Channel Myanmar

Peter Howitt

In the Name of the Father (1993) 8.1
In the Name of the Father (1993)   ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie

In the Name of the Father (1993)

Sliding Doors (1998) 6.7
Sliding Doors (1998) ကျွန်တော်တို့ရဲ့ဘ၀မှာ ဒီလိုမျိုးအခိုက်အတန့်လေးတွေလူတိုင်းမှာရှိခဲ့ကြတယ်။ငါဒီလိုမျိုးလုပ်ခဲ့ရင်/မလုပ်ခဲ့ရင်, ဒီကားကိုမှီခဲ့ရင်/မမှီခဲ့ရင်,ငါဒီလမ်းကြောင်းကိုရွေးချယ်ခဲ့ရင်/မရွေးချယ်ခဲ့ရင်ငါသူ့ကိုခွင့်လွှတ်ခဲ့/ခွင့်မလွှတ်ခဲ့ရင် ငါ့ဘ၀ကြီးကအခုလိုမဟုတ်ပဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးမိစိတ်ကူးယဉ်မိကြသေးတာပဲ။ဒီဇာတ်ကားလေးရဲ့ အဓိကအချက်ကလည်း ဒါလေးကိုပါပဲ။ဟယ်လန်ဆိုတဲ့ ကောင်မလေး အလုပ်ပြုတ်ပြီးအိမ်အပြန် ရထားကိုမှီမမှီဆိုတာကနေစဉ်းစားကြည့်ရအောင်။ရထားမှီလို့အိမ်ကိုစောစောပြန်ရောက်ပြီးရည်းစားကဖောက်ပြန်နေတာမိလိုက်ရင်ဟယ်လန်ရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်သွားမလဲ။အကယ်၍ရထားမမှီခဲ့လို့ နောက်ကျမှပြန်ရောက်ပြီး ရည်းစားရဲ့မပိရိတဲ့အလိမ်အညာတွေအောက်မှာပဲ သံသဃတွေနဲ့သူမရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်ဦးမှာလဲရထားကြီးရဲ့ လျှောတံခါးနှစ်ချပ်လိုဖြစ်နေတဲ့ဒီအခြေအနေနှစ်ခုက ဟယ်လန့်အတွက်အဆုံးသတ်မှာဘယ်လိုဖြစ်မလဲဆိုတာကို Sliding doorsဆိုတဲ့ဇာတ်ကားလေးမှာ ခံစားကြည့်ရှုပေးကြပါဦး File size…  3.25GB / 1.12GB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Romance , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Sliding Doors (1998)

1998