Channel Myanmar

Peyton Elizabeth Lee

Prom Pact (2023) 6.3
Prom Pact (2023) Prom Pact (2023) ============= IMDb Rating - 6.3/10ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးတွေ ကြည့်ချင်သူတို့အတွက် Disney ကနေ လောလောလတ်လတ်ထွက်ရှိထားတဲ့ rom-com ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားထဲမှာ မန်ဒီယန်းဆိုတဲ့ကောင်မလေးက "I am my own person" ဆိုတဲ့ feministလေးဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်ကတော့ ဟား‌ဗတ်ကိုသွားပြီး သူလေးစားရတဲ့သူ့idolဆီမှာ စာသင်ချင်တာပါတဲ့။ ဒါပေမဲ့ ဟားဗတ်ကသူ့ကို စောင့်ဆိုင်းစာရင်းထဲထည့်လိုက်ပါတယ်။ စောင့်ဆိုင်းစာရင်းဆိုတာက အငြင်းခံရတာနဲ့ သိပ်မကွာပါဘူး။ဒါကြောင့် မန်ဒီယန်းက ဟားဗတ်ကိုဝင်ခွင့်ရဖို့အတွက် ဟားဗတ်ကျောင်း သားဟောင်း အထက်လွှတ်တော်အမတ်ဆီကနေ ထောက်ခံစာတောင်းဖို့ ကြံပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီအမတ်ရဲ့သားက မန်ဒီယန်းအထင် သေးတဲ့ သူတို့ကျောင်းက ရေပန်းအစားဆုံး ဘတ်စကတ်ဘောကစားသမား ဂရေဟမ်လန်ဆင်းဆိုတဲ့ကောင်လေးဖြစ်နေပါတယ်။ဒီလိုနဲ့မန်ဒီယန်းတစ်ယောက် သူ့အိပ်မက်ကိုပဲစွန့်လွှတ်မလား ဒါမှမဟုတ် သူ့စံတန်ဖိုးတွေကို စွန့်လွှတ်ပြီး ဟားဗတ်ကိုဖြစ်တဲ့နည်းနဲ့ ရောက်အောင် သွားမလား သူ့ဘဝကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.66 GB) / (729 MB) / (432 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 39Mins Subtitle...........Myanmar ...
movie

Prom Pact (2023)

2023
Secret Society of Second Born Royals (2020)
Secret Society of Second Born Royals (2020) Disney က အသစ်ထွက်ရှိထားတဲ့ Action,Adventure,Comedy ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဆမ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ အလီရီယာတိုင်းပြည်ရဲ့ တော်ဝင်မျိုးဆက် ဒုတိယသမီးဖြစ်သူပါ။ သူ့အစ်မ အယ်လီနောက နန်းမွေဆက်ခံရမယ့်သူပီပီ မင်းသမီးပီသ အဘက်ဘက်ကပြီးပြည့်စုံသလောက် ဆမ်ကတော့ ဘုရင်စနစ်ကိုပုန်ကန် တော်ဝင်ထုံးတမ်းတွေကို ငြီးငွေ့မုန်းတီးနေတဲ့ ပုန်ကန်ချင်တဲ့ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်နေပါတယ်။ သူ့မှာ မိုက်ခ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်ရှိပြီး ပူးတွဲဂီတအဖွဲ့လေးကို တည်ထောင်ထားကြတယ်။ တစ်နေ့တော့ ကလပ်မှာလုပ်တဲ့ ဖျော်ဖြေရေးပွဲတစ်ခုကို ခိုးသွားကြရင်း စာမေးပွဲလွတ်သွားတာကို သူ့အမေ သိသွားတဲ့နောက် အဲ့ဒီစာမေးပွဲအတွက် ဆမ်ဟာ ကျောင်းပိတ်ရက်မှာ နွေရာသီသင်တန်းကိုတက်ဖို့ဖြစ်လာပါတော့တယ်။ တကယ်တမ်း အဲ့ဒီနွေရာသီသင်တန်းဟာ ဆမ်တို့လို တော်ဝင်မျိုးဆက်ရဲ့ ဒုတိယရင်သွေးတွေကို လျှို့ဝှက်လေ့ကျင့်ပေးနေတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ပထမမွေးချင်းသားသမီးတွေဟာ ထီးနန်းအရိုက်အရာကိုဆက်ခံ တိုင်းပြည်ကို အုပ်ချုပ်ရပြီး ဒုတိယမွေးချင်းသားသမီးတွေကတော့ ထူးခြားတဲ့ လူသာမန်ထက်သာလွန်တဲ့အစွမ်းတွေရှိကြပြီး အဲ့ဒီအစွမ်းတွေကို အသုံးချ သူတို့တိုင်းပြည်တွေ ကမ္ဘာကြီးကို အန္တရာယ်ပြုမယ့် ရာဇဝတ်ကောင်တွေရန်က ကာကွယ်ကြရတယ်ဆိုတာကို ဆမ်သိလိုက်ရတဲ့အခါမှာတော့..။ဒစ်စနေကားပီပီ ဆယ်ကျော်သက်လူငယ်လေးတွေရင်ဆိုင်ရမယ့် ဘဝအလှည့်အပြောင်း၊ မိသားစု ပတ်ဝန်းကျင် အရွယ်ရောက်ချိန်မှာကြုံဆုံရတတ်တဲ့ ပြဿနာလေးတွေကို မီးမောင်းထိုးပြပြီး ပါဝါတွေ ကိရိယာအဆန်းတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါး ...
movie

Secret Society of Second Born Royals (2020)