Channel Myanmar

Peter Yu

Seven Days ( 2023 ) 5.9
Seven Days ( 2023 ) သင်ကြောက်နေရတဲ့ သရဲတစ္ဆေဆိုတာ တစ်စုံတစ်ယောက် နေ့ညမရွေး ပြန်တွေ့ချင်နေတဲ့ လူတစ်ယောက်ပါ။ အိုက်ရှီးဟာ နှစ် ၂၀ ကြာ လူ့ပြည်မှာ လေလွင့်နေတဲ့ ဝိညာဉ်လေး ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကားမတော်တဆတစ်ခုကြောင့် သူမဟာ မိသာစုကို နှုတ်ဆက်ခွင့်မရပဲ သေဆုံးသွားခဲ့ပြီး ဘဝကူးဖို့ မရွေးခဲ့ပဲ မိသားစုဘေးမှာ အဖော်ပြုနေခဲ့ပါတယ်။ကံကြမ္မာရဲ့ အခွင့်အရေးပေးမှုကြောင့် အိုက်ရှီးဟာ မောင်လေးဖြစ်သူ အိုက်ရှန်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပူးခဲ့ရပြီး ၇ ရက်တာ အချိန်ရခဲ့ပါတယ်။ အိုက်ရှန်ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေနဲ့ ၇ ရက်တာ အချိန်ကို အသုံးချပြီး သူမဟာ ဘဝမှာ မေ့ရခက်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ဒီတရုတ်စကားပြောရုပ်ရှင်ကတော့ တရုတ်ပြည်မကရိုက်ကူးတဲ့ရုပ်ရှင်မဟုတ်ပဲ စင်ကာပူက အမျိုးသမီးဒါရိုက်တာရိုက်ကူးထားတဲ့ ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဝမ်းနည်းစရာ၊ ဝမ်းသာစရာ၊ တွေးတောစရာ စတဲ့ ရသမျိုးစုံကို ပေးနိုင်မယ့် ရုပ်ရှင်လေးဖြစ်တာကြောင့် ဇာတ်လမ်းအေးအေးလေးတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime ...
movie

Seven Days ( 2023 )

Circle Line ( 2023 ) 5.9
Circle Line ( 2023 ) စင်္ကာပူရုပ်ရှင်လောကရဲ့ ပထမဆုံးခေတ်သစ်ထူးဆန်းသတ္တဝါကားလို့ဆိုတဲ့ Circle Line ကို တင်ဆက်ပေးလိုက်ပါတယ်။ စင်္ကာပူဒါရိုက်တာJD Chuaရိုက်ကူးထားပြီး ထိုင်ဝမ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ တွဲဖက်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့-ကားအက်စီးဒင့်အပြင်းအထန်ဖြစ်ခဲ့ပြီး စိတ်ဒဏ်ရာတွေကို ကုသကျော်ဖြတ်နေရတဲ့ သားအမိနှစ်ယောက် -အဖေဟာအလုပ်ထဲမှာပဲနှစ်မြှုပ်ထားပြီး သမီးကိုအချိန်မပေးနဲ့တဲ့ အဖေနဲ့သမီး မြေအောက်အမြန်ရထားတွေဟာအလိုအလျောက်Programနဲ့ပဲထိန်းချုပ်ပြီးသွားကြတာပါSystem ဟောင်းမှာချို့ယွင်းချက်တွေဖြစ်လာတဲ့အခါ ရထားကဘူတာ မရောက်ခင်ရပ်သွားတာတွေစတဲ့ချို့ယွင်းချက်တွေဖြစ်လာပါတယ်။ Systemကိုပြန်ပြင်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ ညပိုင်းနောက်ဆုံးရထားတစ်စီးဟာ ချို့ယွင်းချက်ကြောင့် ပုံမှန်ရထားလမ်းကြောင်းကနေသွေဖီပြီး အသုံးမပြုတဲ့ရထားလမ်းထဲကိုရောက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာမြေအောက်ရထားလှိုဏ်ခေါင်းထဲမှာဘယ်လိုအရာကစောင့်ကြိုနေမလဲ...... မြေပြင်ဗဟိုဌာနကရော မြေအောက်ရထားထဲကလူတွေကိုဘယ်လိုကယ်တင်မလဲ...... အန္တရာယ်တွေကြုံလာတဲ့အခါ မိခင်တို့ရဲ့သဘာဝအတိုင်း အမေတစ်ယောက်ဟာ သားတစ်ယောက်ကိုဘယ်လိုကာကွယ်ပေးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပြီး စင်္ကာပူရဲ့ပထမဆုံးသောခေတ်သစ်ထူးဆန်းသတ္တဝါကားဟာ ဘယ်လိုအနေအထားရှိမလဲဆိုတာကိုကြည့်ရှုလိုက်ကြပါဦးနော်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Circle Line ( 2023 )

A Land Imagined(2018) 6.7
A Land Imagined(2018) A Land Imagined(2018) IMDb...6.7ဆိုက်​ထဲက အလုပ်​သမား၁​ယောက် ထူးထူးဆန်းပျောက်သွားတယ်.... ဒါ့ကြောင့် ရဲ(၂)ယောက်လာရောက်စုံစမ်းတဲ့အခါမှာပျောက်သွားတဲ့သူဟာ အလုပ်လုပ်နေစဉ်ကာလအတွင်းမှာ လက်ကျိုးခဲ့လေတော့ တခြားသူတွေလိုအလုပ်ကြမ်းမလုပ်ရဘူး..လက်ကျိုးတဲ့အတွက် ကားပဲမောင်းရတယ်လို့ဆိုတယ်..ပြီးတော့ ညဘက်ဆိုလည်းပြန်ပြန်မအိပ်တာကြာပြီဟုသိရတယ်..ကျွန်းတုလုပ်တဲ့ဘက်မှာလည်း ပျောက်သွားတဲ့သူဟာ တစ်ချို့နဲ့သိတယ်ဆိုတော့ ရဲ(၂)ယောက်ဟာဆက်လက်စုံစမ်းဖို့ထွက်သွားတယ်..အဲ့ဒီနောက်တော့ ဒီလူပျောက်မှုကိုစုံစမ်းရင်း ရဲတစ်ယောက်လည်း အထူးအဆန်းဖြစ်ရပ်တွေကြုံခဲ့ရတယ်..ကိုင်းသူတို့စုံစမ်းတာတွေ့မလား ..ဘာကြောင့်ပျောက်သွားတာလဲ..ခံစားကြည့်လိုက်ပါဦး...စင်္ကာပူဆိုတာ စက်မှုအထွန်းကားဆုံးစာရင်းဝင်သလို အချမ်းသာဆုံးနိုင်ငံတွေထဲမှာလည်းပါလေတော့ဒီနိုင်ငံမှာလာရောက်လုပ်ကိုင်တဲ့အလုပ်သမားတွေလည်း ဒုနဲ့ဒေးပါပဲ.....ငွေးကြေးတန်ဘိုးကလည်းအမေရိကန်ဒေါ်လာနဲ့ကပ်ရက်...ဒီကားကတော့ စင်္ကာပူမှာလာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအကြောင်းကိုရိုက်ပြထားသလိုပေးချင်တဲ့ Messageကောင်းတွေလည်းရှိပါတယ်...ဒီကားရဲ့ဒါရိုက်တာဖြစ်သူ Siew Hua Yeo ဟာ 2019ရဲ့အကောင်းဆုံး ဒါရိုက်တာဆုစာရင်းထဲမှာ ဆန်ကာတင်အဆင့်ပါရှိခဲ့ပါတယ်..  File Size : (850 MB) and (332 MB) Quality : WEB-DL 720p, Format…mp4 Duration…01:35:00 Genre :  Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Phyo Pyae
movie

A Land Imagined(2018)

2018