Channel Myanmar

Peter Mygind

Last Christmas (2019) 6.6
Last Christmas (2019) ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(6.7 GB)/(2.1 GB)/(1.1 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Littleneo
movie

Last Christmas (2019)

4K HEVC
Flame & Citron (2008) 7.2
Flame & Citron (2008) Flame & Citron (2008)ဒုတိယကမ္ဘာစစ်ကိုနောက်ခံထားပြီးတော့ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။ဗင့်နဲ့ ဂျော်ဂျန်က ဒတ်ချ်တော်လှန်ရေးအတွက် နာဇီပူးပေါင်းဆောင်ရွက်သူတွေကို ရှင်းပစ်ရတဲ့အလုပ်ကို တာဝန်ယူရတဲ့သူတွေပါ။သူတို့ရှင်းပစ်ရမယ့်သားကောင်တွေကို အက်ဆယ် ဝင်သာဆိုတဲ့မဟာမိတ်ခေါင်းဆောင်က သတ်မှတ်ပေးတာပါ။ဒါပေမဲ့ အချို့အကြောင်းအရင်းတွေကြောင့် ဝင်သာကို သူတို့သံသယရှိလာကြတဲ့အခါ အကြောင်းအရာတွေက ပိုရှုပ်ထွေးလာပါတယ်။ဒါ့အပြင် ဗင့်က ကတ်တီဆယ်မာဆိုတဲ့မိန်းကလေးတစ်ယောက်ကို သဘောကျမိသွားပေမဲ့ ကတ်တီကလည်းနိုင်ငံရေးအရှုပ်အရှင်းတွေမှာပါဝင်ပတ်သက်နေတဲ့သူဖြစ်နေပါတယ်။ဒီရှုပ်ထွေးမှုတွေအကုန်လုံးကို ဗင့်နဲ့ဂျော်ဂျန်တို့နှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှုရမယ့်ဇာတ်ကားပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size          : 2GB, 767MB, 429MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration      ...
movie

Flame & Citron (2008)

2008