Channel Myanmar

Pierre Gommé

Deerskin (2019) 6.6
Deerskin (2019)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 6.6/10အထိရရှိတားပြီး ဒါရိုက်တာ Quentin Dupieux ရိုက်ထူးထားပြီး၂၀၁၉ကထွက်ရှိထားတဲ့ Deerskinဆိုတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအကောင်းဆုံးရုပ်သံတည်းဖြတ်ဆု ပရိတ်သတ်က ရွေးချယ်မှုအများဆုံးဆုနဲ့ ဆန်ကာတင်စာရင်း ၁၁ဆုထိချိတ်ထားပါတယ်ဒီဇာတ်ကားမှာ ပြင်သစ်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်အကျော်အမော်တွေဖြစ်ကြတဲ့ မင်းသားJean Dujardin နဲ့ မင်းသမီး Adele Haenelတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းကဂျောချ့်ဆိုတဲ့ မိန်းမနဲ့ကွာရှင်းပြီး ခြေဦးတည့်ရာ ထွက်လာတဲ့လူတစ်ယောက် ဆီဆိုင်မှာ ဆီဝင်ဖြည့်ရင်း ဆိုင်တစ်ခုမှာ သားမင်သားရေစစ်စစ်နဲ့ လုပ်ထားပြီး သဘာဝလွန်စွမ်းအင်တွေနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ဂျက်ကတ်အင်္ကျီတစ်ထည်ကို ဝယ်လိုက်ိမပါတယ် ရောင်းတဲ့သူကလည်းဂျော့ချ်ကို ကျေးဇူးတင်လွန်းလို့ လက်ဆွဲဗီဒီယိုကင်မရာလေးတစ်လုံးပါအပိုအနေနဲ့ လက်ဆောင် ပေးလိုက်မိရာကနေ စပါတယ် နောက်တစ်နေ့ငွေသွားထုတ်တဲ့ အချိန်မှာတော့ ဂျော့ချ်တစ်ယောက် သူ့မိန်းမဖြစ်သူကဘဏ်စာရင်း ပိတ်လိုက်တာကို ခံလိုက်ရပါတယ် ဒီလိုနဲ့ ဂျောချ်တစ်ယောက်စိတ်ညစ်ညစ်နဲ့ ဘားတစ်ခုကိုသွားထိုင်မိရာကနေ ဒန်းနစ်ဆိုတဲ့ တည်းဖြတ်တာကိုဝါသနာပါတဲ့ အမျိုးသမီးတစ်ယောက်နဲ့ဆုံမိပြီး သူ့ကိုယ်သူ ရုပ်ရှင်ရိုက်တဲ့သူတစ်ယောက်ဖြစ်ကြောင်း သူဒီကိုရုပ်ရှင်ရိုက်ဖို့အတွက် လာလေ့လာဖြစ်ကြောင်း လိမ်ညာမိလိုက်ပါတယ် အဲ့ဒီနောက်မှာတော့ ...
movie

Deerskin (2019)

Apaches (2023) 5.4
Apaches (2023) Apaches (2023)"Apache" ဆိုတဲ့ စကားလုံးကတော့ ဇူနီဘာသာစကားမှာ ရန်သူ ဒါမှမဟုတ် လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း ပြင်သစ်လူမိုက်တွေအကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အဲလစ်၊ ပေါလ်နဲ့ ထရစ်ကီဆိုတဲ့ မိဘမဲ့ကလေးသုံးယောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးပြီး ပြန်လည်ထူထောင်နေကြရတဲ့အချိန်ပေါ့။ အဲလစ်တို့ကလည်း ဒီလိုအခြေအနေတွေမှာ လစ်ရင်လစ်သလို သူများပစ္စည်းတွေကိုလိုက်သုတ်တဲ့ သူခိုးလေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့ အပါချီလို့ခေါ်တဲ့ နယ်ခံဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က အဲလစ်တို့သုံး​ယောက်ကို ခြိမ်းခြောက်ပြီး ပစ္စည်းတွေလိုက်ခိုးခိုင်းတာပေါ့။ တစ်နေ့မှာတော့ အဲလစ်ရဲ့အစ်ကို ပေါလ်က သူဌေးမကြီးတစ်ယောက်ဆီကနေ သူ့ညီမ ပစ္စည်းကို ဂိုဏ်းဆီသွားမပေးဘဲ မလှိမ့်တပတ်လုပ်ပြီး တခြားပွဲစားဆီမှာသွားရောင်းစားပြီးတော့ အဲဒီကာလက ရွှေသီးသီးနေတဲ့ အမေရိကားကို ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲလစ်တို့သုံးယောက်ကို ဂိုဏ်းကမိသွားပြီး ပေါလ်ကအသတ်ခံရ၊ အဲလစ်လည်း ထောင်ထဲမှာတိုက်ပိတ်ခံလိုက်ရပါတယ်။အဲလစ်ဟာ ထောင်ထဲနေခဲ့ရတဲ့တစ်လျှောက်လုံး သူ့အစ်ကိုကို့လက်စားချေဖို့ ငြိုးတေးထားခဲ့ပါတယ်။ ၁၅ နှစ်အကြာ အဲလစ်တစ်ယောက် ...
movie

Apaches (2023)

2023