Channel Myanmar

Peter King Nzioki

The Constant Gardener (2005) 7.4
The Constant Gardener (2005)   အခုတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို The Constant Gardener ဆိုတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးမှာတော့ Harry Potter ထဲက ဗိုဒါမော့ကြီးနဲ့အတူ The Mummy ထဲက မင်းသမီးလေးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးက Drama Mystery လေးပါIMDB rating လည်း 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအကျဥ်းလေးကတော့ ကန်ယာမြောက်ပိုင်းကဝေးလံလှတဲ့နေရာမှာ တက်ကြွလှုပ်ရှားသူ တက်ဆာနဲ့သူမရဲ့သူငယ်ချင်း ဒေါက်တာအာနိုးဘလွန်းတို့အသတ်ခံခဲ့ရပါတယ် အဲ့နောက်မှာ တက်ဆာရဲ့ခင်ပွန်းဖြစ်သူ ဂျင်စတင်ဟာသူ့ဇနီးသည်သေဆုံးမှုကို လိုက်လံစုံစမ်းကြည့်တဲ့အခါမှာ တက်ဆာဟာ အာဖရိကမှာ ဘေးဖြစ်စေတဲ့ဆေးတွေကိုစမ်းသပ်နေတဲ့အတွက် ​ဆေးကုမ္ပဏီတွေကို တိုင်ကြားစာရေးခဲ့တာကိုသိခဲ့ရပါတယ်သူ့ဇနီးရဲ့သေဆုံးမှုဟာ အဲ့ဆေးကုမ္ပဏီတွေနဲ့ပက်သက်နေမလားဆိုတာကို ဂျက်စတင်တစ်ယောက် အန္တရာယ်တွေကြားကနေ မရပ်မနားစုံစမ်းပါတော့တယ် ဂျက်စတင်တစ်ယောက်အမှုမှန်ကိုရှာဖွေနိုင်မလား ရှာမဖွေနိုင်ခင်မှာပဲ သုတ်သင်ခံလိုက်ရမလားဆိုတာကိုဇာတ်ကားလေးထဲမှာကြည့်ရှုနိုင်မှာပါဒီဇာတ်ကားလေးမှာ ဂျက်စတင်နဲ့တက်ဆာရဲ့ချစ်ခြင်းမေတ္တာနဲ့ ဆေးဖြန့်ချီရေးကုမ္ပဏီတွေရဲ့ အကျိုးအမြတ်ရဖို့ဘာကိုမှမငဲ့ကြည့်တာတွေ အာဖရိကလူမည်းတွေအပေါ်မှာ ဘယ်လိုရက်စက်ကြလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.9 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre...Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

The Constant Gardener (2005)

The Fifth Estate (2013) 6.2
The Fifth Estate (2013) The Fifth Estate (2013)_____IMDb - 6.2/10   ၂၁ ရာစုမှာ ပြင်းပြင်းထန်ထန်ငြင်းခုံဆွေးနွေးမှုတွေ ဂယက်ထစေခဲ့တဲ့အဖွဲ့အစည်းတစ်ခုက WikiLeaks ပါ။ The Fifth Estate ဆိုတာ သတင်းတွေစီးမြောပေါက်ကြားမှုနဲ့အတူ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကိုပါ တုန်လှုပ်ချောက်ချားစေခဲ့တဲ့ WikiLeaks  ကို တည်ထောင်သူ သြစတြေးလျသား အယ်ဒီတာ/ တက်ကြွလှုပ်ရှားသူ/ စာနယ်ဇင်းသမား ဂျူလီယန်ပေါလ်အက်ဆန်းဂ် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပုံစံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ WikiLeaks ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ နည်းပညာဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂျာမန်လူမျိုး Daniel Domscheit-Berg ရေးသားခဲ့တဲ့ Inside WikiLeaks: My Time with Julian Assange at the World's Most Dangerous Website ကို အခြေခံရိုက်ကူးခဲ့ပါတယ်။ The Fifth Estate ဇာတ်ကားဟာ WikiLeaks ရဲ့အတွင်းရေးကို ဖွင့်ချထားတာဖြစ်ပါတယ်။ Daniel Domscheit Berg ဟာ ...
movie

The Fifth Estate (2013)

2013