Channel Myanmar

Petar Zekavica

Beyond the Edge (2018) 5.5
Beyond the Edge (2018)  မိုက်ကယ်ဆိုတဲ့ လူတစ်ယောက်ကသူများတွေမသိအောင် အကွက်တွေရွှေ့ပြီးလိမ်လည်လှည့်ဖျားပြီး ပိုက်ဆံတွေရအောင်လုပ်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလဲ ကာစီနိုတစ်ခုဆီက ပိုက်ဆံအများကြီးရဖို့အတွက် အဲ့ဒီကာစီနိုမှာ အလုပ်သမားအနေနဲ့သုံးလလောက်ဝင်လုပ်ခဲ့ပြီး အချိန်ကျလာတဲ့အခါမှာတော့ သူ့ရဲ့မဟာအစီအစဉ်ကြီးကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ အားလုံးအဆင်ပြေ ချောမွေ့နေပြီးနောက်ဆုံးကျမှပဲ ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်ပုတ်ချခံရသလို သူ့ပိုက်ဆံတွေအားလုံးလဲ တခြားသူတစ်ယောက်ဆီပါသွားပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အကြောင်းကိုသိသွားတဲ့ ကာစီနိုပိုင်ရှင်ကလဲ နရင်းတွေအုပ်ပြီးတော့ သူဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံ ငါးသန်းကိုတစ်ပတ်အတွင်းပြန်တောင်းပါတော့တယ်။ ဒီလိုနဲ့ အစီအစဉ်တွေသေချာချပြီး လုပ်ခဲ့တဲ့မိုက်ကယ်တစ်ယောက် သူဘယ်လို သူများလှည့်စားတာခံလိုက်ရတာလဲဆိုတာကိုစုံစမ်းကြည့်တဲ့အခါမှာတော့ သွေးရိုးသားရိုးမဟုတ်ပဲ သဘာဝလွန်စွမ်းအားတွေကြောင့်ဆိုတာကိုသိခဲ့ရပါတယ်။ဒီလိုနဲ့မိုက်ကယ်လဲ တစ်ပတ်အတွင်းသူပြန်ပေးရမဲ့ ပိုက်ဆံတွေပြန်ရဖို့အတွက် အဲ့လိုမျိုးသဘာဝလွန်စွမ်းအားတွေရှိတဲ့ လူတွေနဲ့ပေါင်းပြီး အဖွဲ့တစ်ခုဖွဲ့လိုက်ပြီး ပိုက်ဆံတွေကိုပြန်ရအောင်ကြိုးစားတဲ့ပုံကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.76GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Beyond the Edge (2018)

Dara of Jasenovac 2021 8.3
Dara of Jasenovac 2021 2021 Serbian သမိုင်း ဒရာမာ အသစ်လေးဘာသာပြန်တင်ဆက်ပေးထားပါတယ်။IMDb 8.3 ရရှိပြီးတော့ မနှစ်က အော်စကာမှာအကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုအတွက်ဝင်လျှောက်ခဲ့ပါသေးတယ်။Another Round ဆိုတဲ့ အရက်သမားကားကို မယှဉ်နိုင်လို့သာ ဆုမရခဲ့တာပါ။ဒီရုပ်ရှင်ကတော့ သမိုင်းရဲ့ လူသိနည်းတဲ့လူသတ်ပွဲကြီးတစ်ခုအကြောင်းကို ပြသထားတာပါပဲ။နာဇီတွေက ချွေးတပ်စခန်းတွေ ဖွင့်ပြီးဂျူးတွေကိုသတ်တာတော့ အားလုံးသိနေပြီးသားပါ။အဲဒီကာလအတွင်းမှာပဲ ခရိုအေးရှားမှာလည်း ဖက်ဆစ်ဝါဒ ကြီးစိုးပြီးဂျူးတွေ အပြင် ဆားဘီးယားတွေကိုပါ ခွှေးတပ်စခန်းတွေထဲမှာရက်ရက်စက်စက်သတ်ခဲ့ကြတာတွေ ရှိပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက် ဒါရာ ဆိုတဲ့ မိန်းကလေး ၁၀ နှစ်ပဲ ရှိပါသေးတယ်။သူ့အဖေက ခွှေးတပ်စခန်းတစ်ခုမှာ မသေအောင် ရုန်းကန်နေရချိန်။သူ့အမေနဲ့ အစ်ကိုက အသတ်ခံလိုက်ရချိန်မှာနှစ်နှစ်သားပဲ ရှိတဲ့ သူ့ရဲ့ မောင်လေးကိုချွေးတပ်စခန်းထဲမှာ မသေအောင် စောင့်ရှောက်ရမယ့်တာဝန်ကျရောက်လာပါတယ်။အဲဒီစခန်းတွေမှာ လူ့အသတ်ဆိုတာ အပျင်းပြေ သတ်စရာလောက်ပဲ ရှိပါတယ်။တံမြက်စည်းလှဲတာ စင်ရင်သတ်တယ်၊အလုပ်မလုပ်နိုင်ရင်သတ်တယ်၊ဖျားရင် ကုရခက်ရင် သတ်တယ် ဆိုတော့ဒီစခန်းကြီးထဲကနေ ဒါရာတစ်ယောက်ဘယ်လိုရုန်းကန်လွတ်မြောက်ရမလဲဆိုတာ.... File size…(1.7 GB) and (1 GB) Quality….WEB-DL 1080p and ...
movie

Dara of Jasenovac 2021

Abigail (2019) 6.0
Abigail (2019) 2019 ခုနစ်ထွက် Adventure/Fantasy ကားသစ်လေးဖြစ်ပါတယ်IMDB 6.2/10 တောင်ရရှိထားပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ အက်ဘီဂေးဆိုတဲ့ကလေးမလေးဟာကပ်ရောဂါဆိုးကြီးကြောင့် နယ်နိမိတ်တွေကိုအလုံပိတ်ထားတဲ့မြို့လေးတစ်မြို့မှာ မိဘတွေနဲ့အတူနေထိုင်ပါတယ်...တစ်ညမှာတော့ အက်ဘီဂေးရဲ့ဖခင်ကို ရောဂါကူးစက်ခံထားရပြီဟုဆိုကာအာဏာပိုင်တွေက လာရောက်ဖမ်းဆီးသွားကြပါတယ်...ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာသွားသည့်တိုင် ရောဂါဆိုးကြီးကပပျောက်မသွားပဲ ပိုဆိုးလာပါတယ်...အရွယ်ရောက်လာတဲ့ အက်ဘီဂေးတစ်ယောက်ဖခင်ဖြစ်သူကို ရှာပုံတော်ထွက်တဲ့အခါမှာတော့သူမ တစ်သက်နဲ့တစ်ကိုယ်မထင်ထားတာတွေကို ကြုံတွေ့ရပါတော့တယ်....ဂရပ်ဖစ်ကောင်းကောင်း effect ကောင်းကောင်းသုံးထားပြီးဇာတ်လမ်းကျောရိုးက စိတ်ဝင်စားစရာကောင်းတာမို့ကြည့်ပျော်ပါတယ်လို့တိုက်တွန်းရင်း.... File Size : ( 994 MB , 363 MB )Quality :  WEB-DL 720pRunning Time : 1 hr 50minFormat : Mp4Genre : Adventure , FantasySubtitle : ...
movie

Abigail (2019)