Channel Myanmar

Peter Simonischek

Ruby Red (2013) 6.0
Ruby Red (2013) အချိန်ခရီးသွားတဲ့ ဇာတ်လမ်းမျိုးတွေ ကြည့်ချင်သူတွေအတွက်ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းကတော့ Kerstin Gierရဲ့ ruby red ဝတ္တု trilogyကိုပြန်လည်းရိုက်ကူးထားတဲ့ ဇာတ်ကားသုံးကားထဲကမှပထမဆုံး ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့မွန်ထရို့စ်နဲ့ ဗီလီယဲ မိသားစုနှစ်ခုအကြောင်းကနေ စပြောရမှာပါ။ဒီမိသားစုနှစ်ခုဟာ အချိန်ခရီးသွားနိုင်တဲ့အစွမ်းကို မျိုးရိုးဗီဇအရ မျိုးဆက်တစ်ခုမှာ တစ်ယောက်စီဆက်ခံခဲ့ကြတာပါ။မွန်ထရို့စ်မိသားစုမှာတော့ မိန်းကလေးတွေက ဒီအစွမ်းကိုပိုင်ဆိုင်ပြီး ဗီလီယဲ မိသားစုမှာတော့ ယောက်ျားလေးတွေက ပိုင်ဆိုင်ပါတယ်။ဂွမ်ဒိုလင်ဆိုတဲ့ ကောင်မလေးကတော့ မွန်ထရို့စ်မိသားစုမှာနေထိုင်သူဖြစ်ပြီး ဒီကိစ္စတွေကို အယုံအကြည်မရှိတဲ့သူပါ။တစ်နေ့မှာတော့ မွန်ထရို့စ်မိသားစုဝင်တစ်ဦးဖြစ်တဲ့ ချားလော့တ်ဟာသူ့ရဲ့မွေးနေ့မှာ အချိန်ခရီးသွားဗီဇကို စတင်ရရှိဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ဒါပေမယ့် အားလုံးထင်ထားသလို ဒီမျိုးရိုးဗီဇကိုဆက်ခံသူဟာ ချားလော့တ်မဟုတ်ပဲ ဂွမ်ဒိုလင်ဖြစ်နေတဲ့အခါမှာတော့ဂွမ်ဒိုလင်တစ်ယောက် သူ့ရဲ့အစွမ်းတွေကို ဘယ်လိုထိန်းချုပ်မလဲ၊ဒီမိသားစုတွေကြားမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာစိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းလို့ပြောလိုက်တာနဲ့အများစုကတော့ Dark seriesကို ပြေးမြင်မိကြမှာပါ။ဒီ movie trilogyကတော့ darkလို အရမ်းကြီးရှုပ်ထွေးမနေပဲပေါ့ပေါ့ပါးပါးနဲ့ darkလိုပဲ အချိတ်အဆက်မိမိကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ပြီးတော့ adventureဇာတ်လမ်း အမျိုးအစားလည်းဖြစ်တာကြောင့်Funဖြစ်ပြီး ...
movie

Ruby Red (2013)

2013
Fantastic Beasts: The Secrets of Dumbledore 6.3
Fantastic Beasts: The Secrets of Dumbledore        Fantastic Beasts: The Secrets of Dumbledore (2022) ==================================== IMDb Rating - 6.5/10Fantastic Beasts ရုပ်ရှင်တွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ။ အားလုံးသိထားတဲ့အတိုင်း ဒုတိယရုပ်ရှင်မှာ ခရီးဒန့်စ်ရဲ့ ဘဝအမှန် ပေါ်လာခဲ့တယ်။ ဒန်ဘယ်ဒေါ နဲ့ ဂရင်ဒီဝေါတို့လည်း ထိပ်တိုက်ရင်ဆိုင်ရဖို့ ကြုံလာခဲ့တယ်။ နျူတို့တွေလည်း ကွင်နီကိုပါ လက်လွှတ်လိုက်ရပြီး မနည်းလွတ်အောင်ပြေးလာခဲ့ရတယ်။ဒီအပိုင်းမှာတော့ ဒမ်ဘယ်ဒေါဟာ ဂရင်ဒီဝေါကိုတားဆီးဖို့ နျူ့ထ်တို့ ညီအစ်ကိုရယ်၊ ဂျေကော့ရယ်နဲ့ မှော်ဝင်သတ္တဝါဆန်းတွေရယ်နဲ့အတူ ဘယ်လို ကြိုးစားကြမလဲဆိုတာ ဆက်ပြီး ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဂရင်ဒီဝေါသရုပ်ဆောင်ဟောင်းဖြစ်တဲ့ ဂျွန်နီဒက်ပ် တစ်ယောက် အမ်ဘာနဲ့အမှုကြောင့် ထုတ်ပယ်ခံရပြီး သူ့နေရာမှာ မက်ဒ် မစ်ကယ်ဆန် ပြောင်းလဲပါဝင်လာပါတယ်။ ဒါပေမဲ့ မက်ဒ်နဲ့လည်း အတော်ကိုလိုက်ဖက်တဲ့အတွက် အရသာမပျက်သွားဘဲတော့ ဆက်ပြီး ကြည့်ရှုနိုင်မှာပါ။ အားပေးလိုက်ကြပါဦး....(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size.............(2.71 GB) / (1.45 GB) / (761 MB) / (516 MB) Quality...............WEB-DL ...
movie

Fantastic Beasts: The Secrets of Dumbledore

2022
4K HEVC Web-DL
Army of Thieves (2021) 6.2
Army of Thieves (2021) Army of Thieves (2021)IMDb - 6.2/10ဒီ​နေ့ပဲ ထွက်ရှိလာတဲ့ Army of the Thieves ဇာတ်ကားကို တင်ဆက်​ပေးလိုက်ပါပြီ၊ဒီကားက ဒီနှစ်အ​စောပိုင်းမှာ ထွက်ရှိထားတဲ့ Army of the Deadရဲ့ တိုက်ရိုက် Prequelဖြစ်ပြီးDieterအဖြစ် သရုပ်​ဆောင်ထားတဲ့ မင်းသား Matthias Schweighöfer ကိုယ်တိုင် ရိုက်ကူးထားတာပါ၊ဒီဇာတ်လမ်းမှာ Zombie Apocalypse စစဖြစ်ချင်းအချိန်ကို timelineအ​ခြေခံထားပါတယ်၊မီးခံ​သေတ္တာ​နဲ့ ​သော့ဝိဇ္ဇာ Youtuber တစ်​ယောက်ဖြစ်သူ Dieter ဟာသူ့ရဲ့ Youtubeက​နေ အ​ပျော်တမ်း ​သော့ဖျက်နည်း​တွေ၊ မီးခံ​သေတ္တာသမိုင်း​ကြောင်း​တွေ ရိုက်ကူးပြီးတင်တဲ့သူပါ၊သူ့ရဲ့ဗီဒီယို​တွေကို ​တွေ့သွားတဲ့ဂိုဏ်းတစ်ခုဟာသူ့ရဲ့ကျွမ်းကျင်မှုကို အသုံးချပြီး ဘဏ်​တွေကို ​​ဖောက်ပြီးကြံစည်ပါတယ်၊ဒါ​ပေမဲ့ Dieter​​​ဖောက်​ပေးရမယ့် မီးခံ​​သေတ္တာ​တွေက နှယ်နှယ်ရရမဟုတ်ဘဲခက်​ပေ့ဆိုတဲ့ နာမည်​ကျော် မီးခံ​သေတ္တာကြီး ၄လုံးဖြစ်​နေတဲ့အခါ...Army of Dead franchise ရဲ့ မူမပျက်​အောင် ​သွေးသံရဲရဲနဲ့ အရွန်း​ဖောက်ဟာသ​တွေ၊အ​​ပြောအဆိုခပ်ကြမ်းကြမ်း​တွေ သုံးထားလို့အက်ရှင်ကားကြိုက်သူ​တွေအတွက်​တော့ အ​ထွေအထူးညွှန်း​နေစရာမလိုတဲ့ ...
movie

Army of Thieves (2021)

2021