Channel Myanmar

Phil Adams

Commando (1985)
Commando (1985) တောင်းဆိုနေကြတဲ့ အာနိုးကား တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၅ ခုနှစ်က Commando ဆိုတဲ့ဇာတ်ကားပါ။ သူရဲကောင်းဝါဒနဲ့ မင်းသားအသားပေးရိုက်ချက်တွေ ခေတ်စားတဲ့ကာလက ဇာတ်ကားဆိုတော့ မင်းသားက လေးလုံးပြူးလောင်ချာကြီးထမ်းပြီး လူအယောက် ၂၀ လောက် ဝိုင်းပစ်နေတဲ့ကြားကနေ ကားကားကြီးထရပ်ပြီး လမ်းလျှောက်နေတာမျိုးပေါ့။ဇာတ်လမ်းအကျဉ်းကတော့အာဏာရူး သမ္မတရူးတစ်ယောက်က သမ္မတလုပ်ချင်တာနဲ့ပဲ အမေရိကန်ကို လာပါသတဲ့။ သူ့ရဲ့နိုင်ငံက ဇာတ်လမ်းထဲမှာပဲရှိတယ်။ ဘာတဲ့ ဗော်လ် ဗယ်ရ်ဒေး ဆိုလားပဲ။ အဲဒီနိုင်ငံက သမ္မတကို လုပ်ကြံဖို့ မင်းသားဆီ လာအပူကပ်တာပေါ့လေ။ သတ်ပေးပါနော် ကိုကို လို့ အပူကပ်တာမဟုတ်ဘူးနော်။ မင်းရဲ့ သမီးကို ငါတို့ဖမ်းထားတယ်။ သူ့ကို မသေစေချင်ရင် လက်ရှိသမ္မတကို လုပ်ကြံပြီး ငါ့ကို သမ္မတမြောက်ပေး ဘာညာပေါ့ဗျာ။ကျွန်တော်တို့ အာနိုးကြီးက ဂဂျိုးဂဂျောင်ကောင်မှ မဟုတ်ဘဲဗျာ။ သူ့သမီးကို ဖမ်းသွားတဲ့သူတွေ သေခြင်းဆိုးနဲ့သေအောင် လိုက်သတ်တာများ စူပါမန်းထက်မိုက်တယ်။ သိတဲ့အတိုင်းပဲ။ တုတ်ပြီးဓားပြီး သေနတ်ပြီးတဲ့ ကာနယ်ကြီး ...
movie

Commando (1985)

Raw Deal(1986) 5.7
Raw Deal(1986) Raw Deal(1986)============== မာဖီးယားဂိုဏ်းကြီးတခုရဲ့ အမှုမျက်မြင်သက်သေ ကိုကာကွယ်ရင်းသေဆုံးသွားတဲ့ သားဖြစ်သူအတွက် လက်စားခြေဖို့ ကြိုးစားနေတဲ့အရာရှိကြီး ဟယ်ရီရှန်နွန် သက်ငယ်မုဒိမ်းမှု တရားခံကို ကြမ်းတမ်းစွာဖမ်းဆီးမှုနဲ့ ရာထူးချခံလိုက်ရပြီး နယ်မြို့လေးမှာ အရက်စွဲနေတဲ့ဇနီးဖြစ်သူနဲ့ နေထိုင်ရင်း စိတ်ဓာတ်ကျနေတဲ့ နယ်ထိန်း ကာမင်စကီ(အာနိုး)အဲ့ဒီနှစ်ယောက်ပူးပေါင်းမိပြီး အရာရှိတွေပါအိပ်ထဲထည့်ထားနိုင်တဲ့ချီကာဂိုမြို့ရဲ့အကြီးဆုံးမာဖီးယားဂိုဏ်းကြီး ထဲမှာ သူလျှိုအဖြစ်ဝင်ရောက်ကာ ဖျက်ဆီးဖို့ကြိုးစားကြပုံတွေကို ၁၉၈၀ခေတ်ကာလက‌ဇာတ်ကားဟောင်းလေးတွေ အမှတ်တရ ပြန်လည်ကြည့်ရှုလိုသူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်..(Arnold Schwarzenegger (အားနိုး)  ငယ်ဘဝ ရဲ့  ပုံရိပ်လေးတွေကိုဒီကားမှာ ပြန်လည် ခံစားလို့ ရမှာ ဖြစ်ပါတယ်)  File size…1.25GB / 518MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chit Min Thu
movie

Raw Deal(1986)

Kelly’s Heroes (1970) 7.6
Kelly’s Heroes (1970) Kelly's Heroes (1970)~ IMDb - 7.6/10, Rotten Tomatoes - 78%~စစ်ကားဗျ စစ်ကား... စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ...
movie

Kelly’s Heroes (1970)

1970