Channel Myanmar

Peter Johnson

A Royal Christmas Holiday (2023) 6.0
A Royal Christmas Holiday (2023) A Royal Christmas Holiday (2023) ========================= IMDb Rating - 6.0/10CM ပရိတ်သတ်ကြီးတို့အတွက် ခရစ္စမတ်အချစ်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အစီအစဉ်တင်ဆက်သူကောင်မလေးနဲ့ နိုင်ငံခြားက မင်းသားတစ်ပါးတို့ရဲ့ ခရစ္စမတ်ဖူးစာလေးပဲဖြစ်ပါတယ်။ ကိတ်တီဟာ ခေါင်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အစီအစဉ်တင်ဆက်သူ ကောင်မလေးတစ်ယောက်။ ဒါပေမဲ့ သူဟာ အဓိကတင်ဆက်သူနေရာကို မရနိုင်ဖြစ်နေတာကြာပါပြီ။တစ်နေ့ကျ သူ့အထက်လူကြီးက သူတို့နိုင်ငံကို အလည်လာတဲ့ မင်းသား တစ်ပါးကို အင်တာဗျူးဖို့ ကိတ်တီ့ကို အခွင့်အရေးပေးလိုက်ပါတယ်။ မင်းသားဂျော်နသန်ကတော့ အမေဖြစ်သူဆီကနေ မိန်းမယူဖို့ အကြိမ်ကြိမ် တိုက်တွန်းခံနေရသူပါ။ အခုချိန်ထိ နှစ်သက်မိတဲ့မိန်းကလေးမရှိသေးတာ ခက်နေတာပေါ့။ ပြတိုက်ဖဲကြိုးဖြတ်ပွဲအတွက် ခရီးထွက်လာရင်း သူ့ဖူးစာ ဖက်နဲ့ နိုင်ငံရပ်ခြားမှာဆုံရမယ်လို့ ဘယ်ကြိုသိခဲ့ပါ့မလဲလေ။ ဒီလိုနဲ့ ခရစ္စမတ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ်ပေါက်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.58 GB) / (573 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Ngwe Zin Encoder..........SWM
movie

A Royal Christmas Holiday (2023)

2023
Marshall (2017) 7.3
Marshall (2017) Marshall (2017)~ IMDb - 7.3/10, Rotten Tomatoes - 80% ~အမေရိကန်ရဲ့ အထက်တရားရုံးမှာ လျှောက်လဲခွင့်ရတဲ့ ပထမဆုံးသော အမေရိကန် အာဖရိကန် လူမျိုး သားဂွတ်မာရှယ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိပုံစံ ဒရာမာကားတစ်ကားပါ။ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ Chadwick Boseman ရဲ့ ကားကောင်းတစ်ကားပါပဲ။~ ဇာတ်လမ်းအညွှန်း ~အမေရိကန်မှာ လူဖြူဝါဒကြီးစိုးပြီး လူမည်းတွေဖိနှိပ်ခံရတဲ့အချိန် ဂရင်းဝစ်မြို့မှာ လူဖြူအမျိုးသမီးတစ်ဦး လူမည်းရဲ့ မုဒိန်းကျင့်ခံရတယ်လို့ စွပ်စွဲလိုက်တာကြောင့် တနိုင်ငံလုံးကလူမည်းအများစူတွေ အလုပ်ဖြုတ်ခံရတာကို ဖြေရှင်းဖို့ သားဂွတ်တစ်ယောက် လူမည်းဘက်က ထုပဖို့ သူငယ်ချင်းဆမ်နဲ့အတူ ကြိုးစားခဲ့ပါတယ်။သူကိုယ်တိုင်တာဝန်ယူဖို့ ကြိုးစားထားပေမဲ့ တကယ်တမ်း တရားရုံးက သူငယ်ချင်းဆမ်ကို အမှုစစ်ခိုင်းတဲ့အခါ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ... ဘယ်လိုကြိုးစားခဲ့ရလဲ... ဆိုတာတွေကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းတစ်ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.45GB, 680MB Quality ...
movie

Marshall (2017)

2017
Guns of Eden (2022)
Guns of Eden (2022) Guns of Eden (2022)၂၀၂၂ ထွက် အက်ရှင်ကားလေးပါ...စစ်တပ်မှာ လေ့ကျင့်ထားပေမဲ့ ရဲတပ်ဖွဲ့ထဲကိုဝင်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ မီဂန်က တာဝန်ချိန်ပြင်ပမှာ ဓားပြတိုက်မှုနဲ့တွေ့ပြီး ရဲတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်မိလိုက်ပါတယ်။အဲဒီကိစ္စကြောင့် အလုပ်က နားပြီး စိတ်ဓာတ်ကျနေတဲ့အချိန် တွဲဖက်ဖြစ်သူက အခြားမိတ်ဆွေ နှစ်ယောက်နဲ့အတူ စိတ်ပြေလက်ပျောက် တောင်ပေါ်ကို စခန်းချသွားဖို့ခေါ်တာကို လိုက်သွားရင်း လူသတ်မှု ကျူးလွန်နေတဲ့ ရဲတစ်စုကို တွေ့ပြီး မျက်မြင်သက်သေဖြစ်သွားပါတယ်။အကျင့်ပျက်ရဲတွေက သူတို့ လေးယောက်ကို နှုတ်ပိတ်ဖို့ ကြိုးစားတာကို လွတ်အောင်ပြေးပြီး ဘယ်လို ပြန်တိုက်ခိုက်မလဲဆိုတာကို ကြည့်ရမှာပါ။ နောက်ထပ် အဲဒီအကျင့်ပျက်ရဲတွေဆိုတာက မြေအောက်အဖွဲ့အစည်းကြီးတစ်ခုရဲ့ အဖျားစွန်းလေးတစ်ခုပဲဆိုတာကို သိသွားတဲ့အချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Lucifer မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 720MB Quality - 1080p, 720p Format - mp4 Duration - 1H 31Min Genre - ...
movie

Guns of Eden (2022)

2022
Crown Vic (2019) 6.3
Crown Vic (2019) ဒီကားလေးကတော့ IMDb 6.3 ရထားတဲ့ ကားလေးပါအခုမှသူ့မွေးရပ်နေရာကိုပြန်လာပြီး ရဲအလုပ်လုပ်ရင်းပထမဆုံးကင်းစလှည့်မယ့်ဟိုလန်တစ်ယောက်ကိုသူ့ရဲ့အထက်လူကြီးသူနဲ့အတူကင်းလှည့်ပြီးတာဝန်တွေလုပ်ငန်းစဥ်တွေသင်ကြားပြသပေးမယ့်ရဲတစ်ယောက်တို့ရဲ့တစ်ညတာကင်းလှည့်ပြီး အမှုတွေဖြေရှင်းတာကိုရိုက်ကူးထားတာပါဟိုလန်တစ်ယောက်ရဲသင်တန်းကနေကျင့်ဝတ်လမ်းစဥ်တွေသင်ယူခဲ့ရပေမယ့်တကယ်ကင်းလှည့်တဲ့အချိန်မှာတော့ အခြေအနေအချိန်အခါတွေကွဲ ပြားသွားတဲ့အခါကင်းလှည့်ရင်းလူမျိုးစုံပုံစံမျိုးစုံအန္တရာယ်မျိုးစုံကိုရင်ဆိုင်ရတဲ့အခါသူ့အထက်လူကြီးရဲ့လျှို့ဝှက်ချက်တွေကိုပါသိရှိပြီးနောက်ဆုံးဘဏ်ကိုဓါးပြတိုက်သွားတဲ့လူတွေကိုပါဖမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာဒီဇာတ်လမ်းကတစ်ညတာကင်းလှည့်ပြီးသူတို့နိုင်ငံရဲတွေရဲ့လုပ်ငန်းတာဝန်တွေလူဆိုးဖမ်းတာတွေကိုသေချာရိုက်ပြထားတဲ့ကားလေးတစ်ကားဖြစ်တာကြောင့်ဒီလိုဇာတ်အိမ်မျိုးကိုသဘောမကျတဲ့သူတွေအတွက်တော့ပျင်းဖို့ကောင်းလောက်ပေမယ့်စိတ်ဝင်စားမယ်ဆိုရင်တော့ကြည့်ရတန်မယ့်ကားကောင်းလေးပါ File Size : ( 1 GB , 404 MB )Quality : WEB-DL 720pRunning Time : 1 hr 50 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by ...
movie

Crown Vic (2019)

The First Purge (2018) 5.3
The First Purge (2018) ဒီဇာတ်ကားက The Purge ဇာတ်ကားတွေရဲ့ မူလအစ Prequel ကားတစ်ကားပဲဖြစ်ပါတယ်။The Purge ကားတွေကိုတော့ မြန်မာပရိသတ်တွေသိပ်ပြီးစိမ်းကြမယ်မထင်လို့ အထူးတလည်မိတ်ဆက်ပေးမနေတော့ပါဘူး။ဒီဇာတ်ကားမှာတော့ ရှေ့ကထွက်ခဲ့တဲ့ဇာတ်ကားတွေထဲက Purge လို့ခေါ်တဲ့ပွဲကြီး ဘယ်လိုဖြစ်တည်လာလဲဆိုတာကို ပြသထားပါတယ်။ဒီဇာတ်လမ်းကိုရေးသားသူကတော့ ရှေ့ကားတွေကို ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ရိုက်ခဲ့တဲ့ James Demonaco ဖြစ်ပြီး ကိုယ်တိုင်ရိုက်ကူးလိုစိတ်မရှိတာကြောင့် Gerard McMurray ဆိုတဲ့ဒါရိုက်တာကိုရိုက်ကူးခွင့်ပေးခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာ လူဦးရေအရမ်းကိုအဆမတန်ထူထပ်များပြားလာတာကြောင့် စီးပွားပျက်ကပ်ဆိုက်နေတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။အာဏာပိုင်တွေအနေနဲ့ ထိုပြဿနာကြီးကို ကိုယ်တွယ်ရာမှာ တိုးတက်ကောင်းမွန်လာတယ်လို့မရှိဘဲ ကြာလာတာနဲ့ ကြွေးမြှီတွေက လည်ပင်းအထိနစ်လာပါတော့တယ်။အဲဒီလိုကြံရာမရဖြစ်နေတဲ့အဆုံး နောက်ဆုံးနည်းကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီနောက်ဆုံးနည်းဆိုတာကတော့ လူဦးရေကိုလျှော့ချပစ်တဲ့နည်းပါ။Purge လို့လူအများခေါ်တွင်ကြတဲ့နည်းလမ်းကိုသုံးပြီး လူဦးရေကိုလျှော့ချပစ်တာပဲဖြစ်ပါတယ်။Purge ဆိုတာကတော့ သတ်မှတ်ထားတဲ့ညတစ်ညမှာ ကြိုက်တဲ့ရာဇဝတ်မှုကို ကြိုက်သလိုကျူးလွန်နိုင်တဲ့ပွဲကြီးပါပဲ။အဲဒီပွဲကြီးကိုအခွင့်ကောင်းယူပြီး လူသတ်ပြီး လုယက်ကြမယ့်လူတွေကလည်း မနည်းပါဘူး။အာဏာပိုင်တွေကတော့ အဲဒီပွဲကိုကိုယ်တိုင်ဦးစီးပြီး တရားဝင်အဖြစ်ကြေငြာထားပါတယ်။အဲဒီဒဏ်ကိုပထမဆုံးခံရတာကတော့ Staten Island လို့ခေါ်တဲ့ အခြေခံလူတန်းစားတွေနဲ့ လူမည်းတွေအများစုနေထိုင်တဲ့ မြို့ပါပဲ။အစိုးရကိုယ်တိုင်က လူဦးရေလျှော့ချချင်တဲ့အကြံကြီးနဲ့ မင်းမဲ့တိုင်းပြည်လို လူကြိုက်သလောက်သတ် ကြိုက်တာလုပ်ခွင့်ပေးထားတဲ့တစ်ညတာကို အဲဒီမြို့လေးရှင်သန်နိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဘာသာပြန်ပေးထားသူတွေကတော့ ကိုမျိုးသန့်နဲ့မေမြတ်သူပါ) File ...
movie

The First Purge (2018)

2018