှု သည်းထိတ်ရင်ဖိုအစရှိတဲ့ ရသအမျိုးမျိုးအထွေအထွေကိုပေါင်းစပ်ရိုက်ကူးထားပြီး ကြည့်ရကျိုးနပ်မဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ပါဒင်ဆိုတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ ဒုစရိုက်ဂိုဏ်းကြီးရဲ့ လှုပ်ရှားနေပုံတွေကိုတွေ့ရမှာဖြစ်ပြီး သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အဖေဖြစ်သူကတော့ ထောင်ကျနေရာကနေကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံတက်ဖို့ထောင်ထဲကထွက်လာခဲ့ပါတော့တယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီး မကျေနပ်ဖြစ်တဲ့သူက မကျေနပ်ကြပါဘူး။ဘာလို့လဲဆိုတော့သူရောင်းခဲ့တဲ့ မူးယစ်ဆေးဝါးတွေကြောင့် ဘဝပျက်ခဲ့ရတဲ့လူတွေ သေခဲ့ရတဲ့လူတွေမနည်းလို့ပါပဲ။မာရီယိုဆိုတဲ့ လူတစ်ယောက်ကလည်း သူ့ညီကိုမူးယစ်ဆေးကြောင့်ဆုံးရှုံးခဲ့ရဖူးပါတယ်။ဖြစ်ချင်တော့ မာရီယိုကမစ္စတာပါဒင်လာရောက်နေထိုင်တဲ့သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာကသူနာပြုဖြစ်နေတဲ့အခါမှာတော့သူတို့နှစ်ယောက်တွေ့ကြပြီး ဘယ်လိုစိတ်ဝင်စားစရာတွေကြုံတွေ့ရမလဲဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.65GB / 728MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Eye for an Eye (2019)

The Beasts (2022) 7.7
The Beasts (2022) The Beasts (2022)==============IMDb Rating - 7.7/10IMDb 7.7နဲ့ RT 100% ရထားတဲ့ စပိန်-ပြင်သစ်စကား​ပြောThriller mystery ဇတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်​ပေးလိုက်ပါတယ်။အန်တွမ်နဲ့ ဇနီးဖြစ်သူအော်ဂါတို့ဟာ ပြင်သစ်နိုင်ငံက​နေ စပိန်နိုင်ငံရှိ ​​တောင်​ပေါ်ရွာ​လေး တစ်ရွာမှာ စိုက်ပျိုး​မွေးမြူ​ရေးလုပ်ရင်း ​အေးရာ ​အေး​ကြောင်း​ နေထိုင်ဖို့ ရည်ရွယ်ထားကြသူ​​​တွေပါ။ ဒါ​ပေမဲ့ သူတို့ရဲ့ အိပ်မက်က ထင်သ​လောက်​မချော​မွေ့ဘဲ ရွာခံလူထုရဲ့ မ​​နွေး​ထွေးတဲ့ ကြိုဆိုမှု​တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် အိမ်နီးချင်းဖြစ်တဲ့ ညီအစ်ကို၂​ယောက်နဲ့ မကြာခဏခိုက်ရန်ဖြစ်ခဲ့ရသလို အသက်ကိုပါ ခြိမ်း​ခြောက်တဲ့အထိ အမုန်းပွားမှု​တွေရှိ​နေတာပါ။ ဒီလိုနဲ့ တစ်​နေ့မှာ ခင်ပွန်းဖြစ်တဲ့ အန်တွမ် ရုတ်တရက်​ ပျောက်ဆုံးသွားပါ​တော့တယ်။​အော်ဂါက​တော့ သူ့ခင်ပွန်းအသတ်ခံရတာလို့ တထစ်ချယုံကြည်ရင်း ​ယောကျ်ားဖြစ်သူအ​လောင်းနဲ့ တရားခံ​တွေကိုရှာ​​ဖွေရာ သူထင်သလို အန်တွမ်က အသတ်ခံလိုက်ရတာလား၊ တရားခံ​ဘယ်သူဖြစ်​နေမလဲ၊ ဒီတိုင်း​ပဲပျောက်ဆုံးသွားတာလား စသဖြင့် ​မေးခွန်းများစွာနဲ့ကြည့်ရှု ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ illidan ဖြစ်ပါတယ်)File Size..........(2.16 GB) / (825 MB) / (445 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs ...
movie

The Beasts (2022)

2022