Channel Myanmar

Pierre Tessier

Pil’s Adventures (2021) 6.2
Pil’s Adventures (2021) Pil's Adventures (2021)တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို့ ထီးနန်းလွှဲပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖို့ကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို့ မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့  Maleficient ဆန်ဆန် မွေးစားအမေ‌နေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် ...
movie

Pil’s Adventures (2021)

2021
Bigfoot Family 2020 6
Bigfoot Family 2020 ဒီတစ်ခေါက်တော့ CM ပရိတ်သတ်ကြီးအတွက် Animation ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Bigfoot Family (2020)ပါ။ 2017 တုန်းက ထွက်ရှိခဲ့တဲ့ The Son of Bigfoot ဆိုတဲ့ Animation လေးရဲ့နောက်ဆက်တွဲအနေနဲ့ထွက်လာခဲ့တာပါ။ အသစ်စက်စက်ထွက်ရှိလာတဲ့ ဒီကားလေးရဲ့အကျဥ်းချုပ်ကိုလည်း အနည်းငယ်ပြောပြပါဦးမယ်။ ဒေါက်တာဟယ်ရီဆန်ဆိုတာက သုတေသန မတော်တဆမှုတစ်ခုကြောင့် ခြေထောက်ကြီးလူ၀ံဘ၀ကိုရောက်သွားရတဲ့ သုတေသနပညာရှင်တစ်ဦးပါ။ကြီးလာတဲ့ခြေထောက်နဲ့အတူတူ တခြားအစွမ်းတွေလည်းရရှိထားပါသေးတယ်။သူ့ရဲ့သားလေးဖြစ်သူ အက်ဒမ်ကတော့ ဖခင်ဆီက မျိုးဗီဇကိုဆက်ခံပြီး အပြေးမြန်ပြီးစွမ်းအားတွေရှိသူတစ်ဦးပေါ့။ တောနက်ထဲမှာပဲနေခဲ့တဲ့ ဒေါက်တာဟယ်ရီဆန်တစ်ယောက် လူ့အသိုင်းအ၀ိုင်းအလယ်ရောက်လာချိန်မှာ ဘစ်ဖုဒ်ဆိုရဲ့နာမည်ကျော် လူ၀ံတစ်ယောက်ဖြစ်လာပါတော့တယ်။ နာမည်ကြီးလာတာနဲ့အမျှ ဒေါက်တာဟယ်ရီဆန်ရဲ့ဆန္ဒကတော့ သူ့ရဲ့ကျော်ကြားမှုအစွမ်းတွေကို ကမ္ဘာကြီးကို ပိုပြီးကောင်းမွန်လာစေချင်တာပါ။ သူရဲ့အဲဒီဆန္ဒကြောင့် အလက်စကာမှာရှိတဲ့ ဂေဟဗေဒပျက်စီးနိုင်မှု အန္တရာယ်ကိုသွားစုံစမ်းရင်းနဲ့ နောက်ကွယ်မှာရှိတဲ့ဘာပြဿနာတွေကိုတွေ့လာရမလဲ?သူ့မိသားစုနဲ့ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ အဆုံးထိ မငြီးမငွေ့ကြည့်ရှုရမယ့်ကားလေးပါ။ စိတ်လှုပ်ရှားပျော်ရွှင်ပြီး မိသားစုနဲ့အတူတူကြည့်လို့ရမယ့် ဒီကားလေးရဲ့ နာမည်ကတော့ Bigfoot Family(2020)ပါ။CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။   File size… 1.3  Gb / 700 Mb Quality… webrip 1080p Format…mp4 Duration….01:29:00 Genre … Animation Subtitle….Myanmar Subtitle (Hardsub) Translated ...
movie

Bigfoot Family 2020