Channel Myanmar

Perla Walter

Friday the 13th Part III (1982) 5.6
Friday the 13th Part III (1982) Friday the 13th Part III (1982)ဒီဇာတ်ကားက ဂျေဆင် ရဲ့ သုံးကားမြောက်ဖြစ်ပြီး သူ့ရဲ့ ဝိသေသဖြစ်တဲ့ ဟော်ကီမျက်နှာဖုံးကို ရသွားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ထုံးစံအတိုင်း သွေးရဲရဲ သံရဲရဲ သတ်ဖြတ်မှုနဲ့ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေကတော့ ဖောဖောသီသီ မြင်နေရဦးမှာပါပဲ။ဒုတိယဇာတ်ကားမှာ ဂျေဆင်ကို အနိုင်ယူနိုင်ခဲ့ပေမဲ့ လူသေတွေကြားမှာ သွေးပျက်ခဲ့ရသူ ခရစ်က ခရစ်စတယ်ရေကန်စခန်းကို ပြန်လာခဲ့ပါတယ်။ သူခံစားရတဲ့ စိတ်ဒဏ်ရာကို ပြန်လည်ကုစားဖို့ သူရှောင်နေတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်တိုးဝင်ခဲ့တာပါ။ဆိုင်ကယ်ဂိုဏ်းဝင်နှစ်ယောက်ကိုသတ်ပြီး ဟော်ကီမျက်နှာဖုံးရသွားတဲ့ ဂျေဆင်ဗော်ဟီးက သေမင်းတိုင်းပြည်ကနေ မရဏလမ်းအတိုင်း အကြိမ်ကြိမ်ပြန်လာပြီး လူတွေကို သတ်ဖြတ်တတ်သူပီပီ ခရစ်စတယ်ရေကန်စခန်းနားကလူတွေကို အမဲလိုက်သတ်ဖြတ်နေပါတယ်။ဂျေဆင်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က သူ့ကို နှိမ်နင်းခဲ့သူ ခရစ်ကိုပဲ နောက်တစ်ကြိမ် ပြန်ရင်ဆိုင်ရတဲ့အခါ ဟော်ကီမျက်နှာဖုံးစွပ်နဲ့ လူသတ်သမားကြီး ဘယ်လိုမျိုးအကွက်တွေနဲ့ လူသတ်ပြဦးမလဲဆိုတာ ဒီကားမှာ ဆက်ကြည့်ကြပါဦးစို့။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ...
movie

Friday the 13th Part III (1982)

1982
The Man with Two Brains (1983)
The Man with Two Brains (1983) ဇာတ်လမ်းအကျဥ်းကတော့ ဇနီးသည်ကွယ်လွန်ထားလို့ ပူပူနွေးနွေး မုဆိုးဖိုဖြစ်နေတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ဦးဟာ မိန်းမလှလေး တစ်ယောက်ကို ကားနဲ့တိုက်မိပြီး အဆိုပါမိန်းမ‌လှ‌လေးက‌ ဦးခေါင်းဒဏ်ရာရသွားလို့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဦးခေါင်းခွဲစိတ်နည်းနဲ့ အသက်ကယ်ပေးလိုက်ပါတယ်။ ဇာတ်လိုက်ကျော် ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ မိန်းမလှလေး သတိရလာတဲ့နောက်မှာ သူမရဲ့ စရိုက်မှန်ကိုမသိဘဲ ချစ်မိသွားပြီး လက်ထပ်လိုက်ပါတော့တယ် ။ ပျားရည်ဆမ်းခရီးအနေနဲ့ ဩစတြီးယားနိုင်ငံကို ခရီးထွက်သွားပြီး ထူးဆန်းတဲ့ဆရာဝန်တစ်ယောက်နဲ့ စကားစပ်မိရာက‌နေ ထူးဆန်းတဲ့ လူသတ်မှုတွေအကြောင်း ၊ အသတ်ခံရတဲ့ သူ့သူငယ်ချင်းဆရာဝန်အကြောင်း‌ သိရှိခဲ့ရတဲ့အပြင် စကား‌ပြောတတ်တဲ့ ဦးနှောက်တစ်လုံးနဲ့ပါ တွေ့ဆုံခဲ့ပါ‌တော့တယ်။ ဒါ့အပြင် သူ့ဇနီးရဲ့ စရိုက်မှန်တွေကို သိသွားပြီးနောက်မှာ ဘယ်လိုတွေ ဆက်လက်ဖြေရှင်းမလဲဆိုတာကတော့ .... IMDb rating 6.4 ရရှိထားပြီး ထေ့လုံး၊ ငေါ့လုံး၊ ဟာသလေး‌တွေပါ ညှပ်ထည့်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ခန္ဓာကိုယ်ဗလာအသားပေးပြကွက်တွေနဲ့ လိင်ပိုင်းဆိုင်ရာစကားလုံးတွေ ပါဝင်တာကြောင့် အသက် 18 နှစ်အောက် ကလေးတွေ ...
movie

The Man with Two Brains (1983)