Channel Myanmar

Peter Franzén

The Abyss (2023) 5.5
The Abyss (2023)  ဆွီဒင်နိုင်ငံ မြောက်ပိုင်းစွန်း ခိရူနာ မြို့လေးဟာ ကမ္ဘာပေါ်မှာအကြီးဆုံး မြေအောက်သတ္တုတူးဖော်ရေး မိုင်းတွင်းကြီးတည်ရှိမှုနဲ့ လူသိများ ထင်ရှားတဲ့ မြို့လေးဖြစ်ပါတယ်။ဒီဇာတ်ကားကို ခိရူနာ မြို့လေးကို အခြေတည်ပြီး ရိုက်ကူးခဲ့တာပါ။ဖရီဂါလို့ အမည်ရတဲ့ အမျိုးသမီးက မိုင်းတွင်းမှာ လုပ်ငန်းလုံခြုံရေးတာဝန်ခံ မန်နေဂျာဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့ လုပ်ထားချိန်မှာ အတူရထားတဲ့ကလေးနှစ်ယောက်နဲ့လည်း ဆက်ဆံရေး သိပ်မပြေလည်ကြပါဘူး။ အန္တရာယ်များလှတဲ့ လုပ်ငန်းခွင်တစ်ဖက်နဲ့မပြေလည်တဲ့ အိမ်တွင်းရေး ပြဿနာတွေကို ဖရီဂါ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။ မြို့မှာ တဖြည်းဖြည်း ခပ်စိပ်စိပ်ဖြစ်လာတဲ့မြေပြိုကျမှုတွေက မိုင်းတွင်းနဲ့ ဘယ်လိုများ ဆက်စပ်မှုရှိနေမလဲ။ File size…1.65GB / 756MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 43m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

The Abyss (2023)

Johan Falk: Blood Diamonds (2015) 7.0
Johan Falk: Blood Diamonds (2015)  Johan Falk ဆိုတာကတော့ 1999 ခုနှစ်ကနေ 2015 အထိ အပိုင်း 20 ထုတ်လွှင့်ခဲ့တဲ့ ဆွီဒင် ရဲအက်ရှင်ရုပ်ရှင်စီးရီးကြီးဖြစ်ပါတယ်။ အခုကတော့ CM ပရိသတ်ကြီးအတွက် 2015 မှာထွက်ရှိခဲ့တဲ့ Blodsdiamanter ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (ဂျီအက်စ်အိုင်) မာဖီးယားဂိုဏ်းတွေရဲ့ လက်နက်မှောင်ခိုတင်ပို့မှုကို စုံစမ်းနေပါတယ်။ မာဖီးယားတွေရဲ့ လှုပ်ရှားမှုကိုသိဖို့အတွက်လည်း ရဲတစ်ယောက်ကို အသွင်ယူခိုင်းပြီး မာဖီယားလက်ဝှေ့ကလပ်ထဲမှာ စုံစမ်းခိုင်းထားပါသေးတယ်။ ဂျိုဟန် ဖော့ခ်ကတော့ လတ်ဗီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ရုရှားမာဖီးယားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး သူတို့ခိုင်းတာကို လုပ်ပေးခိုင်းနေပါတယ်။ဒီအချိန်မှာ လက်ဝှေ့ကလပ်မှာ တပ်ထားတဲ့ အသံဖမ်းစက်ကို တွေ့သွားပြီး အသွင်ယူထားတဲ့ ရဲအပါအဝင် တခြားလူသုံးယောက်ကိုပါ မာဖီးယားတွေက ခေါ်သွားတဲ့အခါ ပြန်ကယ်ထုတ်ဖို့လုပ်ကြတာကို ကြည့်ရှုကြရမှာပါ။ ဇာတ်ဝင်ခန်းတွေကလည်း အစစ်အတိုင်းဖြစ်နေတဲ့အပြင် အက်ရှင်ခန်းတွေကလည်း အကြမ်းစားတွေမလို့ အက်ရှင်ကားကြိုက်တဲ့လူတွေသဘောကျစေမဲ့ ကားကောင်းတစ်ကားပါ။ File size…(848 Mb) Quality….Webrip 720p Format…mp4 Duration….01:39:00 Genre...Action, Crime, Thriller Subtitle….Myanmar ...
movie

Johan Falk: Blood Diamonds (2015)

Johan Falk: The End (Slutet) (2015) 7.7
Johan Falk: The End (Slutet) (2015)  ဒီတစ်ခါမှာတော့ Johan Falk film series တွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ ဥရောပတိုက်ရဲ့ နိုင်ငံတော်တော်များများက ဒုစရိုက်အဖွဲ့အစည်းတွေ အားလုံးလိုလိုကို လက်ဝါးကြီးအုပ်ထားတဲ့ အင်အားကြီးမာဖီးယားအဖွဲ့အစည်းကြီးနဲ့ ရဲတစ်ယောက်ဖြစ်တဲ့ Johan Falkတို့ ထိပ်တိုက်တွေ့ဆုံကြပြီး အားပြိုင်ကြတာကို တွေ့ရမှာပါ။ဇာတ်လမ်းအညွှန်းကတော့Johan Falk ဟာ သူ့ရဲ့ မိသားစုကို ဒုက္ခပေးဖို့ကြိုးစားနေတဲ့ အရှေ့ဥရောပက မာဖီးယားနဲ့ ပြဿနာတွေဖြေရှင်းဖို့ကြိုးစားနေတာပါ။ ထိုမာဖီးယားရဲ့နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာမသိသေးဘဲနဲ့ပေါ့။ ထိုအချိန်မှာပဲ သူ့ရဲ့ အလုပ်ဖော်တစ်ယောက်ကလဲ ဒုစရိုက်မှုတွေကို နောက်ကွယ်မှာလုပ်နေတဲ့ ကုမ္ပဏီကနေ အရေးကြီးစာရွက်စာတမ်းတွေကို ခိုးခဲ့ပြီး Johan ရဲ့ မိန်းမကိုပေးခဲ့ပါတယ်။ဖြစ်ချင်တော့ ထိုစာရွက်စာတမ်းတွေဟာ သူတို့ထင်ထားတာထက်ကို အများကြီး အရေးပါနေတာကိုတော့ သူတို့ကလုံးဝမသိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူတို့မိသားစုကို လုပ်ကြံတဲ့လူတွေ တစ်နေ့တစ်ခြားများလာတဲ့အခါ အဖြေရှာတော့မှ ဒီစာရွက်စာတမ်းတွေနဲ့ သက်ဆိုင်နေတာကို သိလိုက်ရပြီးနောက်မှာ Johan တစ်ယောက် သူ့ရဲ့မိသားစုကို ဘေးကင်းအောင်ထားနိုင်မှာလား? ထိုစာရွက်စာတမ်းတွေက ဘာလို့ ...
movie

Johan Falk: The End (Slutet) (2015)

Boudica (2023)
Boudica (2023)  ရှေးဟောင်းဗြိတိန်မြေကို ရောမအင်ပါယာသိမ်းပိုက်ထားခဲ့စဥ်က ဗြိတိန်​ Iceni လူမျိုးစုရဲ့ဘုရင်မ Boudica ဟာ ဗြိတိန်ကို ရောမအင်ပါယာလက်အောက်ကလွတ်မြောက်စေဖို့ကြိုးပမ်းခဲ့ပုံသမိုင်းကြောင်းကို အခြေခံထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဗြိတိန်ဟာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့ပေမယ့် ရောမရဲ့ကျူး​ကျော်သိမ်းပိုက်မှုခံရပြီးနောက်မှာ Iceni လူမျိုးစုတစ်ခုအဖြစ်ပဲ အင်အားကျန်ရစ်ပါတယ်။Iceni ရဲ့ဘုရင် Prasutagus ဟာ ရောမနဲ့သဘောတူညီမှုယူပြီး ကိုယ့်နယ်မြေနဲ့လူမျိုးစုကိုပဲအုပ်ချုပ်ရင်း ဇနီး Boudica နဲ့ သမီးနှစ်ယောက်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေပါတယ်။ဒါပေမယ့်ရောမရဲ့ဘုရင် Nero ဟာ ဗြိတိန်လူမျိုးထဲက ဘုရင်မတစ်ယောက် တော်လှန်လာမယ်ဆိုတဲ့ ဟောကိန်းတွေကိုကြားတဲ့အခါ အမျိုးသမီးတွေခေါင်းဆောင်နေရာရှိတာ သြဇာလွှမ်းမိုးမှုရှိတာကို တားမြစ်တဲ့အမိန့်ထုတ်လိုက်ပါတယ်။Iceni ဘုရင် Prasutagus ဟာလည်း ကံကြမ္မာဆိုးနဲ့တွေ့သွားပြီး ဇနီး Boudica က ဘုရင်မအနေနဲ့တစ်ဦးတည်းအုပ်ချုပ်ဖို့ဖြစ်လာတဲ့အခါ ရောမဘုရင်ရဲ့အမိန့်ကိုဆန့်ကျင်ဖို့အကြောင်းဖန်လာပြီး ရောမနဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်လာရမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T ...
movie

Boudica (2023)

Black Lotus (2023) 4.8
Black Lotus (2023) Black Lotus (2023) ==============ဒီတစ်ခေါက် ခပ်ကြမ်းကြမ်းလေးမှ ကြိုက်နှစ်သက်တဲ့ ပရိတ် သတ်ကြီးအတွက် Worldwide kickboxing champion ဖြစ် တဲ့ Rico Verhoeven ကအဓိကသရုပ်ဆောင်ထားပြီး Captain America:Winter Soldier မှာကတည်းက ပရိတ်သတ်ကြီးသိရှိ ပြီးသားဖြစ်လောက်မယ့် Frank Grillo ပါ။ ဒီဇာတ်ကားမှာ ဗီလိန် အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခု ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းကတော့... အထူးတပ်ဖွဲ့ဝင် Matteo တစ်ယောက် ပြဇာတ်အဖွဲ့တစ်ခုကို အ ကြမ်းဖက်သမားတွေက ဖမ်းဆီးထားလို့ ကယ်ဆယ်ပေးဖို့ စစ်ဆင် ရေးလုပ်နေခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ Matteo အတွက် သူ့ဘ ဝအတွက် စိတ်ဒဏ်ရာရစေတဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုကိုကြုံတွေ့ခဲ့ ရတာကြောင့် နှစ်ပေါင်းများစွာကြာအောင် ဇာတ်မြှုပ်ပြီးနေထိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ သူအတိတ်ကိုပြန်ပြီး ခွင့်လွှတ်မှုတောင်းခံဖို့အတွက် မိသားစုတစ်စုဆီကိုသွားတဲ့အချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ဆို သလို အဲဒီမိသားစုမှာလည်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က အလိုရှိ နေတဲ့ရာဇဝတ်ဂိုဏ်းကြီးတစ်ခုကြောင့် ဖြစ်ရပ်ဆိုးကြီးတစ်ခုကို ရင် ဆိုင်ခဲ့ရပြန်ပါတယ်။ ဒီတော့ Matteo တစ်ယောက် အဲဒီဂိုဏ်းနဲ့ ဘယ် လိုရင်ဆိုင်တိုက်ခိုက်သွားမှာလဲ...အထူးတပ်ဖွဲ့ဝင်တစ်ယောက်ပီပီ မိသားစုဝင်ကို ဘယ်လိုကယ်တင်ပေးသွားမှာလဲဆိုတာကို Thriller ဆန်ဆန် ကြည့်ရှူရမယ့် Action ကားကောင်းလေးတစ်ခုပဲဖြစ်ပါ တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.23 ...
movie

Black Lotus (2023)

2023
Priest of Evil (2010) 5.8
Priest of Evil (2010)  ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Priest of Evil ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ တီမိုကရဲတစ်ယောက်ပါ။ ဘဝကို မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေသူဆိုလည်း ဟုတ်ပါတယ်။ တစ်နေ့မှာတော့သမီးဖြစ်သူ အယ်မီက သူငယ်ချင်းတွေနဲ့အတူ အပြင်သွားဖို့လုပ်ခဲ့တယ်။ အဖေဖြစ်တဲ့ တီမိုက တာဝန်ချိန်ပြီးတဲ့အခါမှာ သွားကြိုပေမဲ့ ကံမကောင်းစွာပဲ အယ်မီဟာသေဆုံးသွားခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီးတော့မိန်းမဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး အိမ်ထောင်ရေးမသာယာခဲ့တော့ပါဘူး။ ဒါ့အပြင် တရားခံကိုလည်း ရှာမတွေ့ခဲ့ပါဘူး။ နှစ်အနည်းငယ်ကြာပြီးနောက်မှာ မြေအောက်ရထားလူသေမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တီမိုတို့အဖွဲ့က အဲဒီအမှုကိုလိုက်ရတာပါ။ အဲဒီအမှုလိုက်ရင်းနဲ့မှ အရင်က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုလို့ သတ်မှတ်ထားတဲ့ အမှုဟောင်းတွေနဲ့ သွားချိတ်ဆက်နေခဲ့တာကို သိခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဒီအမှုဟာထင်သလောက်မရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့တယ်။ အဲဒီလိုကနေ သမီးဖြစ်သူ သေဆုံးခဲ့တဲ့အမှုနဲ့ နွှယ်နေတာကို တွေ့ခဲ့ရပါတယ်။ ကဲ…ဒီလိုဆိုရင် တီမိုက အဲဒီလူသတ်သမားက ဘယ်သူလဲဆိုတာဖော်ထုတ်နိုင်မလား၊  ဘယ်လိုဖော်ထုတ်သွားမလဲ၊အဲဒီလူသတ်သမားက တကယ်ပဲ သူ့သမီးရဲ့ သေဆုံးမှုနဲ့ဆက်နွှယ်နေသူလား၊ သူက ပြစ်မှုတွေကို ...
movie

Priest of Evil (2010)

Cleaner(2007) 6.7
Cleaner(2007) Cleaner(2007) အညွှန်း********************ဒီဇာတ်ကားကတော့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Samuel L.Jackson၊ မင်းသားကြီး Ed Harris နဲ့ မင်းသမီး Eva Mendes စတဲ့ နာမည်ကြီးသရုပ်ဆောင်များ ပါဝင်ပြီး ဒါရိုက်တာ Renny Harlin က ရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ တွမ်ကတ်တလာ(Samuel L.Jackson)ဟာရဲဝန်ထမ်းအလုပ်ကနေ အနားယူပြီး သူ့ရဲ့သမီးလေးကိုထောက်ပံ့ပေးဖို့အတွက်မှုခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ရတဲ့သူအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။တစ်နေ့မှာတော့ သူလူမရှိတဲ့အိမ်တစ်အိမ်မှာ အလုပ်လုပ်ခဲ့ရပြီး အဲ့ဒီအိမ်မှာနေတဲ့ အန်းနော်ကပ်(Eva Mendes) ရဲ့အမျိုးသားဟာထူးဆန်းစွာပဲပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ဒီအတွက်ကြောင့် တည်ငြိမ်နေပြီဖြစ်တဲ့ တွမ်ကတ်တလာရဲ့ဘဝကြီးဟာလည်းအရှုပ်တွေထဲကို နောက်တစ်ကြိမ်ပြန်လာရောက်ရှိလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ အန်းနော်ကပ်ရဲ့အမျိုးသားကို ပြန်လည်ရှာဖွေတာအပြင်တွမ်ကတ်တလာရဲ့ အတိတ်ကအရှုပ်တော်ပုံတွေ၊ သူ့နားကသူငယ်ချင်းဖြစ်သူ အက်ဒီလော်ရန်ဇို(Ed Harris)ရဲ့လျှိုဝှက်ချက်တွေနဲ့ ထင်မှတ်မထားတဲ့ လှည့်ကွက်တွေကို စိတ်ဝင်စားဖွယ်ခံစားကြရမှာပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာ သွေးထွက်သံယိုဖြစ်တာတွေနဲ့မသတီစရာကောင်းတဲ့အခန်းတွေပါဝင်တာကြောင့် နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါဘူး။  File Size :(1.9GB)(618 MB) and (380 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Crime , Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Cleaner(2007)

Meander (2020) 5.7
Meander (2020) Meander (2020)=============IMDb Rating - 5.7/10သမီးဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ ကားလမ်းမပေါ်မှာလှဲပြီးသေကြောင်းကြံဖို့လုပ်ခဲ့တဲ့ မလီဆာအဲ့အချိန်မှာပဲ ....အဒမ်ဆိုတဲ့လူနဲ့ တွေ့တာပေါ့။ အဒမ်နဲ့ကားကြုံလိုက်ပြီး စကားဘာညာပြောတုန်းသတင်းလေးတစ်ပုဒ်ကြားပြီးနောက် မလီဆာအတွက်အရာရာအမှောင်တိဖြစ်တော့တာပဲ။ပြောရရင်သတိလစ်သွားတယ်ပေါ့။သတိရလာတော့ ထူးဆန်းတဲ့ပြွန်လိုလိုဏ်ခေါင်းထဲမှာသူရောက်နေလေပြီ။ သူ့လက်မှာကလည်း ထူးဆန်းတဲ့လက်ကောက်လေးတစ်ခု ...အချိန်ကမှတ်ထားသေးတယ်... ဒါတွေကဘာတွေလဲ ဘာအတွက်ကြောင့်လဲပြီးတော့သူဘယ်ရောက်နေတာလဲ ။ မလီဆာတစ်ယောက်သိချင်လို့လျှောက်သွားရင်း ကြုံလာရတာတွေကထောင်ချောက်တွေ။ သူ့လိုပဲရောက်နေတဲ့လူတွေ....ဒီလိုထူးဆန်းတဲ့ဝင်္ကပါလိုပြွန်လိုဏ်ခေါင်းထဲကနေ ဘယ်လိုထွက်မှာလဲ။ ဘယ်သူက သူတို့ကို ဒီလိုလုပ်နေတာလဲ။ ဘာအတွက်ကြောင့်လဲဆိုတာကို စိတ်ဝင်စားစွာ ဒီကားထဲမှာကြည့်ရှူမြင်တွေ့ရမှာ . . . နောက်ပြီး ဒီ Movie ဟာ ဆုပေါင်း(၁၁)ဆုလည်း ရထားသလို . movie ရဲ့ trailer မှာတင်အတော်စိတ်ဝင်စားစရာကောင်းနေတာလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p BluRay 5.1CHDuration - 1h 30minSubtitle – Myanmar HardsubFormat – Mp4Genre ...
movie

Meander (2020)

2020