Channel Myanmar

Pilar Castro

Through My Window 3: Looking at You (2024) 5.5
Through My Window 3: Looking at You (2024)  ပြတင်းပေါက်ကျော်လာတဲ့ချစ်သူလေး တတိယကားထွက်ရှိလာပါပြီ....။လူငယ်ဆန်ဆန် စပိန်အချစ်ကားလေးဖြစ်ပြီး ရှေ့နှစ်ကားမှာလည်းပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကြောင့် အကြိုက်တွေ့ခဲ့ကြပါတယ်...။ဒီတစ်ခေါက်ဇာတ်ကားလေးထဲမှာရော စာရေးဆရာမလေးနဲ့ဝိုင်ဖိုင်ခိုးသုံးတဲ့သူဌေးသားလေးတို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရဦးမှာပါ။ဒုတိယကားမှာတုန်းက Long Distance Relationshipဖြစ်သွားလို့ပြတ်စဲသွားခဲ့ကြတဲ့ ရာကဲနဲ့အာရိစ်ဟာ ဒီဇာတ်လမ်းအစမှာတော့ကိုယ်စီကိုယ်စီပိုင်ရှင်အသစ်တွေရှိနေကြပါပြီ။ခရစ်စမတ်ကျောင်းပိတ်ရက်ကိုရောက်တော့ အာရိစ်ဟာလက်ရှိရည်းစားအသစ်နဲ့အတူ မွေးရပ်မြေကိုပြန်လာတော့ အရင်လိုပဲရာကဲကိုပြတင်းပေါက်လေးကကျော်ပြီး မြင်တွေ့နေရဆဲပါ။ပိုင်ရှင်ကတော့ ကိုယ်မဟုတ်တော့ဘူးပေါ့...။သို့ပေမဲ့ လူတိုင်းရဲ့ဘဝမှာ မမေ့ပစ်နိုင်တဲ့ ရည်းစားဟောင်းတစ်ယောက်တော့ ရှိကြစမြဲပါ။အခုဆိုရင် ရာကဲရော အာရိစ်ပါ တစ်ယောက်ကိုတစ်ယောက်မမေ့နိုင်ဖြစ်ကာ ပြတင်းပေါက်လေးကနေသာ လှမ်းမျှော်ကြည့်နေရပါတော့တယ်။အချစ်ကြီးချစ်ခဲ့ကြတဲ့သူတို့နှစ်ဦးရဲ့အချစ်က ဒီလိုပဲအဆုံးသတ်သွားမှာလား...ဒါမှမဟုတ် ပြတင်းပေါက်လေးကကျော်ပြီး ဇာတ်လမ်းသစ်ကိုတစ်ဖန်ပြန်စကြမလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါတော့ဗျာ...။လူငယ်အချစ်ကားဖြစ်တာကြောင့် sexအခန်းများစွာပါဝင်တဲ့အတွက်မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါခင်ဗျာ။ File size…1.38GB / 640MB Quality…WEB-DL 1080p5.1CH  / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Through My Window 3: Looking at You (2024)

Through My Window: Across the Sea(2023) 6.7
Through My Window: Across the Sea(2023) Through My Window: Across the Sea(2023)***************************************** Wifiတစ်ခုအစပြုပြီး ဖြစ်ပေါ်လာတဲ့ အချစ်ရေးကိုပုံဖော်ထားတဲ့ Trough My Windowဟာဒုတိယတစ်ကားထွက်ရှိလာပါပြီ။ ပထမတစ်ကားမှာတော့ ပေါ့ပေါ့ပါးပါးလူငယ်အချစ်ကားဖြစ်တာနဲ့အညီပရိတ်သတ်အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒုတိယတစ်ကားမှာရော ဘယ်လိုတွေ ဇာတ်လမ်းဆက်ထားမလဲ... ဘယ်အချစ်ရေးမဆို အစပိုင်းတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေတာချည်းပါပဲ။ ‌နောက်တော့မှသာ ကိုယ်မသိတဲ့သူ့အကျင့်စရိုက်ပေါ်လာတာတွေ၊ မိသားစုအခြေအနေ၊ပတ်ဝန်းကျင်အခြေအနေ စတာတွေကြောင့် အစပိုင်းလောက်တော့ ပျော်ရွှင်စရာအတိဘယ်ဟုတ်ပါတော့မလဲ။ Raquelနဲ့ Aresတို့ရဲ့အချစ်ရေးမှာလဲ ပျားရည်ဆမ်းတဲ့ အချစ်ခရီးလမ်းအစပြီးနောက်မှာစိန်ခေါ်မှုတွေ ကြုံတွေ့ရပါတော့တယ်။ Aresဟာ Raquelရဲ့ ဖျောင်းဖျမှုနဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာဆေးကျောင်းသွားတက်ပါတယ်။ အထက်တန်းကျောင်းကနေ တက္ကသိုလ်ဘဝကို ကူးတဲ့အချိန်ကထင်သလောက်မလွယ်ကူတဲ့အပြင် နိုင်ငံရပ်ခြားမှာ ကျောင်းတက်ရတာက ပိုလို့တောင်ခက်ခဲပါသေးတယ်။အခုခေတ်လို ပေါပေါပဲပဲရနေတဲ့ အချစ်တွေကြားမှာ long distance relationship ကလည်း နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ပဲပေါ့။ကျောင်းပိတ်ရက်ရောက်လို့ Aresအိမ်ပြန်လာတဲ့အချိန်မှာ သူတို့ကြားကဝေးကွာမှုဟာ အချစ်စစ်တစ်ခုကို စမ်းသပ်မှုဖြစ်လာတဲ့အခါ.... လူငယ်အချစ်ကားဖြစ်တာကြောင့် sexအခန်းများစွာပါဝင်တဲ့အတွက်မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါခင်ဗျာ။File Size          : ...
movie

Through My Window: Across the Sea(2023)

Love at First Kiss (2023) 5.7
Love at First Kiss (2023) Love at First Kiss (2023)ဘဝမှာ supernatural ability တစ်ခုသာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် အနာဂတ်ကိုကြိုမြင် ကြိုသိနေချင်ပါတယ်ဆိုတဲ့လူတွေ ရှိနေမှာပါ။ ဒါပေမဲ့ တကယ်တမ်းအားလုံးကိုကြိုသိနေရခြင်းက တကယ်ပဲကောင်းတာဟုတ်ရဲ့လား။ ဇာတ်သိမ်း Spoil မိသွားတဲ့ ရုပ်ရှင်တစ်ခုတောင် ကြည့်ရတာအရသာပျက်သွားပြီဆိုရင် ဇာတ်သိမ်းကိုကြိုမြင်နေရတဲ့ ဘဝတစ်ခုကရော.....မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းတစ်ပွင့်ခြွေဖူးရုံနဲ့တင် ဒီမိန်းကလေးနဲ့သူရဲ့ အချစ်ဇာတ်လမ်းကို မြင်နိုင်တဲ့ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားတဲ့ဟာဗီယာ၊ အနာဂတ်ရှေ့ရေးကို အမြဲကြိုမြင်နေတဲ့ဟာဗီတစ်ယောက် အဆင်မပြေနိုင်မှန်းသိနေတဲ့ RS တွေကို ဘာမပြောညာမပြောနဲ့ သစ်စိမ်းချိုးချိုးလေ့ရှိပါတယ်။ ဒီတော့ ဟာဗီကိုယ်တိုင်လည်း Commitment ဆိုတာကို ကြောက်လာသလို မိန်းကလေးတွေကြားမှာလည်း လူရှုပ်လူပွေအဖြစ် နာမည်ဆိုးထွက်သူတစ်ယောက် ဖြစ်လာတော့တာပေါ့။ဘယ်မိန်းကလေးနဲ့နမ်းနမ်း သာယာတဲ့အနာဂတ်ကိုမမြင်ရလို့ စိတ်ပျက်နေတဲ့အပြင် အလုပ်ကပါအဆင်မပြေလို့ အရှုံးပေါ်နေပြန်လို့ အနုတ်ပြနေတဲ့ဟာဗီရဲ့ဘဝထဲကို အနမ်း ၂ ပွင့်နဲ့အတူ ဝင်ရောက်လာခဲ့တဲ့ မိန်းကလေး ၂ ယောက်၊ အဲဒီထဲကတစ်ယောက်တော့ ဟာဗီရဲ့အချစ်ဆုံးသူငယ်ချင်းရောဘတ်တိုရဲ့ချစ်သူဖြစ်တဲ့ လူစီယာနဲ့ နောက်တစ်ယောက်ကတော့ အမြဲတမ်းခံစားချက်တွေကို သိမ်းထားတတ်တဲ့ဟာဗီကို ရင်ဖွင့်လာအောင်လုပ်နိုင်ခဲ့တဲ့ လွတ်လပ်ပြီးပျော်ပျော်နေရတာကြိုက်တဲ့အေရီယာနာ။ ဘယ်တစ်ယောက်နဲ့ ဘယ်လိုအနာဂတ်တွေကို ဟာဗီမြင်လိုက်ပြီးတော့ သူရွေးမဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ အားလုံးအ‌တူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ...
movie

Love at First Kiss (2023)

2023
Piggy (2022) 6.5
Piggy (2022) Piggy (2022)ဆိုက်ကို သည်းထိတ်ရင်ဖို ဇာတ်ကားကြမ်းကြမ်းလေးကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနေ့မှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ Piggy ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။နွေရာသီ ကျောင်းပိတ်ရက်မှာ ဆယ်ကျော်သက်အရွယ် ကောင်မလေး ဆာရာဟာ မိဘတွေရဲ့ အသားဆိုင်မှာပဲ နေပြီး အိမ်တွင်းပုန်းနေခဲ့တယ်။ အကြောင်းအရင်းကတော့ ဆာရာဟာ အင်မတန် ဝလွန်းတဲ့ ကောင်မလေးဖြစ်တာကြောင့် အပေါင်းအသင်းတွေကြား အလှောင်ခံ အနိုင်ကျင့်ခံရလို့ပါ။ အမေ ဖြစ်သူဆီကပါ မှိုချိုးမျှစ်ချိုး ပြောခံရတဲ့ ကလေးမလေးပါပဲ။ဒီလိုနဲ့ တစ်နေ့ မြို့ထဲက ရေကန်လေးတစ်ခုမှာ ဆာရာတစ်ယောက် ရေကူးနေချိန် ရိုစီ မာကာနဲ့ ကလောင်းဒီးရားဆိုတဲ့ ကောင်မလေး ၃ ဦးက ဆာရာ့ကို ပိုက်ကွန်နဲ့ ရေနစ်မလို ဖြစ်တဲ့အထိ အနိုင်ကျင့်ပြီး ဆာရာရဲ့ အဝတ်အစားအိတ်တွေ တဘက်တွေကို ယူသွားခဲ့တယ်။ ဆာရာတစ်ယောက် ဘီကီနီနဲ့ပဲ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတယ်။ဆာရာနဲ့ ရေကန်မှာ အတူတူရှိခဲ့ ယောက်ျားတစ်ဦးက ဆာရာကို ...
movie

Piggy (2022)

2022
Official Competition (2021)
Official Competition (2021) Official Competition (2021)2021 ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Rotten Tomatoes 86%၊ IMDb – 7.2 အထိ ရရှိထားတဲ့ Comedy/Drama ဇာတ်ကားအမျိုးစား ဖြစ်လို့ ကြည့်ရှု့ရကျိုးနပ်စေမှာပါ။ နာမည်ကြီး စပိန်မင်းသား Antonio Banderas လည်း ပါဝင်သရုပ်‌ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အသက် ၈၀ ရှိပြီဖြစ်တဲ့ သူ‌ဌေးကြီးတစ်ယောက်ဟာ သူ့ဘဝမှာ မှတ်တမ်းတင်နိုင်စရာ၊ လူတွေ မှတ်မိစေနိုင်တဲ့ တစ်ခုခုကို လုပ်ချင်တဲ့ စိတ်ကူးဖြစ်ပါတော့တယ်။ ထို့အတွက်ကြောင့် သူဟာ အကောင်းဆုံးရုပ်ရှင်ကား တစ်ကားကို ထုတ်လုပ်မယ်ဆိုပြီး နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ လိုလာ ကွေဗာ့စ် ကို ငှားရမ်းလိုက်ပါတော့တယ်။ လိုလာ‌ ကွေဗာ့စ်ဟာ ထူးချွန်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး သူမရဲ့ ရိုက်ကူးနည်းတွေဟာလည်း တမူထူးခြားပါတယ်။ လိုလာဟာ နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ ဖီးလစ်နဲ့ အီဗန်တို့ကို ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာတွေမှာ ပါဝင်စေပါတယ်။ မင်းသား ၂ ယောက် စရိုက်ချင်းလည်း မတူ၊ ...
movie

Official Competition (2021)

2021
Through My Window (2022) 5.5
Through My Window (2022) Through My Window (2022)=====================ဆယ်ကျော်သက် အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် သိပ်ကောင်းတဲ့ စပိန် ဇာတ်လမ်းလေးလာပါပြီဗျာ။ ခေတ်သစ် စင်ဒရဲလား ဇာတ်လမ်းလေးလို့ ပြောရလောက်တဲ့အထိကို ဇာတ်လမ်းလေးက ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့  Hidalgo Mansion မှာနေထိုင်တဲ့ ချမ်းသာတဲ့မိသားစုကြီး တစ်စုရှိပါတယ်။ အကြင်နာ မေတ္တာတွေကို ဘေးဖယ်ထားပြီး စီးပွါးရေးကို ရှေ့တန်းတင်တဲ့ လူချမ်း သာ မိသားစုတစ်စုပေါ့။ အဲဒီမိသားစုမှာမှ ရုပ်ချောချော ခပ်မိုက်မိုက် ညီအစ်ကိုသုံးယောက်ထဲက အလတ်ကောင် Ares Hidalgo ဆိုတဲ့ ကောင်လေး ရှိပါတယ် ဘေးမှာကတော့ Raquel ဆိုတဲ့ အိမ်နီးချင်းမလေး ရှိတာပေါ့လေ။ Raquel တို့ကတော့ သာမန်မိသားစုလေးတစ်စုပါပဲ။ သူမက အလတ်ကောင်ဖြစ်တဲ့ Ares ကို ကြိတ် သဘောကျနေခဲ့ရတာပါ။ ဒီလိုနဲ့ တစ်နေ့တော့ သူတို့နှစ်ဦး နီးစပ်ဖို့ အကြောင်းဖန်လာတာကတော့ wifi ပဲ ဖြစ်ပါတယ်။စင်ဒရဲလား ဇာတ်လမ်းမှာ မင်းသားလေးနဲ့ စင်ဒရဲလားကို နီးစပ်သွားစေတာက ဖန်ဖိနပ်လေးတစ်ရံဆိုရင် ဒီကားထဲမှာ သူတို့နှစ်ဦးကို ...
movie

Through My Window (2022)

2022
Advantages of Travelling by Train (2019) 6.5
Advantages of Travelling by Train (2019) Ratingကောင်းတွေရရှိထားတဲ့ စပိန်Mystery, Thrillerဇာတ်ကားတစ်ကားပါ။တစ်ကားလုံးခန့်မှန်းလို့မရတဲ့ဇာတ်လမ်းကြားမှာဖုံးကွယ်ထားတဲ့ဇာတ်လမ်းတွေထည့်ပြီး စပရိုက်တွေထထလုပ်ပါတယ်။အယ်ဒီတာအမျိုးသမီးတစ်ယောက် အိမ်ပြန်ရောက်တဲ့အခါသူ့ယောက်ျားဖြစ်သူရူးနှမ်းနေတာမြင်သွားတဲ့နောက်စိတ်ကျန်းမာရေးဆေးခန်းပို့ပြီးအပြန် ရထား‌ပေါ်မှာစိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ဆုံပြီးဆရာဝန်ကသူ့ကို စိတ်ဝင်စားစရာဇာတ်လမ်းတွေပြောပြပါတယ်။ဆရာဝန်မှာပဲစိတ်ဝင်စားစရာဇာတ်လမ်းတွေရှိတာမဟုတ်ပဲအမျိုးသမီးမှာလည်းဇာတ်လမ်းတွေနဲ့ပါ။ဘာဇာတ်လမ်းတွေလည်းဆိုတာ အရသာပေါ့သွားမှာစိုးလို့ မပြောတော့ပါဘူး။ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ။(ရွံစရာကောင်းတဲ့အခန်းနှစ်ခန်းလောက်ပါတာမို့ ရွံတတ်ရင်အစာစားရင်မကြည့်ပါနဲ့)ကြည့်ပြီးရင်အားရမယ့်ဇာတ်ကားတစ်ကားဆိုတာအသေအချာပါပဲ။စပရိုက်လုပ်မယ့်သူမရှိရင် ဒီကားကစပရိုက်လုပ်ပေးပါလိမ့်မယ်။ File Size : ( 967 MB , 286 MB) Quality : WEB-DL 720p Running Time : 1 hr 43 min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin 
movie

Advantages of Travelling by Train (2019)