Channel Myanmar

Phyllis Somerville

The Curious Case of Benjamin Button (2008)
The Curious Case of Benjamin Button (2008)  အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှု‌တွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘ‌ဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်‌တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ ‌မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie

The Curious Case of Benjamin Button (2008)

Bringing Out the Dead(1999) 7.0
Bringing Out the Dead(1999) Bringing Out the Dead(1999)***************************IMDb...7.0,,,Rotten Tomatoes 73% Psychology ဆိုတာလူတိုင်းနဲ့ဆက်စပ်နေပါတယ် လူတယောက်ရဲ့ ဝန်းကျင်အသိုင်းဝိုင်းနေထိုင်မှု အလုပ် သူ့ရဲ့ background စတာတွေအပေါ်မှာ လိုက်ပြီးinfluence ဖြစ်တတ်ပါတယ်...ဖရန့်ပီရာစ့်ဆိုတဲ့ ဆေးဖက်အကူလုပ်သားတယောက်မှာအလုပ်ကပေးတဲ့ post traumatic disorder တွေ ခံစားနေရပါတယ်....ဆေးဖက်အကူဆိုတဲ့အတိုင်းပဲ သေသူတွေနဲ့ ခဏခဏထိတွေ့နေရတဲ့ အတွက်ဖရန့်တယောက်အိပ်မပျော်တာတွေ ကြောက်တာတွေထင်ယောင်ထင်မှားဖြစ်တာတွေ ဝိညာဥ်တွေကို မြင်တစ်ချက် မမြင်တစ်ချက်ဖြစ်တာနဲ့တစ်ချိန်လုံး အကြပ်ရိုက်နေပါတယ်...ဒီကားဟာ American psycho နဲ့ ခပ်ဆင်ဆင်ကားလို့တောင်ပြောရမယ် ...ရုပ်ရှင်ထဲက cast တွေဘာလုပ်လို့လုပ်နေမှန်း တစ်ခါတစ်ခါသူတို့ပြောတဲ့ပြောစကားတွေကဘာတွေပြောနေမှန်းကြည့်ရင်းနဲ့တင် ရူးကြောင်ကြောင်နိုင်ပါတယ်....ဒါပေမယ့် American psycho လိုတော့ ပြန်မဖြည်ချပဲ ဒီတိုင်းလေး လူကိုတောက်လျှောက်မွန်းကြပ်အောင် လုပ်ပြသွားတယ်..တစ်ချို့နေရာတွေမှာလည်း အဓိပ္ပါယ်၂ခွ ထွက်တဲ့ scene တွေ color tone တွေကိုလည်းကစားထားတာတွေ့တယ်..အဲ့တော့ ပြောရရင် ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပဲ ...ကိုယ့်စိတ်ထဲက deep down တစ်နေရာက ခံစားမှုကိုအခြေပြုပြီး ရတဲ့ ...
movie

Bringing Out the Dead(1999)

Stoker (2013) 6.8
Stoker (2013) Stoker (2013)~ IMDb - 6.8/10, Rotten Tomatoes - 70% ~ဒီနှစ်မှာ Decision to Leave နဲ့ ပြန်ပေါက်ခဲ့တဲ့ ကိုရီးယားဒါရိုက်တာကြီး ပတ်ချန်းဝုရဲ့ ဟောလိဝုဒ်မှာ ရိုက်ခဲ့တဲ့ကားပါ။ IMDb - 6.8/10 နဲ့ RT - 70% ဆိုတော့ rating တွေကတော့ ကောင်းမြဲပါပဲ။ ဒါပေမဲ့ ပတ်ချန်းဝုလို ဆရာ့ဆရာကြီးအနေနဲ့ဆိုရင်တော့ သိပ်မကောင်းလှဘူးပေါ့။ ဒီလိုအဖြစ်က ဖြစ်နေကျပါပဲ။ အာရှက ဂိဆရာတွေ ဟောလိဝုဒ်တက်ရိုက်လိုက်တိုင်းနီးပါးကို ဖြစ်နေကျ‌ပေါ့။ ဝေါင်ကာဝေးရဲ့ အနုဆုံးကားကလည်း သူဟောလိဝုဒ်တက်ရိုက်လိုက်တဲ့ကားပါပဲ။ ပတ်ချန်းဝုရဲ့ အနုဆုံးဆိုပေမဲ့လည်း ဒီရုပ်ရှင်က သူ့ဟာနဲ့သူတော့ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ Thriller ကားပီသစွာပဲ တစ်စတစ်စချင်း ဆွဲခေါ်သွားပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ ပတ်ချန်းဝုကားပီပီသသ မင်းသား မင်းသမီးတွေရဲ့ သရုပ်ဆောင်စကေးပြခွင့်ရတဲ့ကားဆိုလည်းမမှားပါဘူး။ ဘာလို့ဆို တစ်ကားလုံး လူများများစားစားမပါလှပဲ ...
movie

Stoker (2013)

2013
The Double (2013) 6.5
The Double (2013) The Double (2013) ဇာတ်လမ်းအညွှန်း*****************************Psycho/ Mystery ဆန်ဆန်ဇာတ်ကားမျိုးကို နှစ်သက်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ recommend ပေးပါတယ်နော်။ကုမ္ပဏီတစ်ခုမှာ ၇ နှစ်တာအလုပ်လုပ်ခဲ့ပေမယ့် လူရေးလူတာမသိသေးတဲ့ ဆိုင်မွန်ဂျိမ်းစ် …သူ့စကားဆိုရင် ဘယ်သူကမှ အဖက်မလုပ်ကြသလို လူရာလည်းမသွင်းကြတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပျောက်ဆုံးပြီး ရဲရဲဝံ့ဝံ့မပြောရဲမဆိုရဲရှာသူပေါ့။ စိတ်ဝင်စားနေတဲ့ကောင်မလေးကိုလည်း ချောင်းကြည့်ရုံကလွဲပြီး ဘာမှမလုပ်ရဲတဲ့ လူပျော့လူညံ့ကလေးပေါ့။ တစ်နေ့မှာတော့ သူတို့ကုမ္ပဏီကို သူနဲ့ချွတ်စွပ်တူတဲ့လူတစ်ယောက် ရောက်လာခဲ့တယ်။ ရုပ်ရည်က ချွတ်စွပ်ပေမယ့် အကျင့်စရိုက်တွေအားလုံးက ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါ ...အဲဒီလူက ဘယ်သူလဲဆိုတာကို ဆိုင်မွန်နဲ့အတူ အဖြေရှာကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ) File Size          :  (2.6GB), (788MB) & (400MB) Quality            : 1080p BluRay, 720p ...
movie

The Double (2013)

Lucky You (2007) 5.9
Lucky You (2007) Lucky you (2007) ============= IMDb - 5.9ကျောင်းမှာ ကျုပ်တို့တွေ ဖဲရိုက်ဖူးကြတယ်မို့လား။ ဖဲဟာ လူငယ်လူလတ်တွေနဲ့ မကင်းတဲ့အရာပါပဲ။ ကျုပ်ဆိုကျုပ်ဘကြီး ကျောင်းမှာ ဆရာတွေနဲ့ ကျောင်းအုပ်ကြီးဆော့တာကို ကြည့်ရင်း တတ်လာတာပဲ။အဓိကက ပိုကာဒေါင်းတယ်။ အဲ့ဒီတုန်းကတော့ Texas HoldEM Pokerကို ကျုပ်တို့ခေါ်တာရှိူးပေါ့။ Full Houseတွေ Straightတွေ Flushတွေ ဘာမှမသိဘဲ ရမ်းတုတ် မှန်းတုတ်ဆော့ခဲ့ကြရတယ်။ ဖဲသမားအစစ်တွေက ဖဲချိုးမကောင်းတော့ရင် ဖဲထုပ်အသစ်ဖောက်ကြတာဆိုတော့ ဖဲထုတ်အဟောင်းတွေ ကျွန်တော်တို့ဆီ တစ်ပုံကြီးပဲ။ အဲ့ဒီဖဲထုတ်တွေကို လောင်းကြေးလုပ်ဆော့ခဲ့ကြတာပေါ့။ ပျော်ဖို့တော့ အတော်ကောင်းခဲ့သား။‌ ဒီရုပ်ရှင်က ဇာတ်အိမ် မရှိသလောက် ဖြစ်နေပေမဲ့ ကောင်းကွက်တစ်ကွက်တော့ရှိတယ်။ တခြားအခန်း အာစွတ်ရုံလောက်ထည့်ထားပြီး အစအဆုံးကို ဖဲဝိုင်းတွေ ဖဲသမားတွေရဲ့ဗျူဟာတွေချည်း ထည့်ထားတယ်။ ပြောရရင် ရုပ်ရှင်က လူသစ်လေးတွေကို Texas HoldEM Poker ကစားတတ်အောင် သေချာ သင်ပေးထားတယ်။ ပွဲတိုင်းက ဖဲတိုင်းကိုမြင်အောင်ပြပြီး ဘယ်ဖဲက ဘယ်လိုနိုင်တယ်ဆိုတာပြထားတယ်။ ကျုပ်လည်း အောက်ကမှတ်ချက်ထုတ်ရှင်းထားတယ်။ ဖျော်ဖြေရေးကြည့်တဲ့ရုပ်ရှင်မှာ ကွင်းစကွင်းပိတ်တွေနဲ့ ရှင်းလင်းရေးလုပ်တာက အတော်ကကြိုးကကြောင် ...
movie

Lucky You (2007)

The Curious Case of Benjamin Button (2008) 7.8
The Curious Case of Benjamin Button (2008) အော်စကာဆု သုံးဆု ရရှိထားပြီး နာမည်ကျော်လူကြိုက်များတဲ့ ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေကလည်း ဘရက်ပစ် တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဘန်ဂျမင် ဘော့တွန်ဆိုတဲ့ ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကိုဖော်ပြထားတာပါ။ လူသာမန်တွေဟာ မွေးလာတယ် တဖြည်းဖြည်း အိုမင်းလာပြီး ကွယ်လွန်ရတာက ဓမ္မတာပါပဲ။ ဒါပေမယ့် ဘန်ဂျမင်ကတော့ ဒီလိုမဟုတ်ဘူး ထူးဆန်းတဲ့ ရောဂါကြောင့် မွေးလာကတည်းက လူအိုလေးတစ်ယောက် အနေနဲ့ မွေးလာပါတယ်။ သူအသက်ကြီးလာ လေလေ ပိုနုပျိုလာလေလေပါပဲ။ဒီအခါမှာ မတူညီတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့တွေကို ခံစားလာရပါတယ်။မွေးကတည်းက အမေဖြစ်သူကွယ်လွန်ပြီး အဖေဖြစ်သူရဲ့ စွန့်လွှတ်ခြင်းကို ခံရတဲ့ ဘန်ဂျမင်တစ်ယောက် ဒေစီ ဆိုတဲ့ မိန်းကလေး တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူတို့ရဲ့ အချစ်ရေးဟာ ထူးဆန်းနေမယ်ဆိုတာ သိပေမဲ့လည်း သူတို့ချစ်မိခဲ့ကျပါတယ်။ သူ့ရဲ့ ရောဂါက သူတို့ရဲ့ အချစ်ရေးအတွက် အနှောက်အယှက်ဖြစ်စေမလား …. ဒါမှမဟုတ် သူတို့ ချစ်ခရီးလမ်း အဆင်ပြေမှာလား… ဘန်ဂျမင်ရဲ့ ဘဝမှာ ဘာတွေ ကြုံခဲ့ရလို့ ဘာတွေ ...
movie

The Curious Case of Benjamin Button (2008)

2008
Little Children (2006) 7.5
Little Children (2006) Little Children (2006) IMDb - 7.5/10_____Rotten Tomatoes - 80%   လူအချင်းချင်း ချစ်ခင်တာကောင်းလား မုန်းတီးတာကောင်းလား................ လူအချင်းချင်း ချစ်ခင်တာမှန်သလား မုန်းတီးတာမှန်သလား .............................................................. အဖြေကတော့ လူတိုင်းသိမှာပါ လူအချင်းချင်း ချစ်ခင်ကြင်နာတာ ကောင်းပါတယ်ဒါပေမယ့် တကယ်ကတော့ အမှန်တရားဆိုတာ နှိုင်းယှဉ်ချက်ပါ....... ချစ်ခင်တယ်ဆိုတာလဲ နေရာတိုင်းမမှန်ကန်ပါဘူး ကိုယ်စီကိုယ်စီ ကာမပိုင်လင်မယားရှိနေလျှက်နဲ့ ထိုလူနှစ်ဦး ချစ်ခင်သွားတာဟာ အမှန်တရား မဟုတ်နိုင်ပါဘူး ဒါဆို မုန်းတီးမှုဘက်ကို ပြန်တွေးကြည့်မယ်ဆိုရင်လည်း " အသက်မပြည့်တဲ့ ၈နှစ် ၉နှစ်အရွယ် ကလေးသူငယ်တွေကို လိင်အဂါၤထုတ်ပြခဲ့တဲ့ အသက် ၄၈နှစ်အရွယ် ယောကျာၤးတစ်ယောက်ကို အမှန်ကိုသာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ရဲဝန်ထမ်းဟောင်းတစ်ယောက်က မုန်းတီးတာဟာ "အမှား "လို့ ပြောလို့မရပါဘူး ဒီဇာတ်ကားဟာ လူတွေမှာ ဖြစ်တတ်တဲ့ မှောင်မိုက်တဲ့မကောင်းစိတ် လူ့သဘာဝအကြောင်းကို ရိုက်ကူးပြထားပါတယ် ကိုယ့်မိန်းမ ကိုယ့်ယောကျာၤးကို မဖောက်ပြန်အောင် ကိုယ်လည်းသူတို့လို မမှားအောင် သင်ခန်းစာယူတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပါပဲဇာတ်ညွှန်းကို ပြောပြရမယ်ဆိုရင်တော့ Kate Winslet (ဆာရာ)ဟာ ၃နှစ်အရွယ် သမီးလေးရဲ့မိခင်ပါ သူ့ရဲ့အမျိုးသားက ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ပါတယ် အကြောင်းကြောင်းကြောင့် Patrick Wilson(ဘရတက်ထ့်)နဲ့ ဖောက်ပြန်မိပါတယ်။ သူမနဲ့ ဖောက်ပြန်တဲ့ ဘရတ်ထ့်ဟာ ဇနီးသည်နဲ့ ၃နှစ်အရွယ်ခန့် သားလေးနဲ့ ပျော်ရွင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်တဲ့သူပါ။ ထူးခြားတာကတော့ နှစ်ယောက်စလုံးဟာ ပညာတတ်တွေပါ။ ပညာတတ်တွေဖြစ်ရက်နဲ့ တဏှာရာဂရဲ့စွဲဆောင်မှုတွေကြောင့် စဉ်းစားဆင်ခြင်ဉာဏ်က မထိန်းကွပ်နိုင်တော့တဲ့အခါမှာ အမှားတွေ ကျူးးလွန်မိကြပါတော့တယ် နောက်ဆုံးမှာ နှစ်ယောက်သား ...
movie

Little Children (2006)

2006