Channel Myanmar

Peter De Graef

The Mercator Trail (2022) 6.1
The Mercator Trail (2022)  Indiana Jones လိုမျိုးစွန့်စားခန်းဇာတ်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် The Mercator Trail ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.1 ရရှိထားပြီး 2022 ခုနှစ်ကထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ဘန်ဂျမင်ဆိုတဲ့ ကောင်လေးကနည်းပညာကျွမ်းကျင်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့သူ့အဖေရဲ့အမွေတွေကို ဆက်ခံရရှိခဲ့ပါတယ်။အမွေဆက်ခံရတယ်ဆိုလို့သူ့အဖေကသေသွားတာလားဆိုတော့လည်း မဟုတ်ပါဘူး။ဒါပေမယ့်ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့အတွက်သေစာရင်းသွင်းခံလိုက်ရတာပဲဖြစ်ပါတယ်။ ဘန်ဂျမင် သူ့အဖေဆီကရခဲ့တဲ့ အမွေပစ္စည်းကတော့ တခြားမဟုတ်ဘဲ အရင်ခေတ်ကရှေးဟောင်းမြေပုံ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။သူ့အတွက်ဘာမှအသုံးမဝင်ပေမဲ့ ကျောင်းကသူ့ Crush လေးဖြစ်တဲ့ဆလီရန်ကရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတဲ့အတွက် အဲ့ဒါကိုသုံးပြီးနီးစပ်အောင် ဂွင်ဖန်ပါတော့တယ်။ဒါပေမယ့် အဲ့ဒီနောက်မှာတော့သူ့အိမ်ဖောက်ထွင်းခံလိုက်ရတာကြောင့် စိတ်ပူပြီးစာအုပ်ငှားသွားတဲ့ဆလီရန်ကို သွားသတိပေးနေတဲ့အချိန်မှာ လူဆိုးတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကိုခံရပြီး ကံကောင်းထောက်မစွာနဲ့ ဇက်ပိုဆိုတဲ့လူတစ်ယောက်ကသူတို့ကို ကယ်ထုတ်ပေးခဲ့ပါတော့တယ်။နောက်မှသိလိုက်ရတာက ဒီစာအုပ်ကတကယ့် အဖိုးတန်ပစ္စည်းဖြစ်ပြီးရွှေကို ထုတ်လုပ်နိုင်တဲ့ဖော်မြူလာကိုရှာတွေ့နိုင်ဖို့ လမ်းစဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ သူတို့သုံးယောက်ရဲ့စွန့်စားခန်းခရီးစတင်ခဲ့ပြီးဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှူရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်....  File size…2.04GB / 1.01GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

The Mercator Trail (2022)