Channel Myanmar

Peter Malota

The Butterfly Effect 3: Revelations (2009)
The Butterfly Effect 3: Revelations (2009)  Time travel ဇာတ်လမ်းတွေ စိတ်ဝင်စားတဲ့သူတွေအတွက် ၂၀၀၉ခုနှစ်ထွက် Sci-fi/Thriller ကားကောင်းတစ်ခုပါ။ ရှေ့မှာ 1နဲ့ 2 လည်း ထွက်ထားပါတယ်။ဇာတ်လမ်းကတော့ Sam Reide ဆိုသူမှာ အချိန်တွေ ခုန်ကူးပြီး time travelလုပ်နိုင်တဲ့ abilityတစ်ခုရှိပါတယ်။ ဇာတ်လမ်းအစမှာတော့ သူက တခြားသူတွေရဲ့ မှုခင်းတွေ မဖြစ်ခင် အချိန်ကို သွား၊ တရားခံကို ရှာပြီး ရဲလက်အပ်တဲ့ အလုပ်ကို ပိုက်ဆံယူပြီး လုပ်နေတာ ဖြစ်ပါတယ်။သူ့မှာ Jenna ဆိုတဲ့ ညီမလေး ရှိပြီး အဲ့ဒီညီမလေးကို သူပဲစောင့်ရှောက်ထားတာပါ။ ငယ်ငယ်က သူတို့အိမ် မီးလောင်တော့ Sam ရဲ့ ညီမလေးက မီးထဲ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Samက အချိန်ကူးသွားပြီး Jenna ကို သွားကယ်ခဲ့ပါတယ်။ result အနေနဲ့ သူ့အဖေနဲ့ အမေ သေသွားခဲ့ပါတယ်။ အတိတ်ကို ...
movie

The Butterfly Effect 3: Revelations (2009)

The Order (2001)
The Order (2001) အရင်ခေတ်က ဗန်ဒိန်းဆိုရင် မသိသူမရှိသလောက်ကို နာမည်ကြီးခဲ့ပါတယ်။ကိုယ်တွေ ကလေးဘဝက သူ့ကားတွေဆိုနားလည်လည်၊ မလည်လည် ကြည့်ခဲ့ကြတာပဲ။ အက်ရှင်ခန်းတွေဆို တမေ့တမောကို ကြည့်ခဲ့ကြရတာ။ဒီလို ငယ်ငယ်က ဘဝကို ပြန်သတိရချင်တဲ့သူတွေအတွက်ဗန်ဒိန်းရဲ့ အက်ရှင်ဆန်ဆန်၊ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ဇာတ်ကားတစ်ကားကို တင်ပြပေးလိုက်ပါတယ်။ ဒီကားက ၂၀၀၁ ခုနှစ်က ထွက်ခဲ့ပြီး ဗန်ဒိန်းကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး Sheldon Lettich က ရိုက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူဒီတစ်ဖြစ်လည်း ဗန်ဒိန်းကရှေးဟောင်းပစ္စည်းတွေကို ခိုးယူပြီး မှောင်ခိုရောင်းရင်းစီးပွားရေး လုပ်နေတဲ့သူပါ။ သူ့အဖေဖြစ်သူကတော့ သူနဲ့ ဆန့်ကျင်စွာပဲ ရှေးဟောင်းသုတေသီတစ်ဦး ဖြစ်ပါတယ်။တစ်ရက်မှာတော့ ခရစ်ယာန်ဘာသာကနေ ကွဲထွက်လာတဲ့ဂိုဏ်းတစ်ဂိုဏ်းက သူ့အဖေကို ပြန်ပေးဆွဲသွားပါတယ်။ဒီဂိုဏ်းက အပြင်လူတွေကို ဝင်ခွင့်မပေးသလိုပေးတောင် မသိတဲ့ ဂိုဏ်းပါ။ သူ့အဖေကို ပြန်လိုက်ကယ်ဖို့နဲ့လျှို့ဝှက်ဆန်းကျယ်တာတွေကိုဘယ်လိုအက်ရှင်တွေနဲ့ ခပ်မိုက်မိုက်တင်ဆက်သွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။   File size…   1.4 GB /  954 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre .....  Action ...
movie

The Order (2001)

2001
The Quest (1996) 5.6
The Quest (1996) အရှေ့တောင်အာရှတောနက်တစ်ခုထဲမှာ တစ်ကမ္ဘာလုံးက ကိုယ်ခံပညာအသီးသီးရဲ့ အကျော်အမော်တွေကို တိတ်တဆိတ်ဖိတ်ခေါ်ကာ ပြိုင်ပွဲလက်ခံကျင်းပနေတဲ့ ပျောက်ဆုံးမြို့တော်လေးတစ်မြို့ ရှိနေပါတယ်။အနိုင်ရရှိသူဟာ ရွှေအတိသွန်းလောင်းထားတဲ့ နဂါးရုပ်ထုကြီးကို လက်ဝယ်ရရှိပိုင်ဆိုင်ရမှာပါ။ပြိုင်ပွဲအမည်ကဂန်ဂန့်ဖြစ်ပြီးတော့ …. ဒီပြိုင်ပွဲကို အမေရိကားမှာ လူရွှင်တော်လုပ်စားနေတဲ့ ဗန်ဒိန်းတစ်ယောက် ပြန်ပေးဆွဲ ကျွန်ပြုခံရရင်းက ဒီ ဂန်ဂန့်ပြိုင်ပွဲကြီးမှာ ဘယ်လိုပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့သလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် …မွေ့ထိုင်းနဲ့ပက်သက်တဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ သိုင်းပေါင်းစုံရဲ့ ကစားကွက်တွေကိုလည်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie

The Quest (1996)

Double Impact (1991) 5.6
Double Impact (1991) Double Impact ( 1991 )ဟောင်ကောင်ဆို ဂျက်လီ ဂျက်ကီချမ်း၊ အနောက်ကဆို ဗန်ဒိန်းတို အာနိုးတိုဟာ ငယ်ငယ်က အက်ရှင်ကားတွေပရိသတ်တွေတိုင်း အသည်းစွဲလူတွေပါပဲ။ ဗန်ဒိန်းဟာလည်း သူ့ခေတ်သူ့အခါကတော့ မသိသူမရှိလောက်အောင် နာမည်ကျော်တဲ့သူပါပဲ။ သူ့ဇာတ်လမ်းတွေဟာ နည်းနည်း ရုပ်ရှင်ကောင်းတွေအများကြီးကြည့်ဖူးပြီးတဲ့သူတွေအတွက် နည်းနည်းအရသာပေါ့ကောင်းပေါ့ ပေါ့နိုင်ပေမဲ့ အက်ရှင်ခန်းတွေကတော့ ကိုယ်ခံပညာတကယ်တတ်တဲ့ ဗန်ဒိန်းကိုယ်တိုင် သရုပ်ဆောင်ထားတာဆိုတော့ ပြောင်မြောက်ပါတယ်။ ဇာတ်လမ်းက နည်းနည်းတော့ တက်သုက်ရိုက်ဆန်ပေမဲ့ ငယ်ဘဝကို အမှတ်ရချင်တဲ့သူတွေအတွက်တော့ အလွမ်းပြေကြည့်လိုကောင်းမယ့် ဇာတ်လမ်းဖြစ်မှာပါ။ဒီဇာတ်လမ်းမှာတော့ ဗန်ဒိန်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်။ ဇာတ်ကောင်၂ကောင်ဟာ အပျော့နဲ့အမာ ယင်နဲ့ယန် အပူနဲ့အအေးလိုဖြစ်နေပေမဲ့ ဗန်ဒိန်းဟာ အစွမ်းကုန် ကြိုးစားသရုပ်ဆောင်ပေးခဲ့ပါတယ်။ ဟောင်ကောင်မှာ တူးမြောင်းလုပ်ငန်းတစ်ခုလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုလိုချင်တဲ့ သူ့ပါတနာဟာ ဟောင်ကောင်က ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကူအညီကိုယူပြီး လုပ်ငန်းရှင်ကိုရော သူ့မိသားစုကိုပါ သတ်ဖိုစီစဉ်ခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့အမွှာသားလေး၂ယောက်ဟာ မသေဘဲလွတ်သွားခဲ့ပါတယ်။ ၂၅နှစ်ကြာပြီးတဲ့နောက် ညီအစ်ကို နှစ်ယောက်ပြန်ဆုံတွေ့ပြီး ...
movie

Double Impact (1991)