Channel Myanmar

Pio Balbuena

[18+] Sitio Diablo (2022) 5.4
[18+] Sitio Diablo (2022) Sitio Diablo (2022)မနီလာမြို့ရဲ့ ဆင်းရဲသားရပ်ကွက်တွေဟာ မကောင်းမှုဒုစရိုက်တွေ လူဆိုးဂိုဏ်းတွေ ကြီးစိုးပြီး ကျင်လည်ကျက်စားတဲ့ နေရာတွေဖြစ်ပါတယ်။ အဲ့ဒီမှာမှ ဆီတိုဒယာဘလိုစ် ဆိုတဲ့ပင်မဂိုဏ်းကြီးကနေခွဲထွက်ပြီး အလူစထရာဒိုဆိုတဲ့ ဂိုဏ်းသစ်ကို ထူထောင်နေကြတဲ့ လူငယ်တစ်စုရှိပါတယ်။ အဲဒီဂိုဏ်းကို ဦးစီးနေတဲ့သူတွေကတော့ ဘူးလက်နဲ့အိုင်နာတို့စုံတွဲဖြစ်ပြီး အိုင်နာကတော့ မူလ ဆီတိုဒယာဘလိုစ်အုပ်စုရဲ့မျိုးဆက်သမီးငယ်ပါ။ခေတ်ကာလအားဖြင့်တော့ သူတို့မြို့တော်ရဲ့အာဏာအကူးအပြောင်း စပ်ကူးမတ်ကူးကာလဖြစ်ပြီး ရွေးကောက်ပွဲဝင်အမတ်လောင်းအသစ်က သူတို့ဂန်းစတားနယ်မြေတွေကို မက်လုံးပေးမဲဆွယ်နေပါတယ်။ အဲဒီအချိန်မှာပဲ ဆီတိုဒယာဘလိုစ်ရဲ့ဆက်ခံသူ၊ အိုင်နာရဲ့အစ်ကို တိုးနစ်စ်ဟာ ရဲတစ်ယောက်ရဲ့ညှိနှိုင်းမှုနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ နဂိုကတည်းက မငြိမ်းချမ်းတဲ့ နယ်မြေခွဲဝေမှုတွေ၊ အချင်းချင်းခွက်စောင်းခုတ်မှုတွေ ကွက်ကျော်ရိုက်မှုတွေနဲ့ သူတို့လောကထဲ တိုးနစ်စ်ပြန်ရောက်လာမှုဟာ နိမိတ်ဆိုးတစ်ခုဖြစ်ပြီး ပိုမိုမုန်တိုင်းထန်လာတော့မယ့် သဘောပါပဲ။မြင်နေကျကားတွေကနေ ခွဲထွက်ပြီး တစ်မူထူးခြားနေတဲ့ 18 အပေါင်း ဂန်းစတားနောက်ခံဇာတ်ကားသစ်ဖြစ်ပါတယ်။ ဖန်သားပြင်ထက်မှာ မမြင်ရတာကြာပြီဖြစ်တဲ့ AJ Raval, အဲဒီတုန်းက တက်သစ်စလေးတွေဖြစ်တဲ့ Kiko Estrada, Benz Sangalang တို့နဲ့အတူ အခုချိန်မှာထိပ်တန်းဖြစ်နေပြီဖြစ်တဲ့ ...
movie

[18+] Sitio Diablo (2022)

2022
5 in 1 (2022)
5 in 1 (2022) (18+) 5 in 1(2022)ကားနာမည်ကြားတာနဲ့တင် ဆွဲဆောင်မှုအပြည့်ရှိနေတာကတော့ ဒီဇာတ်ကားပါပဲဒီဖိလစ်ပိုင်ကားမှာတော့ Johnny Dick Jordi ဆိုတဲ့ ဘဲကြီးက 5 in 1 coffee ဆိုပြီး သောက်ဆန်းကြီးကို‌တည်ထောင်ပြီး ဥစ္စာပေါရုပ်ချောရေလျှံနေတဲ့ ဘဲကြီးတစ်ပွေဖြစ်ပါတယ်။ဒါပေမဲ့ ရေလျှံတဲ့ဘဲတွေထုံးစံအတိုင်းသူက ကော်ဖီကိုတင် 5 in 1 လုပ်ခဲ့တာမဟုတ်ပါဘူး ဒီလိုနဲ့ဖိလစ်ပိုင်ကျော်ကြီးတစ်ယောက် ကံဆိုးစွာနဲ့ ရောဂါကြောင့်ငယ်ငယ်ရွယ်ရွယ်သေဆုံးသွားချိန်မှာတော့ သူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုအမွေဆက်ခံဖို့ သူ့ရည်းစားဟောင်း ၅ ဦး ဖြစ်တဲ့ လာနာ ရို့စ်၊ မီယာ ကာလီဆာ၊ မာရီယာ အိုဆာကာ၊လက်ဆီ လောရိုက်စ်၊ ရီလေ ရတ်ပါဆိုတဲ့ ဆော်အလန်းလေးတွေကို သူ့အသုဘကို ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ထဲက ဘယ်သူကများ မစ္စတာ Dick ရဲ့ အမွေကိုဆက်ခံနိုင်မှာလဲ... ဒီလိုနဲ့ စားဘဲကြီးနဲ့ သူတို့ရဲ့အမှတ်တရအတိတ်နေ့ရက်လေးတွေကို ပြန်ပြောပြရင်း စားဘဲကြီးရဲ့ဆော် ၅ယောက်ကို တစ်ပြိုင်နက်ထဲဘယ်လို အ‌ကွက်ရွှေ့ပြီးတွဲသွားလဲ ဘယ်လိုတော်ကီတွေ tactics တွေသုံးသွားလည်းဆိုတာကို ညိုကီတို့နည်းနာယူရမှာပဲဖြစ်ပါတယ် ဒါပေမဲ့လည်း ‌စားဘဲကြီးဖြစ်ပေမဲ့ စားဖို့လောက်ပဲသိတဲ့ ဘဲကြီးလို့တော့မထင်လိုက်ပါနဲ့ ‌ အမျိုးသမီးတွေရဲ့ဘဝဒုက္ခကိုကူညီပေးရင်း အလင်းလမ်းကိုပြသတဲ့ ကျော်ကြီးရဲ့ဖြူစင်တဲ့နှလုံးသားကူညီတတ်ပုံတွေကိုလည်း မြင်တွေ့ရမှာပါဒါပေမဲ့ ...
movie

5 in 1 (2022)

Unforgettable (2019) 8.1
Unforgettable (2019) Unforgettable(2019)(unicode)ဒီတစ်ခါမှာ​တော့ IMDb rating 8.1 ထိ ရရှိထားတဲ့ ဖိလစ်ပိုင်ကား​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်။ဂျက်စမင်တို့ညီအစ်မ​တွေဟာ မိဘ​တွေဆုံးပါးသွားတဲ့ အချိန်တည်းက အဘွားဖြစ်သူလက်ထဲမှာ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ ​မွေးချင်းသုံး​ယောက်ရှိတဲ့ ဂျက်စမင်တို့မှာ သူ့အစ်မနှစ်​ယောက်က အိမ်​ထောင်ကျသွားတာမို့ သူတစ်​ယောက်သာ အဘွားလုပ်သူနဲ့ နယ်မြို့​လေးမှာ ကျန်​နေခဲ့ရပါတယ်။ တစ်​နေ့ အဘွားဖြစ်သူမှာ တီဘီ​ရောဂါရှိလာ​တော့ ​အဖျားကူးမှာစိုးတဲ့အတွက် သူ့ကို နယ်မြို့​လေးက​နေ အစ်မ​​တွေရှိရာ မနီလာမြို့ကို ပို့လိုက်ပါ​တော့တယ်။မနီလာ​ရောက်တဲ့ ဂျက်စမင်ဟာ ​ခွေး​လေးတစ်​ကောင်​မွေးစားလိုက်ပြီး ဟက်ပီး(happy)လို့အမည် ​ပေးခဲ့ပါတယ်။ အ​ကြောင်းက​တော့ သူ့အဘွားငယ်စဥ်က ​မွေးခဲ့တဲ့​ခွေး​လေးနာမည်ကလည်း ဟက်ပီး ဖြစ်လို့ပါပဲ။တစ်ရက်မှာတော့ ​ရောဂါမသက်သာတဲ့ သူတို့အဘွားကို ပြန်သွားကြည့်ရဖို့ ဖြစ်လာပါတယ်။ ဒါ​ပေမယ့် သူ့အစ်မ​တွေက ဂျက်စမင်ကို ​ရောဂါကူးမှာစိုးလိူ့ လိုက်ခွင့်လုံး၀မ​ပေးပါဘူး။ဒါနဲ့ပဲ အဘွားကိုချစ်တဲ့ ဂျက်စမင်တစ်​​ယောက် သူ့​ခွေး​လေး ဟက်ပီးနဲ့အတူ နယ်မြို့​လေးကို ခိုးပြန်ဖို့ ကြိုးစားရပါ​တော့တယ်။ရိုးသားပြီး သနားတတ်လွန်းတဲ့ ဂျက်စမင်တစ်​ယောက် လမ်းမှာ ဘယ်လိူအခက်အခဲ​တွေ ကြုံရမလဲ???? ပြီး​တော့ ဘယ်လိုလူ​တွေနဲ့ ကြုံရမလဲ???? သူ့​ခွေး​လေးကို ​ခေါ်လာတဲ့ ...
movie

Unforgettable (2019)

Miss Granny (2018) 8.0
Miss Granny (2018) Miss Granny (2018)_____IMDb - 8.0/10   ဒီတစ်ခေါက် Channel Myanmar ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ "Miss Granny" ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းပဲဖြစ်ပါတယ်...ဖိလစ်ပိုင်ဇာတ်လမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းပါ...ဒီဇာတ်လမ်းက 2014 မှာထွက်ခဲ့တဲ့ ကိုးရီးယားဇာတ်လမ်း "Miss Granny 2014" ကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်..ဇာတ်အိမ်ကောင်းပြီး တခဲနက်အောင်မြင်ခဲ့တာကြောင့် Chinese Version "20 Once Again"ဆိုပြီးတော့ 2015 မှာ ထွက်ရှိခဲ့ပါသေးတယ်...ဒီလောက် ကောင်းတဲ့ ဇာတ်လမ်းကို ဖိလစ်ပိုင်နာမည်ကျော် မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုရမှာပါအညွှန်း - ဖေလီဆိုတဲ့ အသက် ၇၀ ကျော်အမျိုးသမီးပါ...ဆံပင်ဖြူ သွားကျိုးပြီး ပါးရေနားရေတွေ တွန့်ကာ ခြေထောက်တွေလည်း မကောင်းတော့တဲ့ အရွယ်ပါ...ဖေလီမှာ သူဂုဏ်ယူရတဲ့ ဂုဏ်ထူးဆောင် သားလေးတစ်ယောက်ရှိပါတယ်...သူဟာ သူ့သားလေးက ဘယ်လောက်တော်ကြောင်း ဘယ်မှာ ပါမောက္ခဆိုပြီး တွေ့တဲ့သူတိုင်းကို အမြဲ ဂုဏ်ယူပြောဆိုတတ်ပါတယ်...အချိန်တန် ...
movie

Miss Granny (2018)

2018